Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်ထံမှ လွတ်မြောက်လာသည့် ဓားစာခံပြည်သူ ၆၇ဦး နေရပ်ပြန်နိုင်ရေး တန့်ဆည်(ပအဖ) ဆောင်ရွက်ပေးနေ

ဖမ်းဆီးခံခဲ့ရသည့် အဆိုပါအရပ်သား ပြည်သူများအား မြို့နယ်တော်လှန်ရေးအင်အားစုများက လူသားချင်းစာနာရေး အထောက်အကူများပေးလျက်ရှိပြီး နေရပ်ပြန်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးသည်။

တန့်ဆည်ဒေသတွင်း PDFအဖွဲ့ဝင်များအား တွေ့ရစဥ်၊ဓာတ်ပုံ-CJ
တန့်ဆည်ဒေသတွင်း PDFအဖွဲ့ဝင်များအား တွေ့ရစဥ်၊ဓာတ်ပုံ-CJ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင် စီက ဖမ်းဆီးခဲ့သော ဓားစာခံပြည်သူ ၆၇ဦးအား နေရပ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေကြောင်း တန့်ဆည် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(သြဂုတ်၂၄ ရက်) သတင်းထုတ်ပြန်သည်။

ယမန်နေ့ (သြဂုတ်၂၃) ညနေ ၅ နာရီခန့်က တန့်ဆည် မြို့နယ် အောင်ချမ်းသာကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရဟတ်ယာဉ်များဖြင့် ကျွန်းလှမြို့နယ်သို့ သယ်ဆောင်သွားခဲ့သည်။

အောင်ချမ်းသာကျေးရွာအတွင်း စစ်ကောင်စီမှ ဖမ်းဆီးထားသော ဓားစာခံပြည်သူ ၆၇ဦး ကျန်ရှိခဲ့သည်။ အဆိုပါ ၆၇ ဦးသည် ဒီပဲယင်းမြို့နယ်မှ ပြည်သူ ၄၂ ဦး၊ အရာတော်မြို့နယ်မှ ပြည်သူ ၁၂ ဦး၊ တန့်ဆည်မြို့နယ်မှ ပြည်သူ ၁၀ ဦးနှင့် ရေဦးမြို့နယ်မှ ပြည်သူ သုံးဦးဖြစ်ကြောင်း တန့်ဆည် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကြောင်းတစ်လျှောက်တွင် ဖမ်းဆီးခံပြည်သူများအား တိုက်ပွဲအတွင်း လူသားဒိုင်းအဖြစ် အသုံးပြုခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ ရိက္ခာပစ္စည်းသယ်ဆောင် ခိုင်းခြင်းစသည့် စစ်ရာဇ၀တ်မှုများအား ကျူးလွန်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံခဲ့ရသည့် အဆိုပါအရပ်သား ပြည်သူများအား မြို့နယ်တော်လှန်ရေးအင်အားစုများက လူသားချင်းစာနာရေး အထောက်အကူများပေးလျက်ရှိပြီး နေရပ်ပြန်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် တပ်မ(၉၉) လက်အောက်ခံ ခမရ (၁၁၃) မိတ္ထီလာတပ်ရင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူ အချို့သည် ၂၁ရက်ကြာသည်အထိ အကြမ်းဖက်စစ်တပ်အတွက် ရိက္ခာများ၊ လက်နက်ပစ္စည်းများ သယ်ယူထမ်းပိုးခြင်းများလုပ်ဆောင်ပေးခဲ့ရကြောင်း Taze News က ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။