Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော် – မော်လူး လမ်းပိုင်းကို ယနေ့နံနက်မှစတင် ပိတ်ထားကြောင်း အသိပေး

လမ်းပိတ်ထားခြင်းနှင့်ပတ်သက်ပြီး အချင်းချင်း ဆက်သွယ် သတိပေးကြရန် ဖော်ပြထားပြီး လမ်းပြန်ဖွင့်ပါက ပြန်လည်အကြောင်းကြားသွားမည်ဟုဆိုသည်။

(Indaw Revolutionမှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်)
(Indaw Revolutionမှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်)

▪️အင်းတော် – ကျောင်းကုန်းလမ်းတိုက်ပွဲ KIA/PDF ပူးပေါင်းတပ်မှ ရဲဘော် လေးဦးကျဆုံး၊ စစ်ကောင်စီတပ် ခြောက်ဦးသေ

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် အင်းတော် – မော်လူးကားလမ်းကို ယနေ့မနက်မှစ၍ ပိတ်ထားလိုက်ကြောင်း Indaw Revolution က ဖော်ပြသည်။

ယနေ့ နံနက် ၉နာရီမှစတင်၍ အကန့်အသတ်မရှိ ယာယီပိတ်မည်ဟု အသိပေးထားပြီး ကား၊ ဆိုင်ကယ်၊ သုံးဘီး မည်သည့်ယာဉ်မှ ဖြတ်သန်းသွားလာခြင်းမပြုရန် တောင်းဆိုထားသည်။

လမ်းပိတ်ထားခြင်းနှင့်ပတ်သက်ပြီး အချင်းချင်း ဆက်သွယ် သတိပေးကြရန် ဖော်ပြထားပြီး လမ်းပြန်ဖွင့်ပါက ပြန်လည်အကြောင်းကြားသွားမည်ဟုဆိုသည်။

မည်သည့်အတွက်ကြောင့် လမ်းပိတ်သည်ဆိုသည့်အချက်ကို ဖော်ပြထားခြင်းမရှိသော်လည်း အင်းတောမြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၂၀ရက်က အင်းတော် -ကျောင်းကုန်းလမ်းပိုင်းတွင်ထီးချိုင့်ဘက်မှ တက်လာသည့် စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်တို့ တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ခြောက်ဦး ကျဆုံးခဲ့ပြီး KIA/PDF ပူးပေါင်းတပ်မှ ရဲဘော် လေးဦး ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

KIA ပူးပေါင်းတပ်များသည် ဖေဖော်ဝါရီ ၁၀ ရက်တွင် ဆင်ဘိုမြို့ကိုသိမ်းပိုက်ပြီးနောက် မြို့အနီးရှိ စစ်ကောင်စီတပ်ရင်း ခလရ(၁၄၁)ကို ထိုစဉ်ကတည်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။