Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာမိုးကြီးပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေ

တောင်ဒဂုံ ၊ ရွှေပြည်သာ၊လှိုင်သာယာ ၊အင်းစိန် မြို့နယ်တွေအပြင် တာမွေ၊မင်္ဂလာတောင်ညွှန့်၊တောင်ဥက္ကလာပ မြို့နယ်တွေမှာပါ ရေကြီးရေလျှံနေပါတယ်။

ရန်ကုန်မှာမိုးကြီးပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေ
ရန်ကုန်မှာမိုးကြီးပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေ

မနေ့ကညပိုင်းကစတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ရန်ကုန်က နေရာအများစုမှာ ဒီနေ့မနက်ပိုင်း ရေကြီးရေလျှံမှုတွေဖြစ်နေပါတယ်။

ရန်ကုန်ရဲ့အဓိကလမ်းမကြီး ဖြစ်တဲ့ ပြည်လမ်းမကြီးနဲ့ကမ္ဘာအေးဘုရားလမ်းမကြီးတို့ရဲ့အချို့နေရာတွေမှာပါ ရေလျှံမှုတွေဖြစ်နေတယ်လို့ ဖြတ်သန်းသွားလာခဲ့ကြသူတွေကပြောပြကြပါတယ်။

ရန်ကုန်မှာမိုးကြီးပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေ
ရန်ကုန်မှာမိုးကြီးပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေ

မြို့နယ်တွေမှာဆိုရင်လည်း ရပ်ကွက်တွေထဲက လမ်းတွေ ရေမြှုပ်တာ ၊နေအိမ်တွေထဲရေဝင်လာတာတွေဖြစ်ပေါ်နေပါတယ်။

တောင်ဒဂုံ ၊ ရွှေပြည်သာ၊လှိုင်သာယာ ၊အင်းစိန် မြို့နယ်တွေအပြင် တာမွေ၊မင်္ဂလာတောင်ညွှန့်၊တောင်ဥက္ကလာပ မြို့နယ်တွေမှာပါ ရေကြီးရေလျှံနေပါတယ်။

Public Service Announcement

Public Service Announcement

ရန်ကုန်မှာမိုးကြီးပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေ
ရန်ကုန်မှာမိုးကြီးပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေ

ယာဉ်အသွားအလာများတဲ့ ဝေဇယန္တာ လမ်းမရဲ့ လမ်းပိုင်းအချို့မှာ ရေကြီးနေတာကြောင့် ယာဉ်တွေပိတ်ဆို့နေတယ်လို့သိရပါတယ်။

ရန်ကုန်မှာမိုးကြီးပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေ
ရန်ကုန်မှာမိုးကြီးပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေ

ဒီရက်ပိုင်းအတွင်း မုတ်သုံလေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့အတွက် ရန်ကုန် ၊ရခိုင်နဲ့မွန်ပြည်နယ်တွေမှာ မိုးကြီးပြီးရေကြီးရေလျှံမှုတွေဖြစ်နိုင်တယ်လို့ NUG ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။