Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်ထံမှ လွတ်မြောက်လာသည့် ဓားစာခံပြည်သူ ၆၇ဦး နေရပ်ပြန်နိုင်ရေး တန့်ဆည်(ပအဖ) ဆောင်ရွက်ပေးနေ

ဖမ်းဆီးခံခဲ့ရသည့် အဆိုပါအရပ်သား ပြည်သူများအား မြို့နယ်တော်လှန်ရေးအင်အားစုများက လူသားချင်းစာနာရေး အထောက်အကူများပေးလျက်ရှိပြီး နေရပ်ပြန်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးသည်။

တန့်ဆည်ဒေသတွင်း PDFအဖွဲ့ဝင်များအား တွေ့ရစဥ်၊ဓာတ်ပုံ-CJ
တန့်ဆည်ဒေသတွင်း PDFအဖွဲ့ဝင်များအား တွေ့ရစဥ်၊ဓာတ်ပုံ-CJ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင် စီက ဖမ်းဆီးခဲ့သော ဓားစာခံပြည်သူ ၆၇ဦးအား နေရပ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေကြောင်း တန့်ဆည် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(သြဂုတ်၂၄ ရက်) သတင်းထုတ်ပြန်သည်။

ယမန်နေ့ (သြဂုတ်၂၃) ညနေ ၅ နာရီခန့်က တန့်ဆည် မြို့နယ် အောင်ချမ်းသာကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရဟတ်ယာဉ်များဖြင့် ကျွန်းလှမြို့နယ်သို့ သယ်ဆောင်သွားခဲ့သည်။

အောင်ချမ်းသာကျေးရွာအတွင်း စစ်ကောင်စီမှ ဖမ်းဆီးထားသော ဓားစာခံပြည်သူ ၆၇ဦး ကျန်ရှိခဲ့သည်။ အဆိုပါ ၆၇ ဦးသည် ဒီပဲယင်းမြို့နယ်မှ ပြည်သူ ၄၂ ဦး၊ အရာတော်မြို့နယ်မှ ပြည်သူ ၁၂ ဦး၊ တန့်ဆည်မြို့နယ်မှ ပြည်သူ ၁၀ ဦးနှင့် ရေဦးမြို့နယ်မှ ပြည်သူ သုံးဦးဖြစ်ကြောင်း တန့်ဆည် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကြောင်းတစ်လျှောက်တွင် ဖမ်းဆီးခံပြည်သူများအား တိုက်ပွဲအတွင်း လူသားဒိုင်းအဖြစ် အသုံးပြုခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ ရိက္ခာပစ္စည်းသယ်ဆောင် ခိုင်းခြင်းစသည့် စစ်ရာဇ၀တ်မှုများအား ကျူးလွန်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံခဲ့ရသည့် အဆိုပါအရပ်သား ပြည်သူများအား မြို့နယ်တော်လှန်ရေးအင်အားစုများက လူသားချင်းစာနာရေး အထောက်အကူများပေးလျက်ရှိပြီး နေရပ်ပြန်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် တပ်မ(၉၉) လက်အောက်ခံ ခမရ (၁၁၃) မိတ္ထီလာတပ်ရင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူ အချို့သည် ၂၁ရက်ကြာသည်အထိ အကြမ်းဖက်စစ်တပ်အတွက် ရိက္ခာများ၊ လက်နက်ပစ္စည်းများ သယ်ယူထမ်းပိုးခြင်းများလုပ်ဆောင်ပေးခဲ့ရကြောင်း Taze News က ရေးသားထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။