Connect with us

Hi, what are you looking for?

သတင်း

ဂျပန်နိုင်ငံသား ဒါရိုက်တာကို လွှတ်ပေး ၊မပေး တရားရုံးအမိန့်ချပြီးမှ စစ်ကောင်စီစဉ်းစားမယ်

တိုရုကူဘိုတာဟာ တောင်ဒဂုံမြို့နယ် ဆန္ဒပြပွဲတစ်ခုမှာ ရုပ်သံမှတ်တမ်းတင်နေချိန် ဆန္ဒပြသူတွေနဲ့အတူ ဖမ်းခံရတာလည်းဖြစ်ပါတယ်။

ဂျပန်နိုင်ငံသား ဒါရိုက်တာကို လွှတ်ပေး ၊မပေး တရားရုံးအမိန့်ချပြီးမှ စစ်ကောင်စီစဉ်းစားမယ်
ဂျပန်နိုင်ငံသား ဒါရိုက်တာကို လွှတ်ပေး ၊မပေး တရားရုံးအမိန့်ချပြီးမှ စစ်ကောင်စီစဉ်းစားမယ်

ဖမ်းဆီးထားတဲ့ ဂျပန်နိုင်ငံသား လူငယ်ဒါရိုက်တာ တိုရုကူဘိုတာကို ပြန်လွှတ်ပေးဖို့တောင်းဆိုတာတွေနဲ့ပတ်သက်ပြီး တရားရုံးရဲ့အမိန့်ချတာကို စောင့်ကြည့်ဦးမယ် လို့ စစ်ကောင်စီ ဘက်က ဒီနေ့ညနေပိုင်းမှာ သတင်းထုတ်လာပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်က ရန်ကုန်တိုင်း ၊တောင်ဒဂုံ မြို့နယ်ထဲမှာ ဂျပန်နိုင်ငံသား တိုရုကူဘိုတာကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။

တိုရုကူဘိုတာဟာ စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲမှာပါဝင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) အပြင် ဗီဇာစည်းကမ်းချိုးဖောက်မှုတွေနဲ့ပါ စစ်ကောင်စီက တရားစွဲဆိုထားတာဖြစ်ပါတယ်။

တိုရုကူဘိုတာဟာ တောင်ဒဂုံမြို့နယ် ဆန္ဒပြပွဲတစ်ခုမှာ ရုပ်သံမှတ်တမ်းတင်နေချိန် ဆန္ဒပြသူတွေနဲ့အတူ ဖမ်းခံရတာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးထားတဲ့ တိုရုကူဘိုတာကို ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရက တောင်းဆိုထားပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ ရက်ပိုင်းက ဂျပန်လွှတ်တော်အမတ်တစ်ဦး မြန်မာနိုင်ငံကိုလာရောက်တဲ့ခရီးစဉ်အတွင်း စစ်ကောင်စီခေါင်းဆောင်နဲ့တွေ့ဆုံရာမှာ တိုရုကူဘိုတာလွတ်မြောက်ရေးအတွက် ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

စစ်တပ်အာဏာသိမ်း ကာစ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလအတွင်း ဂျပန်သတင်းထောက် ယူကီ ကီတာဇုမိကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး လေးလအကြာမှာ ပြန်လွှတ်ပေးခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။