Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင် ရင်ပေါင်တိုင်ရွာတွင် စစ်ကောင်စီတပ်က အရပ်သား ၃၀ခန့်ကို သတ်ဖြတ်ဟု ဒေသခံပြော

စစ်ကောင်စီတပ်သည် ရင်ပေါင်တိုင်မှ ထွက်ခွာသွားပြီးနောက် ပထိုးသာရွာတွင်လည်း နေအိမ် ၇လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံ PDFက ပြောသည်။

(အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တွေ့ရစဉ်၊ဓာတ်ပုံ - CJ)
(အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တွေ့ရစဉ်၊ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင် ကျေးရွာသို့ စစ်ကောင်စီတပ်က ဩဂုတ် ၁၁ရက်တွင် လေကြောင်းမှ အင်အားသုံး ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ဒေသခံ ပြည်သူ ၃၀ခန့်သေဆုံးခဲ့ရကြောင်း သတင်းရသည်ဟု ယင်းမာပင်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF)တာဝန်ရှိသူ တစ်ဦးက ပြောသည်။

” အဲဒီဟာက ဒေသခံအရပ်သား ပြည်သူတွေ။ ပြောရမှာ စိတ်တောင်မကောင်းဘူး ၃၀လောက် အဲဒီလောက်အထိ တွေ့တယ်တဲ့။ ဘယ်လိုအခြေအနေမျိုးမှာ ထိခိုက်လဲဆိုရင် လျှပ်တပြတ် ဝင်ပြီး အပေါ်ကနေ ရဟတ်ယာဉ်နဲ့ ပစ်တယ်။ ပစ်တဲ့အချိန် တချို့ကရောက်ရာ နေရာမှာ ဝပ်တယ်ပေါ့။ အဲဒီအချိန်မှာ MI-17နဲ့ စကစတွေကို မြေပြင် ပေါ် ကို ချပေးတယ်။ ချပေးတော့ မြေပြင်ကလည်း ရောက်လာတယ် အပေါ်ကလည်း ပစ်ခတ်နေတယ်ဆိုတော့ အဲဒီမှာတချို့က ထွက်ပြေးကြတာ ၊ ထွက်ပြေးကြတဲ့အခါ ရဟတ်ယာဉ်ပေါ်က ပစ်တာရော အဲဒီမှာ ထိခိုက်ကျဆုံးကုန်ကြတယ်လို့ ထင်တယ်”ဟု ၎င်းက ဆိုသည်။

ထိုသို့သေဆုံးခဲ့ရသူများထဲတွင် PDF အချို့၊လူကြီး၊လူငယ်၊ကလေး၊အမျိုးသမီး၊အမျိုးသား အရွယ်စုံ ပါဝင်သည်ဟုလည်း ဒေသခံ PDF တာဝန်ရှိသူက ပြောသည်။

Public Service Announcement
Public Service Announcement

“ရွာသူရွာသားတွေအကုန်လုံး မဝင်နိုင်လောက် သေးဘူး။ မဝင်ရဲလောက်သေးဘူး။ သူတို့က နဖူးတွေ့ဒူးတွေ ပထမဆုံးတွေ့တာ။ အကြမ်းဆုံးတွေ့တာ။ အကြမ်းဆုံးတွေ့တော့ ဒေသခံ ပြည်သူတွေ သေဆုံးထားတဲ့ ရုပ်အလောင်းတွေရော နောက်တစ်ခါ ခိုင်းနွား၊ ကျွဲတွေ ၊ မြင်းတွေရော အများကြီးသေတာကိုး။ ဆိုတော့ ရွာထဲမှာ အနံအသတ်တွေထွက်ပြီးတော့ တော်တော်လေးကို မနက်ခင်းက အားတိုက် အင်တိုက် ရှင်းယူရတယ် ပြောတယ်။” ဟု ဒေသခံPDF တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွား၍ လက်ရှိတွင်ကျေးရွာအတွင်းရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း၊ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများအားလုံး ပြန်လည် ဝင်ရောက်နိုင်သည့် အခြေအနေမရှိသေးကြောင်း ၎င်းက ဆိုသည်။

“နောက်တစ်ခုက ရွာထဲမှာ ဘယ်သူပျောက်တယ် ဘယ်သူမရှိဘူးဆိုတဲ့ ဇစ်မြစ်က တော်တော်လေး လိုက်ယူမှ ရမယ်” ဟု ဒေသခံ PDF တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သည် ရင်ပေါင်တိုင်မှ ထွက်ခွာသွားပြီးနောက် ပထိုးသာရွာတွင်လည်း နေအိမ် ၇လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံ PDFက ပြောသည်။

စစ်ကောင်စီတပ် ရင်ပေါင်ရွာမှ ပြန်လည်ထွက်ခွာစဉ် ရင်ပေါင်တိုင်ရွာခံများကို ဖမ်းဆီးသွားသည် ဟု သိရကြောင်း ဒေသခံအချို့က ပြောကြားခဲ့သော်လည်း သီးခြားအတည်ပြုချက်မရသေးပေ။

ရင်ပေါင်တိုင်ရွာတွင် စစ်ကောင်စီတပ်များ ရောက်ရှိတပ်စွဲချိန် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များကလည်း တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များနိုင်ကြောင်း ဒေသ PDF တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။