Connect with us

Hi, what are you looking for?

သတင်း

မုံရွာတစ်ဖက်ကမ်း ညောင်ပင်ကြီးသစ်ကွင်း မီးလောင်နေ

သစ်ကွင်းနှင့်မနီးအဝေးရှိ ညောင်ပင်ကြီးရဲစခန်နှင့် မုံရွာဘက်ကမ်းမှ သေနတ်များပစ်ဖောက်နေကြောင်း ​ဒေသခံများက ဆိုသည်။

ဆားလင်းကြီးနယ် ညောင်ပင်ကြီးရဲစခန်းအား တွေ့ရစဥ်။ဓာတ်ပုံ - CJ
ဆားလင်းကြီးနယ် ညောင်ပင်ကြီးရဲစခန်းအား တွေ့ရစဥ်။ဓာတ်ပုံ - CJ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ချင်းတွင်းမြစ်တစ်ဖက်ကမ်း ညောင်ပင်ကြီးသစ်ကွင်းကျေးရွာ မီးလောင်မှုဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (သြဂုတ် ၂၄ ရက်) ည၉ နာရီခန့်က ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးသစ်ကွင်းရွာ မီးလောင်မှုဖြစ်ပွား‌နေခြင်းဖြစ်ပြီး မီးလောင်ရသည့်အကြောင်းရင်းကို မသိသေးကြောင်း ဒေသခံများက ပြောသည်။

သစ်ကွင်းနှင့်မနီးအဝေးရှိ ညောင်ပင်ကြီးရဲစခန်နှင့် မုံရွာဘက်ကမ်းမှ သေနတ်များပစ်ဖောက်နေကြောင်း ​ဒေသခံများက ဆိုသည်။

ညောင်ပင်ကြီးသို့ မုံရွာမြို့ရှိ စစ်ကောင်စီတပ်သည် ကမ်းနားမှ အိမ်စီးကား သုံးစီး၊ သံပြားကာကားနှစ်စီးဖြင့် ဇက်စီးကာ ကူးသွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး(ပ.က.ဖ)က အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်တပ်စွဲရာ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းနှင့် လက်ပန်းတောင်းတောင်ကြေးနီ စီမံကိန်းများအား ဒေသတွင်းPDF များက မကြာခဏ လာရောက်တိုက်ခိုက်ခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။