Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တိုက်ပွဲများပြင်းထန်နေသည့်အတွက် အင်းတော်-ကျောင်းကုန်းလမ်းပိုင်းအား အကန့်အသတ်မရှိ ယာယီပိတ်

ယနေ့(သြဂုတ် ၂၀ ရက်) ညပိုင်းကစ၍ ကုန်တင် ကား၊ခရီးသည်ကား၊ သုံးဘီးနှင့်မည်သည့်ကားများမဆို လုံးဝဖြတ်သန်းသွားလာခြင်းမပြုလုပ် ရန်လည်း အသိပေးသည်။

(အင်းတော်မြို့နယ်ရှိ စစ်ကောင်စီ၏ နဘားလမ်းဆုံဂိတ်ကို သြဂုတ် ၁၆ရက်တွင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ ဖျက်ဆီးနေစဉ်)
(အင်းတော်မြို့နယ်ရှိ စစ်ကောင်စီ၏ နဘားလမ်းဆုံဂိတ်ကို သြဂုတ် ၁၆ရက်တွင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ ဖျက်ဆီးနေစဉ်)

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေသည့်အတွက် အင်းတော်-ကျောင်းကုန်းလမ်းပိုင်းအား အကန့်အသတ်မရှိ ယာယီပိတ်ပင်ကြောင်း Indaw Revolution က ထုတ်ပြန်သည်။

ယနေ့(သြဂုတ် ၂၀ ရက်) ညပိုင်းကစ၍ ကုန်တင် ကား၊ခရီးသည်ကား၊ သုံးဘီးနှင့်မည်သည့်ကားများမဆို လုံးဝဖြတ်သန်းသွားလာခြင်းမပြုလုပ် ရန်လည်း အသိပေးသည်။

“မနက်ကတည်းက တိုက်ပွဲ ဖြစ်နေတယ်။တိုက်ပွဲသတင်းကတော့ ပြောပြလို့မရသေးဘူး။နှစ်ဖက် အကျအဆုံးရှိတယ်။အခု ညပိုင်းထိလည်း အခြေအနေက တင်းမာနေတုန်းလို့ ပြောရမယ် “ဟု အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
Public Service Announcement

ပြည်သူများ အန္တရယ်ကင်းစေရန်နှင့် တော်လှန် ရေးရဲဘော်များအတွက် အတားအဆီးမဖြစ်စေရန် ပြည်သူများအနေဖြင့် လမ်းပိုင်းဆိုင်ရာ တားမြစ်ချက်ကို လိုက်နာပေးရန် တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လက်ရှိစစ်ရေးအခြေအနေကြောင့်အင်းတော် – ဗန်းမောက်လမ်းပိုင်းကို ဆက်လက်ပိတ်ပင်ထားဆဲဟု ဆိုသည်။

ဇူလိုင်လကုန်ကစ၍ အင်းတော် – ဗန်းမောက်လမ်းပိုင်း အင်းတော်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နှင့် ဒေသကာကွယ်ရေးတပ် (PDF)များက တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။