Connect with us

Hi, what are you looking for?

သတင်း

ပန်ဆိုင်းမြို့တွင် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ တိုက်ပွဲဖြစ်ပွား နေ

မူဆယ်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီကို မကြာခဏ တိုက်ခိုက်နေသည်။

ပန်ဆိုင်းမြို့
ပန်ဆိုင်းမြို့

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ပန်ဆိုင်းမြို့တွင် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့ ယနေ့နေ့လည်ပိုင်း၌ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

ပန်ဆိုင်း(ကြူကုတ်) နှင့် နမ့်တောင်းကြားတွင် ယနေ့(သြဂုတ် ၁၅ရက်)နေ့လည် ၁၂နာရီခန့်မှစ၍ တိုက်ပွဲဖြစ်နေခြင်းဖြစ်သည်။

” တိုက်ပွဲမှာ စစ်တပ်ထိတယ်ထင်တယ်။ ၁၀၅ မိုင်ကုန်းကနေ လက်နက်ကြီး ပစ်ကူပေးနေတယ်။ လမ်းသွားလမ်းလာကားတွေ အမြန်ပြန်ပြေးလာ ကြရတယ် “ဟု ဒေသခံတစ်ဦးက ပြောသည်။

နမ့်တောင်းရွာသည် ပန်ဆိုင်းနှင့်မူဆယ်မြို့ကြားတွင်ရှိပြီး စစ်ကောင်စီက မူဆယ်(၁၀၅) မိုင်ကုန်းမှ နေ၍ လက်နက်ကြီး ပစ်ကူပေးနေခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

မူဆယ်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီကို မကြာခဏ တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။