Connect with us

Hi, what are you looking for?

သတင်း

အင်းတော် – မော်လူး လမ်းပိုင်းကို ယနေ့နံနက်မှစတင် ပိတ်ထားကြောင်း အသိပေး

လမ်းပိတ်ထားခြင်းနှင့်ပတ်သက်ပြီး အချင်းချင်း ဆက်သွယ် သတိပေးကြရန် ဖော်ပြထားပြီး လမ်းပြန်ဖွင့်ပါက ပြန်လည်အကြောင်းကြားသွားမည်ဟုဆိုသည်။

(Indaw Revolutionမှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်)
(Indaw Revolutionမှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်)

▪️အင်းတော် – ကျောင်းကုန်းလမ်းတိုက်ပွဲ KIA/PDF ပူးပေါင်းတပ်မှ ရဲဘော် လေးဦးကျဆုံး၊ စစ်ကောင်စီတပ် ခြောက်ဦးသေ

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် အင်းတော် – မော်လူးကားလမ်းကို ယနေ့မနက်မှစ၍ ပိတ်ထားလိုက်ကြောင်း Indaw Revolution က ဖော်ပြသည်။

ယနေ့ နံနက် ၉နာရီမှစတင်၍ အကန့်အသတ်မရှိ ယာယီပိတ်မည်ဟု အသိပေးထားပြီး ကား၊ ဆိုင်ကယ်၊ သုံးဘီး မည်သည့်ယာဉ်မှ ဖြတ်သန်းသွားလာခြင်းမပြုရန် တောင်းဆိုထားသည်။

လမ်းပိတ်ထားခြင်းနှင့်ပတ်သက်ပြီး အချင်းချင်း ဆက်သွယ် သတိပေးကြရန် ဖော်ပြထားပြီး လမ်းပြန်ဖွင့်ပါက ပြန်လည်အကြောင်းကြားသွားမည်ဟုဆိုသည်။

မည်သည့်အတွက်ကြောင့် လမ်းပိတ်သည်ဆိုသည့်အချက်ကို ဖော်ပြထားခြင်းမရှိသော်လည်း အင်းတောမြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၂၀ရက်က အင်းတော် -ကျောင်းကုန်းလမ်းပိုင်းတွင်ထီးချိုင့်ဘက်မှ တက်လာသည့် စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်တို့ တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ခြောက်ဦး ကျဆုံးခဲ့ပြီး KIA/PDF ပူးပေါင်းတပ်မှ ရဲဘော် လေးဦး ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။