Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲများပြင်းထန်နေသည့်အတွက် အင်းတော်-ကျောင်းကုန်းလမ်းပိုင်းအား အကန့်အသတ်မရှိ ယာယီပိတ်

ယနေ့(သြဂုတ် ၂၀ ရက်) ညပိုင်းကစ၍ ကုန်တင် ကား၊ခရီးသည်ကား၊ သုံးဘီးနှင့်မည်သည့်ကားများမဆို လုံးဝဖြတ်သန်းသွားလာခြင်းမပြုလုပ် ရန်လည်း အသိပေးသည်။

(အင်းတော်မြို့နယ်ရှိ စစ်ကောင်စီ၏ နဘားလမ်းဆုံဂိတ်ကို သြဂုတ် ၁၆ရက်တွင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ ဖျက်ဆီးနေစဉ်)
(အင်းတော်မြို့နယ်ရှိ စစ်ကောင်စီ၏ နဘားလမ်းဆုံဂိတ်ကို သြဂုတ် ၁၆ရက်တွင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ ဖျက်ဆီးနေစဉ်)

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေသည့်အတွက် အင်းတော်-ကျောင်းကုန်းလမ်းပိုင်းအား အကန့်အသတ်မရှိ ယာယီပိတ်ပင်ကြောင်း Indaw Revolution က ထုတ်ပြန်သည်။

ယနေ့(သြဂုတ် ၂၀ ရက်) ညပိုင်းကစ၍ ကုန်တင် ကား၊ခရီးသည်ကား၊ သုံးဘီးနှင့်မည်သည့်ကားများမဆို လုံးဝဖြတ်သန်းသွားလာခြင်းမပြုလုပ် ရန်လည်း အသိပေးသည်။

“မနက်ကတည်းက တိုက်ပွဲ ဖြစ်နေတယ်။တိုက်ပွဲသတင်းကတော့ ပြောပြလို့မရသေးဘူး။နှစ်ဖက် အကျအဆုံးရှိတယ်။အခု ညပိုင်းထိလည်း အခြေအနေက တင်းမာနေတုန်းလို့ ပြောရမယ် “ဟု အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
Public Service Announcement

ပြည်သူများ အန္တရယ်ကင်းစေရန်နှင့် တော်လှန် ရေးရဲဘော်များအတွက် အတားအဆီးမဖြစ်စေရန် ပြည်သူများအနေဖြင့် လမ်းပိုင်းဆိုင်ရာ တားမြစ်ချက်ကို လိုက်နာပေးရန် တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လက်ရှိစစ်ရေးအခြေအနေကြောင့်အင်းတော် – ဗန်းမောက်လမ်းပိုင်းကို ဆက်လက်ပိတ်ပင်ထားဆဲဟု ဆိုသည်။

ဇူလိုင်လကုန်ကစ၍ အင်းတော် – ဗန်းမောက်လမ်းပိုင်း အင်းတော်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နှင့် ဒေသကာကွယ်ရေးတပ် (PDF)များက တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။