Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ULA/AA၏ တရားဥပဒေရေးရာဌာန၏ Justice For Arakan Telegram Account အသုံးမပြုတော့ဟု အသိပေး

လက်ရှိတွင် တရားဥပဒေရေးရာဌာအနေဖြင့် အီးလ်မေး “arakan.jus@protonmail.com” နှင့် VK အကောင့်”https://vk.com/justiceforarakanland”နှစ်ခုတည်းကိုသာ အသုံးပြုလျက်ရှိသည်ဟု ဆိုသည်။

(AAမှ စစ်သည်အမျိုးသမီးတစ်ဦးကို တွေ့ရစဥ်)
(AAမှ စစ်သည်အမျိုးသမီးတစ်ဦးကို တွေ့ရစဥ်)

တိုင်စာများပို့ခြင်း၊အမှုနှင့်ပတ်သက်ပြီးဆွေးနွေးတိုင်ပင်မှုများ ဖျက်ထားရန် ဖော်ပြ

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) ဦးဆောင်သည့် ရက္ခိုင်ပြည်သူ့အစိုးရ၏ တရားဥပဒေရေးရာဌာနမှ အသုံးပြုနေသည့် Justice For Arakan (Telegram Account )ကို ဆက်လက် အသုံးပြုမည်မဟုတ်တော့ကြောင်း ULAက ဩဂုတ် ၂၅ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ တယ်လီဂရန် အကောင့်သည် ဩဂုတ် ၂၁ရက်တွင် နည်းပညာပိုင်း မတော်တဆ ချို့ယွင်းခဲ့၍ တစ်စုံတစ်ယောက်လက်သို့ရောက်ရှိကာ အကောင့်နာမည်ကို DogeBonk Community ဟု ပြောင်းလဲခံရကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး နည်းပညာကျွမ်းကျင်သူများ၏ အကူအညီဖြင့် ဩဂုတ် ၂၃ရက်တွင် ပြန်လည်ရယူနိုင်ခဲ့ သော်လည်း ယင်းတယ်လီဂရန် အကောင့်ကို ဆက်လက် သုံးစွဲမည်မဟုတ်ဘဲ နောက်ထပ် အကောင့်သစ်ဖွင့်ကာ ယင်းအကောင့်သစ်ကို ပြန်လည်ထုတ်ပြန်ပေးမည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် Justice For Arakan (Telegram Account) သို့ တိုင်စာများ ပေးပို့ခြင်း၊ အမှုနှင့်ပတ်သက်သော အကြောင်းအရာများကို ဆွေးနွေးတိုင်ပင်ခြင်း၊ ယခင်တိုင်တန်းဖူးသည့် အချက်အလက် အသံဖိုင်ပြောဆိုထားမှုများအားလုံးကို ယခု ထုတ်ပြန်ချက်အား ဖျတ်ပြီးပါက ဖျက်ထားကြစေလိုကြောင်း ULAက ထုတ်ပြန်သည်။

လက်ရှိတွင် တရားဥပဒေရေးရာဌာအနေဖြင့် အီးလ်မေး “arakan.jus@protonmail.com” နှင့် VK အကောင့်”https://vk.com/justiceforarakanland“နှစ်ခုတည်းကိုသာ အသုံးပြုလျက်ရှိသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

AA အနေဖြင့် ယခင်ရပ်တည်ချက်အတိုင်းဖြစ်ပြီး ပြည်သူများကို အကာအကွယ်ပေးကာ အပြစ်ရှိသူများကို အရေးယူမည်ဟု ပြောသည်။

သတင်း

မောင်တောမြို့နယ်၊ ကံပြင်သာစည်ကျေးရွာ၏ အရှေ့ဘက် တွင်လည်း ဧပြီ ၁၀ရက်က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ၆ဦးသေဆုံးပြီး၈ဦးခန့် ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

Federal Wings၏ ကိုယ်ပိုင်ဒီဇိုင်းအသစ်ဖြင့် ဒရုန်းများ အောင်မြင်စွာ တိုက်ပွဲဝင်နေပြီဖြစ်ကြောင်းလည်း အသိပေး ထုတ်ပြန်သည်။