Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စပါးလည်းစိုက်၊စစ်လည်းတိုက်တဲ့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့

စပါးစိုက်ဧကအလိုက်ကုန်ကျစရိတ်များနှင့် ရဲဘော်များ၏ ခဲယမ်းလက်နက် ကျည်ဆံလိုအပ်ချက်များအား ကူညီဖြည့်တင်းပေးကြသည့် ပြည်သူများအား အထူးကျေးဇူးတင်ဂုဏ်ပြုပြီး ဆက်လက်ထောက့်ပံ့ကူညီပေးကြရန် ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

(စပါးစိုက်နေ​ကြသော ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်များ၊ဓာတ်ပုံ-ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့)
(စပါးစိုက်နေ​ကြသော ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်များ၊ဓာတ်ပုံ-ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က ရဲဘော်များ စပါးစိုက်နေသည့်မြင်ကွင်းများအား ယမန်နေ့( သြဂုတ် ၁၄ရက်)က ထုတ်ပြန်ခဲ့သည်။

တပ်ဖွဲ့တွင်း စားနပ်ရိက္ခာဖူလုံရေး၊ အသေးသုံးလိုအပ်ချက်များအတွက် ရေရှည်စရိတ်ရရှိရေး၊စိုးမိုးနယ်မြေရှိကျေးရွာပြည်သူများနှင့် တသားတည်းစည်းရုံးရေး တည်ဆောက်ခြင်း၊ ရဲဘော်တစ်ဦးချင်းစီ၏ အခြေခံလူတန်းစားအသိနှင့်ကိုယ်ပိုင်စွမ်းဆောင်ရည် ရရှိစေခြင်း၊ အရေးပေါ်ကာလအတွင်း ကျေးရွာစစ်ရှောင်ပြည်သူများ၏ စားနပ်ရိက္ခါဖူလုံရေး စသောရည်ရွယ်ချက်များဖြင့် စပါးစိုက်ပျိုးနေကြခြင်းဖြစ်ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

စပါးစိုက်ဧကအလိုက်ကုန်ကျစရိတ်များနှင့် ရဲဘော်များ၏ ခဲယမ်းလက်နက် ကျည်ဆံလိုအပ်ချက်များအား ကူညီဖြည့်တင်းပေးကြသည့် ပြည်သူများအား အထူးကျေးဇူးတင်ဂုဏ်ပြုပြီး ဆက်လက်ထောက့်ပံ့ကူညီပေးကြရန် ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ