Connect with us

Hi, what are you looking for?

သတင်း

နောက်နှစ်ရက်အတွင်း တိုင်းနဲ့ပြည်နယ် ၁၁ခုမှာ ရေကြီးနိုင်တယ်လို့သတိပေးထား

လတ်တလောမှာ ရန်ကုန်၊ မွန်၊ ကရင်အပါအဝင် တိုင်းနဲ့ပြည်နယ်တစ်ချို့မှာ ရေကြီးမှုဘေး၊ မြေပြိုမှုဘေးနဲ့ လေပြင်းဘေးအန္တရာယ်တွေ ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ပါတယ်။

နောက်နှစ်ရက်အတွင်း တိုင်းနဲ့ပြည်နယ် ၁၁ခုမှာ ရေးကြီးနိုင်တယ်လို့သတိပေးထား
နောက်နှစ်ရက်အတွင်း တိုင်းနဲ့ပြည်နယ် ၁၁ခုမှာ ရေးကြီးနိုင်တယ်လို့သတိပေးထား

ရခိုင်ကမ်းရိုးတန်းအနီး ဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းရဲ့အရှိန်ကြောင့် နောက်နှစ်ရက်အတွင်း တိုင်းနဲ့ပြည်နယ်(၁၁)ခုမှာ မိုးကြီးနိုင်ပြီး လေပြင်းတိုက်ခတ်နိုင်လို့ ရေကြီးမှုနဲ့ မြေပြိုမှုဘေးကို ကြိုတင်သတိပြုကြဖို့ မိုးဇလက အသိပေးထားပါတယ်။

ဒီကနေ့ မနက်(၅)နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ ရခိုင်ကမ်းရိုးတန်းအနီးမှာ လေပွေလှိုင်းတစ်ခုဖြစ်ပေါ်နေပြီး အဆိုပါလေပွေလှိုင်းဟာ ပိုမိုအားကောင်းလာကာ နောက်(၂၄)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ လေဖိအားနည်းရပ်ဝန်းအဖြစ်ကို ရောက်ရှိနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားတာပါ။

လေပွေလှိုင်းရဲ့အရှိန်ကြောင့် ဒီကနေ့ ဩဂုတ်(၁၈)ရက်ကနေ (၂၀)ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာ၀တီ၊ တနင်္သာရီတိုင်းနဲ့ ချင်း၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ မိုးကြီးတာနဲ့အတူ လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်ပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ လှိုင်းကြီးနိုင်တယ်လို့ မိုးဇလက ဆိုထားပါတယ်။

မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မိုးပြိုတာတွေစတဲ့ သဘာ၀ဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်နဲ့ မြစ်ငယ်ချောင်းငယ်အနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီးရေလျှံမှုကို ကြိုတင်သတိပြုနိုင်ဖို့ မိုးဇလက သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ပြည်တွင်းရေကြောင်းသွားလာရေးနဲ့ လေကြောင်းပျံသန်းရေးအနေနဲ့လည်း ကြိုတင်သတိပြုနိုင်ဖို့ စစ်ကောင်စီလက်အောက်ခံဌာနတစ်ခုဖြစ်တဲ့ မိုးဇလက အသိပေးနှိုးဆော်လိုက်တာဖြစ်ပါတယ်။

လတ်တလောမှာ ရန်ကုန်၊ မွန်၊ ကရင်အပါအဝင် တိုင်းနဲ့ပြည်နယ်တစ်ချို့မှာ ရေကြီးမှုဘေး၊ မြေပြိုမှုဘေးနဲ့ လေပြင်းဘေးအန္တရာယ်တွေ ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးပြီး ခါးလောက်နီးပါးထိ ရေမြုပ်နေတဲ့ နေရာမှာ ကျင်းပခဲ့တဲ့ ဖိလစ်ပိုင် မင်္ဂလာပွဲ တစ်ခုဟာ လူမှုကွန်ရက်ပေါ်မှာ လူပြောများနေပါတယ်။

သတင်း

နီပေါနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုမှာ ကလေးနှစ်ဦးကို လက်တွဲပြီး ပြေးလာရင်း အသက်ဘေးကနေ ကပ်လွတ်ခဲ့တဲ့ မိခင်တစ်ဦးရဲ့ ရင်ထိတ်စရာ အခြေအနေကို ဗီဒီယိုနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံက နာမည်ကျော် ဂရန်းကန်ညွန် (Grand Canyon) ချောက်ကြီးထဲမှာ ရုတ်တရက် ရေကြီးမှု တစ်ခုကြောင့် တောတောင် ခြေလျင်ခရီးသွား ၁၅ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

သတင်း

ရေဘေးကြုံနေတဲ့ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ လှေတစ်စီးရေစီး နဲ့ မျောပါတိမ်းမှောက်သွားလို့ အမျိုးသားတစ်ဦး ပျောက်ဆုံးနေပါတယ်။