Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကသာမှတက်လာသည့် စစ်ကောင်စီသင်္ဘောများကို ABSDFနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်း တိုက်ခိုက်

Mytel လျော့တိုက်လက်လုပ် ဒုံး(၁၄)လုံးဖြင့် တိုက်ခိုက်ခဲ့ရာ (၉)လုံးထိထိမိမိအောင်မြင်ခဲ့ပြီး နောက်ဆုံး သင်္ဘောကို ချက်ကောင်းထိမှန်ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီ​၏ သင်္ဘောတစ်စီးအား တွေ့ရစဉ်၊ ဓာတ်ပုံ - မြို့လှPDF
စစ်ကောင်စီ​၏ သင်္ဘောတစ်စီးအား တွေ့ရစဉ်၊ ဓာတ်ပုံ - မြို့လှPDF

စစ်ကိုင်တိုင်း ကသာမြို့နယ်မှ တက်လာသည့် စစ်ကောင်စီတပ်သင်္ဘောများကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်သားများဒီမိုကရက်တစ်တပ်ဦး (ABSDF)နှင့် ဒေသခံ ပြည်သူ့ကာကွယ် ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ကသာပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်သည်။

ယမန်နေ့(ဩဂုတ် ၁၈ရက်) နံနက် ၉နာရီခွဲတွင် စစ်ကောင်စီသင်္ဘော ၆စီးကို ABSDF မှ ဦးဆောင်၍ ကသာမြို့နယ် (ပကဖ)၊ ဒေသခံ LDF၊ ရပ်ကျေး ပကဖများ ပူးပေါင်းသည့် ကာကွယ်ရေးတပ်ပေါင်းစုများက စစ်ကောင်စီများ မထင်မှတ်သော နေရာမှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

Mytel လျော့တိုက်လက်လုပ် ဒုံး(၁၄)လုံးဖြင့် တိုက်ခိုက်ခဲ့ရာ (၉)လုံးထိထိမိမိအောင်မြင်ခဲ့ပြီး နောက်ဆုံး သင်္ဘောကို ချက်ကောင်းထိမှန်ခဲ့ကြောင်း ဖော်ပြထားသည်။

ကသာ(ပကဖ)မှ ရဲဘော်များအား တွေ့ရစဉ်
ကသာ(ပကဖ)မှ ရဲဘော်များအား တွေ့ရစဉ်

အဆိုပါ သင်္ဘောများကို စစ်ကောင်စီတပ်က လေကြောင်းမှ လုံခြုံရေး ယူပေးနေသည့် ကြားမှ အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟုထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ကသာ တစ်မြို့နယ်လုံး အတိုင်းအတာအနဖြင့် ရပ်ကျေး ပကဖ များဖွဲ့စည်းထားပြီး အခြေခံစစ်ပညာ သင်တန်းအပါတ်စဉ်(၇)အထိပေးပြီးဖြစ်၍ ရပ်ကျေးတိုင်း တွင် PDF/မဟာမိတ်များနှင့် တိုက်ပွဲဝင်နေပြီ ဖြစ်ကြောင်း ကသာပကဖက အသိပေးထားပြီး မြို့နယ်သူ/သား များအနေဖြင့် ရဲဘော်များကို လိုအပ်သည့် အကူအညီများ ကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။

ကသာမှ ဗန်းမော်မြို့သို့ဆန်တက်လာသည့် စစ်ကောင်စီ ရေယာဉ်အုပ်စုကို မြို့လှ PDFက လည်း ယမန်နေ့ နံနက် ၁၁နာရီခန့်တွင် လမ်းခုလတ်တစ်နေရာက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ သင်္ဘောများ ထိမှန်ခဲ့သည်ဟု မြို့လှ PDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။