Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းပေါ် မိုင်းရှင်းလင်းရေးအဖွဲ့ ထပ်မံတိုက်ခိုက်ခံရ

ပဒေသာမိုင်း သုံးလုံး ကားပေါ်အရောက် ထပ်မံဖောက်ခွဲတိုက်ခိုက်ရာ ကားပေါ်နှင့်ကားဘေးရှိ စစ်ကောင်စီတပ်သား ၁၂ဦးခန့် နေရာတွင်ပင် လဲကျသွားကြောင်း PDF South Monywaက ပြောသည်။

(မုံရွာ-မန္တလေးလမ်းပေါ် ဖြတ်သန်းသွားသည့် အကြမ်းဖက်စစ်တပ် ယာဥ်တစ်စီးအား တွေ့ရစဉ်)
(မုံရွာ-မန္တလေးလမ်းပေါ် ဖြတ်သန်းသွားသည့် အကြမ်းဖက်စစ်တပ် ယာဥ်တစ်စီးအား တွေ့ရစဉ်)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပေါ် မိုင်းရှင်းလင်းရေး စစ်အုပ်စုအား ယမန်နေ့နံနက်ပိုင်းက ဒုတိယအကြိမ်မြောက် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း People’s Defence Force South Monywaက သတင်းထုတ်ပြန်သည်။

သြဂုတ် ၁၈ရက် နံနက် ၇နာရီ ၄၅မိနစ်ခန့်က မုံရွာ-မန္တလေးလမ်းမကြီး၏ မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် ပဒေသာမိုင်း သုံးလုံးအား ထပ်မံတွေ့ရှိ၍ တူးဖော်ကာ ဂျန်ပါကားပေါ်သို့ တင်ဆောင်ခဲ့သည်။

ပဒေသာမိုင်း သုံးလုံး ကားပေါ်အရောက် ထပ်မံဖောက်ခွဲတိုက်ခိုက်ရာ ကားပေါ်နှင့်ကားဘေးရှိ စစ်ကောင်စီတပ်သား ၁၂ဦးခန့် နေရာတွင်ပင် လဲကျသွားကြောင်း PDF South Monywaက ပြောသည်။

ထိခိုက်သွားသော စစ်ကောင်စီတပ်သားများအား လူနာတင်ယာဥ်ဖြင့် တင်ဆောင်သွားခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း PDF South Monywaက ပြောသည်။

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ PDF South Monywa အဖွဲ့ တာဝန်ရှိသူ Daung Karyanက

“ဒုတိယတစ်ခါက နောက်တစ်​နေရာကနေ ဒီကောင်တွေ မိုင်းတွေထပ်တွေ့ပြီး ထပ်ဖော်တာ ကြိုးတန်းလန်းနဲ့ ဂျန်ပါ ကားပေါ်တင်တာ ကားပေါ်ရောက်မှထခွဲလိုက်တာ။ ကားပေါ်ပါ စခများအပါအဝင် ကားဘေးပတ်လည်စခ စုစုပေါင်း၁၂ကောင်သေတယ်။ အများအပြားဒဏ်ရာရတယ်။ မျက်မြင်တွေ့ရှိချက်တွေရော အတွင်းသတင်းအရရောပါခင်ဗျာအဲ့နားမှာတွေမှာ သွေးတွေအိုင်ပေါက်သွားတယ်။”ဟု ပြောကြားသည်။

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ထိုစစ်ဆင်ရေးအား People’s Defence Force South Monywaနှင့်အတူ Monywa Ranger Group/Truth Army ၊Black Hunter People’s Task Force ၊Anyar Defence Force တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ၎င်းတို့က အသိပေးသည်။

ယနေ့နံနက်ပိုင်းကပင် မုံရွာ – ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီတပ်က PDF အဖွဲ့ မြှုပ်ထားသည့် ပဒေသာမိုင်း၃လုံးအား တွေ့ရှိသွားပြီး လက်ထဲ၌ ပေါက်ကွဲခဲ့ပြီး ငါးဦးသေဆုံးနိုင်ကြောင်း PDF- South Monywa သည် အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။