Connect with us

Hi, what are you looking for?

သတင်း

ကသာမှတက်လာသည့် စစ်ကောင်စီသင်္ဘောများကို ABSDFနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်း တိုက်ခိုက်

Mytel လျော့တိုက်လက်လုပ် ဒုံး(၁၄)လုံးဖြင့် တိုက်ခိုက်ခဲ့ရာ (၉)လုံးထိထိမိမိအောင်မြင်ခဲ့ပြီး နောက်ဆုံး သင်္ဘောကို ချက်ကောင်းထိမှန်ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီ​၏ သင်္ဘောတစ်စီးအား တွေ့ရစဉ်၊ ဓာတ်ပုံ - မြို့လှPDF
စစ်ကောင်စီ​၏ သင်္ဘောတစ်စီးအား တွေ့ရစဉ်၊ ဓာတ်ပုံ - မြို့လှPDF

စစ်ကိုင်တိုင်း ကသာမြို့နယ်မှ တက်လာသည့် စစ်ကောင်စီတပ်သင်္ဘောများကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်သားများဒီမိုကရက်တစ်တပ်ဦး (ABSDF)နှင့် ဒေသခံ ပြည်သူ့ကာကွယ် ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ကသာပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်သည်။

ယမန်နေ့(ဩဂုတ် ၁၈ရက်) နံနက် ၉နာရီခွဲတွင် စစ်ကောင်စီသင်္ဘော ၆စီးကို ABSDF မှ ဦးဆောင်၍ ကသာမြို့နယ် (ပကဖ)၊ ဒေသခံ LDF၊ ရပ်ကျေး ပကဖများ ပူးပေါင်းသည့် ကာကွယ်ရေးတပ်ပေါင်းစုများက စစ်ကောင်စီများ မထင်မှတ်သော နေရာမှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

Mytel လျော့တိုက်လက်လုပ် ဒုံး(၁၄)လုံးဖြင့် တိုက်ခိုက်ခဲ့ရာ (၉)လုံးထိထိမိမိအောင်မြင်ခဲ့ပြီး နောက်ဆုံး သင်္ဘောကို ချက်ကောင်းထိမှန်ခဲ့ကြောင်း ဖော်ပြထားသည်။

ကသာ(ပကဖ)မှ ရဲဘော်များအား တွေ့ရစဉ်
ကသာ(ပကဖ)မှ ရဲဘော်များအား တွေ့ရစဉ်

အဆိုပါ သင်္ဘောများကို စစ်ကောင်စီတပ်က လေကြောင်းမှ လုံခြုံရေး ယူပေးနေသည့် ကြားမှ အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟုထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ကသာ တစ်မြို့နယ်လုံး အတိုင်းအတာအနဖြင့် ရပ်ကျေး ပကဖ များဖွဲ့စည်းထားပြီး အခြေခံစစ်ပညာ သင်တန်းအပါတ်စဉ်(၇)အထိပေးပြီးဖြစ်၍ ရပ်ကျေးတိုင်း တွင် PDF/မဟာမိတ်များနှင့် တိုက်ပွဲဝင်နေပြီ ဖြစ်ကြောင်း ကသာပကဖက အသိပေးထားပြီး မြို့နယ်သူ/သား များအနေဖြင့် ရဲဘော်များကို လိုအပ်သည့် အကူအညီများ ကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။

ကသာမှ ဗန်းမော်မြို့သို့ဆန်တက်လာသည့် စစ်ကောင်စီ ရေယာဉ်အုပ်စုကို မြို့လှ PDFက လည်း ယမန်နေ့ နံနက် ၁၁နာရီခန့်တွင် လမ်းခုလတ်တစ်နေရာက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ သင်္ဘောများ ထိမှန်ခဲ့သည်ဟု မြို့လှ PDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook