Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ အဓမ္မဖမ်းဆီးထားသည့် ဂျပန်နိုင်ငံသားကို ပုဒ်မသုံးခုဖြင့် အမှုဖွင့်

အသက် ၂၀ အရွယ် ဂျပန်နိုင်ငံသား Tour Kubita သည် အလည်အပတ်ဗီဇာဖြင့် ထိုင်းနိုင်ငံမှတဆင့် မြန် မာနိုင်ငံသို့ ဇူလိုင် ၁ ရက်တွင် ဝင်ရောက်ခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီ အဓမ္မဖမ်းဆီးထားသည့် ဂျပန်နိုင်ငံသားကို ပုဒ်မသုံးခုဖြင့် အမှုဖွင့်
စစ်ကောင်စီ အဓမ္မဖမ်းဆီးထားသည့် ဂျပန်နိုင်ငံသားကို ပုဒ်မသုံးခုဖြင့် အမှုဖွင့်

ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့ ဆန္ဒပြပွဲတစ်ခုတွင် အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မဖမ်းဆီးခြင်းခံခဲ့ရသည့် ဂျပန်နိုင်ငံသား Toru Kubota ကို ပုဒ်မ ၅၀၅ (က)၊ Visa ဖောက်ဖျက်မှု၊ လဝကဥပဒေ ၁၃(၁) တို့ဖြင့် အမှုဖွင့်ခံထားရသည်။

ဇူလိုင် ၃၀ ညနေပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့သစ် တောင်ပိုင်းတွင် “အမှန်တရားကို အမှားတစ်ရာဖမ်းထားသည်” ခေါင်းစဥ်ဖြင့် ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် မှတ်တမ်းရုပ်သံရိုက်ကူးနေသည့် ဂျပန်နိုင်ငံသားတစ်ဦး အပါအဝင် ဆန္ဒပြလူငယ် ၄ဦး စစ်ကောင်စီ၏ အကြမ်းဖက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ ဂျပန်နိုင်ငံသားကို စစ်ကောင်စီက ဖမ်းဆီးထားခြင်းကို ဂျပန်အစိုးရက အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုထားသလို Toru Kubota အပါအဝင် ဆန္ဒပြလူငယ်များ အမြန်ဆုံးပြန်လွှတ်ပေးရန် ဂျပန်ရောက် မြန်မာနိုင်ငံသားများကလည်း ဆန္ဒပြတောင်းဆိုခြင်းများ ပြုလုပ်လျက်ရှိသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်တွင်း ၌ သတင်းမီဒီယာလွတ်လပ်ခွင့် မရှိတော့သည့်အတွက် စစ်ကောင်စီ၏ လုပ်ရပ်အပေါ် ရှုတ်ချကြောင်း ၊ ပြည်တွင်း၌ အဓိကလှုပ်ရှားနေသည့် CJs network အဖွဲ့တစ်ခုဖြစ်သည့် AAMIJ ၏ ဒါရိုက်တာတစ်ဦးဖြစ်သူ ကိုဟယ်ရီက ပြော သည်။

Public Service Announcement

Public Service Announcement

“ဒါဟာပိုပိုပြီး စိုးရိမ်စရာကောင်းတဲ့အခြေအနေပါ။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးထဲက သတင်းမီဒီယာလွတ်လပ်ခွင့် ဆိုတာမရှိတော့ဘူး။ လွတ်လပ်စွာပြောဆိုထုတ်ဖော်ခွင့်ဆိုတာ မရှိတော့ဘူး။ ဒါတွေက ငြင်းပယ်လို့မရတဲ့ သက်သေပဲ ကျွန်တော်တို့အနေနဲ့ စစ်ကောင်စီကို ရှုတ်ချပါတယ် “ဟု ကိုဟယ်ရီက ပြောသည်။

ဇူလိုင် ၃၀ရက်က ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း City Max အနီး လူ (၁၅)ဦးခန့်ပါဝင်သော ဆန္ဒပြမှုအား ဖုန်း၊ ကင်မယာတို့ဖြင့် မှတ်တမ်းတင်နေစဥ် ထိန်းသိမ်းလိုက်ကြောင်း စစ်ကောင်စီ​၏ ပြန်ကြားရေးက မီဒီယာအချို့အား ထုတ်ပြန်ထားသည်။

Tour Kubota သည် ဇူလိုင် ၂၉ရက်က ဆန္ဒပြပွဲတွင်ပါဝင်မည့်သူများကို ဆန္ဒပြမည့်နေရာသို့ ချိန်းဆိုခဲ့ကြောင်း ထွက်ဆိုသည်ဟု စစ်ကောင်စီပြန်ကြားရေးက ဆိုသည်။

ထို့ကြောင့် ၎င်းအား လဝက ဥပဒေ ၁၃ (က)၊ ဗီဇာစည်းကမ်းဖောက်ဖျက်မှု ၊ ၅၀၅ (က)တို့ဖြင့် အမှုဖွင့်နရားစွဲဆိုထားကြောင်း ထုတ်ပြန်သည်။ လဝကဥပဒေ ၁၃ (က) သည် အမြင့်ဆုံးထောင်ဒဏ် ငါးနှစ်အထိချမှတ်နိုင်ပြီး ပုဒ်မ ၅၀၅ (က)​မှာ ထောင်ဒဏ်နှစ်နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးဥပဒေတွင် ပြဌာန်းထားသည်။

အသက် ၂၀ အရွယ် ဂျပန်နိုင်ငံသား Tour Kubita သည် အလည်အပတ်ဗီဇာဖြင့် ထိုင်းနိုင်ငံမှတဆင့် မြန် မာနိုင်ငံသို့ ဇူလိုင် ၁ ရက်တွင် ဝင်ရောက်ခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။