Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီပြည်တွင် ပြစ်မှုပေါင်း ၂၃၅ ခုကို ပြည်နယ်ရဲတပ်ဖွဲ့က တစ်နှစ်အတွင်း အရေးယူဆောင်ရွက်နိုင်ခဲ့

KSCC ၏ ကြီးကြပ်မှုဖြင့် ဖွဲ့စည်းထားသော ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (KSP)တည်ထောင်ခဲ့သည် မှာ ယနေ့ တစ်နှစ်ပြည့်မြောက်ခဲ့ခြင်း ဖြစ်သည်။

ကရင်နီပြည်တွင် ပြစ်မှုပေါင်း ၂၃၅ ခုကို ပြည်နယ်ရဲတပ်ဖွဲ့က တစ်နှစ်အတွင်း အရေးယူဆောင်ရွက်နိုင်ခဲ့
ကရင်နီပြည်တွင် ပြစ်မှုပေါင်း ၂၃၅ ခုကို ပြည်နယ်ရဲတပ်ဖွဲ့က တစ်နှစ်အတွင်း အရေးယူဆောင်ရွက်နိုင်ခဲ့

ပြည်သူလူထု၏ လူမှုဘဝလုံခြုံမှုကို ခြိမ်းခြောက်မှုပြုနေသော ပြစ်မှုပေါင်း ၂၃၅ ခုကို တစ်နှစ်အတွင်း ကရင်နီ(ကယား)ပြည်နယ် ရဲတပ်ဖွဲ့က အရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)က ယနေ့(သြဂုတ် ၂၅ ရက်) ထုတ်ပြန်သည်။

KSCC ၏ ကြီးကြပ်မှုဖြင့် ဖွဲ့စည်းထားသော ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (KSP)တည်ထောင်ခဲ့သည် မှာ ယနေ့ တစ်နှစ်ပြည့်မြောက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

အာဏာရှင်စနစ်ဟူသမျှ ဆန့်ကျင်တွန်းလှန်မည်ဟူသော ခိုင်မာသည့် ရပ်တည်ချက်နှင့်အတူ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့လုံခြုံရေးနှင့် ပြည်သူ့အကျိုးပြုဝန်ဆောင်မှုများပေးနိုင်ရန် KSP ကို ၂၀၂၁ သြဂုတ်၂၅ ရက်တွင် အကောင် အထည်ဖော်ခဲ့ခြင်းဟု ဆိုသည်။

လက်ရှိတစ်နှစ်တာကာလအတွင်း ဖက်ဒရယ်စနစ်ကိုအခြေပြုသည့် ပြည်သူ့ရဲတပ်ဖွဲ့အဖြစ်သို့ ဖြစ်ထွန်း တိုးတက်နေသည်ဟု KSCCက ရှုမြင်သည်။

လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စံချိန်စံညွှန်းများကိုလည်း လေးစားလိုက်နာလျှက် နေ့ထူးနေမြတ်များနှင့် အထိမ်းအမှတ်နေ့များတွင် အကျဥ်းသား ၆၀ကို ပြစ်ဒဏ်လျော့ပေါ့ပေးကာ လွတ်ငြိမ် ချမ်းသာခွင့်ပြုခဲ့ကြောင်းလည်း အသိပေးသည်။

ကရင်နီပြည်တွင် ပြစ်မှုပေါင်း ၂၃၅ ခုကို ပြည်နယ်ရဲတပ်ဖွဲ့က တစ်နှစ်အတွင်း အရေးယူဆောင်ရွက်နိုင်ခဲ့
ကရင်နီပြည်တွင် ပြစ်မှုပေါင်း ၂၃၅ ခုကို ပြည်နယ်ရဲတပ်ဖွဲ့က တစ်နှစ်အတွင်း အရေးယူဆောင်ရွက်နိုင်ခဲ့

စိန်ခေါ်မှု အခက်အခဲပေါင်းများစွာကို ကြံ့ကြံ့ခံရင်း တိုတောင်လှသည့် တစ်နှစ်တာအတွင်း ရဲတပ်ဖွဲ့၏ တစ်ဦးချင်းစီ၏ ကြိုးပမ်းအားထုတ်မှုကြောင့် စွမ်းရည်ပြည့်ဝသော ဒီမိုကရက်တစ် ကရင်နီပြည်ရဲတပ်ဖွဲ့အဖြစ် တက်လှမ်းနိုင်ရန် အလားအလာကောင်းများသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအတွက် အားတက်ဖွယ် ဖြစ်နေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆယ်စုနှစ်ပေါင်းများစွာအာဏာရှင်တို့၏ ရက် စက်သည့်အုပ်ချုပ်မှုအောက်တွင် အကြောက် တရားဖြင့် ရှင်သန်နေရသော ကရင်နီပြည်သူတို့၏ ဘဝလုံခြုံမှုအတွက် စောင့်ရှောက်ပေး နေသည့် KSP သည် ကရင်နီပြည်ဖက်ဒရယ် ရဲတပ်ဖွဲ့အဖြစ် မလွှဲမသွေ ဖြစ်ထွန်းလာမည်ကို ယုံကြည်ကြောင်းလည်း KSCC ၏ သဝဏ်လွှာ၌ ဖော်ပြသည်။