Connect with us

Hi, what are you looking for?

သတင်း

ပုလဲနယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ် အနည်းဆုံး ၂၂ဦး သေ၊ ရဲဘော်ငါးဦးကျဆုံး

MRDA က တိုက်ခိုက်ခဲ့သော စစ်ကောင်စီ တပ်သည် သြဂုတ် ၁၁ ရက်ကစ၍ ရင် ပေါင်တိုင်၊ ပုထိုးသာနှင့် ရွာသစ်ကျေးရွာများတွင် ပြည်သူ့အိုးအိမ်များကို စိတ် ကြိုက် လုယူခိုးယူပြီး ဖျက်ဆီးလာခဲ့ခြင်းဟု ဆိုသည်။

(တိုက်ပွဲတစ်ခုမှ ပြန်လာသော ဗိုလ်နဂါးဦးဆောင်သောအဖွဲ့ကို ဒေသခံများက ကြိုဆိုနေစဉ်၊ပုံအဟောင်းကို အသုံးပြုထားပါသည်)
(တိုက်ပွဲတစ်ခုမှ ပြန်လာသော ဗိုလ်နဂါးဦးဆောင်သောအဖွဲ့ကို ဒေသခံများက ကြိုဆိုနေစဉ်၊ပုံအဟောင်းကို အသုံးပြုထားပါသည်)

▪️ အပြည့်အဝမကာကွယ်နိုင်ခဲ့သည့်အတွက်MRDA ဦး ဆောင်သူ ဗိုလ်နဂါးက ပြည်သူများအား တောင်းပန်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား အနည်းဆုံး ၂၂ဦး သေဆုံးပြီး ရဲဘော်ငါးဦးကျဆုံးခဲ့ကြောင်း မြန်မာ့တော်ဝင် နဂါးတပ်တော် (M.R.D.A)က ယနေ့ (သြဂုတ် ၁၅ ရက်) ထုတ်ပြန်သည်။

သြဂုတ် ၁၃ ရက် နေ့လည် ၂ နာရီ ၁၂ မိနစ်ခန့်တွင် ပုလဲမြို့နယ်၊ ရွာသစ်ကျေးရွာအနောက်ဘက်အနီးရှိ စစ်ကောင်စီတပ်ကို M.R.D.Aမှ ကင်းပုန်းဝပ်ဖြတ်တောက်ခဲ့ရာ စစ်ကောင်စီဘက်မှ သုံးဦးကို အင်အားလျှော့ချနိုင်ခဲ့ပြီး ရဲဘော်တစ်ဦး လက်ထိမှန် ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ထို့နောက် ယမန်နေ့ (သြဂုတ် ၁၄ ရက်) နေ့လည် ၁နာရီ မိနစ် ၂၀ ခန့်တွင် ပုထိုးသာနှင့် ရွာသစ်ကျေး ရွာမှ ပြည်သူ့အိုးအိမ်များကို ဖျက်ဆီး၍ထွက်လာသော စစ်ကောင်စီတပ်ကို ကမ္ဘားရပ်ကျေးရွာအရှေ့ဘက်အနီးတွင် စောင့်ကြိုဖြတ်တောက်ခဲ့ရာ စစ်ကောင်စီဘက်မှအနည်းဆုံး ၅ ဦးခန့် သေဆုံးကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

အလားတူ ထိုနေ့ ညနေပိုင်း ၃နာရီခွဲ ခန့်မှစ၍ ညနေ ၆ နာရီခန့်အထိ ကမ္ဘားရပ်ကျေးရွာနှင့် ထိန္နဲကျေးရွာအနီးတဝိုက်တွင် ထိတွေ့မှုအပြင်း အထန်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်သားအနည်းဆုံး ၁၄ ဦးခန့် သေဆုံးကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ပွဲတွင် MRDA ၏ စစ်ကြောင်းနှစ်ခု အနက် ရဲဘော်ငါးဦးမှာ ကျဆုံးခဲ့ရသည်။

MRDA က တိုက်ခိုက်ခဲ့သော စစ်ကောင်စီ တပ်သည် သြဂုတ် ၁၁ ရက်ကစ၍ ရင် ပေါင်တိုင်၊ ပုထိုးသာနှင့် ရွာသစ်ကျေးရွာများတွင် ပြည်သူ့အိုးအိမ်များကို စိတ် ကြိုက် လုယူခိုးယူပြီး ဖျက်ဆီးလာခဲ့ခြင်းဟု ဆိုသည်။

“အခုထိ ပုလဲ ဒေသတွင်း စစ်ရေးက လုံးဝ မငြိမ် သေးဘူး။နောက်ပြီး တိုက်ခံထားရတဲ့ စခ စစ် ကြောင်းက မုံသွင်ရွာမှာဘဲရှိနေပါသေးတယ်”ဟုပုလဲမြို့နယ်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယင်းထိတွေ့မှုများအတွင်း မြန်မာ့တော် ဝင်နဂါးတပ်တော်နှင့်အတူ ပါဝင်အားဖြည့်ကူညီခဲ့သောယင်းမာပင်ခရိုင်တပ်ရင်း(၁)၊ Royal Eagle တော်လှန်ရေးတပ်၊ ပုလဲJokerအဖွဲ့၊ အခြားသောဒေသခံတော်လှန်ရေးတပ်ပေါင်းစုများကို မြန်မာ့တော်ဝင်နဂါးတပ်တော်မှ အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြသည်။

ပြည်သူ့အိုးအိမ်စည်းစိမ်များကို ကာကွယ်နိုင်ရန် မြန်မာ့တော်ဝင်နဂါးတပ်တော်မှ ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စည်းလုံးစွာ အကောင်းဆုံးကြိုးစားသွားမည်ဖြစ်ကြောင်း ပြည်သူများအား ကတိပြုသည်။

ယခုတစ်ကြိမ် အပြည့်အဝမကာကွယ်နိုင်ခဲ့သည့်အတွက်လည်း MRDA ဦး ဆောင်သူ ဗိုလ်နဂါးက ပြည်သူများအား အနူးအညွတ်တောင်းပန်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။