Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကော့ကရိတ်မြို့ ရဲစခန်းနှင့် စီးပွားရေးဘဏ် တိုက်ခိုက်ခံရ

“ရဲစခန်းနဲ့ စီးပွားရေးဘဏ်နဲ့က နီးတယ်။ ဝင်ပစ်တယ်လို့ ကြားတယ်။ လုံခြုံရေးဝန်ထမ်းတစ် ယောက်သေးတယ်လို့ သိရတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

(တိုက်ခိုက်ခံရသည့်ရဲစခန်းဘက်မှ မီးခိုးများထွက်နေသည်ကို တွေ့ရစဉ်၊ဓာတ်ပုံ - CJ)
(တိုက်ခိုက်ခံရသည့်ရဲစခန်းဘက်မှ မီးခိုးများထွက်နေသည်ကို တွေ့ရစဉ်၊ဓာတ်ပုံ - CJ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့ရဲစခန်းနှင့် စီးပွားရေးဘဏ်ကို PDFနှင့် မဟာမိတ်အဖွဲ့တစ်ဖွဲ့က ယနေ့ နံနက်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဝန်ထမ်းတစ်ဦးသေဆုံကြောင်း အဆိုပါ မြို့ခံများက ပြောသည်။

အထက်ပါတိုက်ခိုက်မှုမှာ ယနေ့(သြဂုတ် ၁၅ရက်) နံနက် ၁၁နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

“ရဲစခန်းနဲ့ စီးပွားရေးဘဏ်နဲ့က နီးတယ်။ ဝင်ပစ်တယ်လို့ ကြားတယ်။ လုံခြုံရေးဝန်ထမ်းတစ် ယောက်သေးတယ်လို့ သိရတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

တိုက်ခိုက်ခံရသည့် ရဲစခန်းလည်း မီးလောင်နေသည်ဟု ဒေသခံများက ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီထောက်တိုင်ဖြစ်သော ရဲစခန်းနှင့် စီးပွားရေးဘဏ်အား တိုက်ခိုက်သည့်အဖွဲ့တွင် PDF ပါဝင်ကြောင်းဒေသခံများက ပြောသော်လည်း အသေးစိတ်ကို မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

ဧပြီ ၁၇ရက်က ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြောက်ပိုင်းရှိ ရင်ကွဲတောင်အနီး၌ စစ်ကောင်စီ၏ အမှတ်(၅၅)ခြေမြန်တပ်မမှ အရာရှိများ စစ်ဆင်ရေးအစည်းအဝေးပြုလုပ်နေစဥ် တိုက်ခိုက်ခဲ့ခြင်းဟု အထက်ပါ ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

သတင်း

မြဝတီမြို့မှာ တော့ မြို့စောင့်တပ် ခလရ ၂၇၅ ဆုတ်ခွာလိုက်ရပြီး အဲဒီတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထိုင်းဘက်ကို တိမ်းရှောင်ဖို့ သောင်ရင်းမြစ်ကူး ချစ်ကြည်ရေးတံတားအမှတ် ၂ ဆီ ရောက်ရှိနေကြပါတယ်။

သတင်း

သင်္ဃန်းညီနောင်မြို့ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းနှင့် ခမရ(၃၅၇)တပ်ရင်းအား ယနေ့ ညနေပိုင်းတွင် သိမ်းပိုက်ရရှိပြီး မြို့အားသိမ်းပိုက်ရရှိသည့် အခြေအနေဖြစ်ကြောင်း လူထုနွေဦး၏ ကရင်စစ်ရေးသတင်းအရင်းမြစ်က ပြောသည်။