Connect with us

Hi, what are you looking for?

သတင်း

ULA/AA၏ တရားဥပဒေရေးရာဌာန၏ Justice For Arakan Telegram Account အသုံးမပြုတော့ဟု အသိပေး

လက်ရှိတွင် တရားဥပဒေရေးရာဌာအနေဖြင့် အီးလ်မေး “arakan.jus@protonmail.com” နှင့် VK အကောင့်”https://vk.com/justiceforarakanland”နှစ်ခုတည်းကိုသာ အသုံးပြုလျက်ရှိသည်ဟု ဆိုသည်။

(AAမှ စစ်သည်အမျိုးသမီးတစ်ဦးကို တွေ့ရစဥ်)
(AAမှ စစ်သည်အမျိုးသမီးတစ်ဦးကို တွေ့ရစဥ်)

တိုင်စာများပို့ခြင်း၊အမှုနှင့်ပတ်သက်ပြီးဆွေးနွေးတိုင်ပင်မှုများ ဖျက်ထားရန် ဖော်ပြ

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) ဦးဆောင်သည့် ရက္ခိုင်ပြည်သူ့အစိုးရ၏ တရားဥပဒေရေးရာဌာနမှ အသုံးပြုနေသည့် Justice For Arakan (Telegram Account )ကို ဆက်လက် အသုံးပြုမည်မဟုတ်တော့ကြောင်း ULAက ဩဂုတ် ၂၅ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ တယ်လီဂရန် အကောင့်သည် ဩဂုတ် ၂၁ရက်တွင် နည်းပညာပိုင်း မတော်တဆ ချို့ယွင်းခဲ့၍ တစ်စုံတစ်ယောက်လက်သို့ရောက်ရှိကာ အကောင့်နာမည်ကို DogeBonk Community ဟု ပြောင်းလဲခံရကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး နည်းပညာကျွမ်းကျင်သူများ၏ အကူအညီဖြင့် ဩဂုတ် ၂၃ရက်တွင် ပြန်လည်ရယူနိုင်ခဲ့ သော်လည်း ယင်းတယ်လီဂရန် အကောင့်ကို ဆက်လက် သုံးစွဲမည်မဟုတ်ဘဲ နောက်ထပ် အကောင့်သစ်ဖွင့်ကာ ယင်းအကောင့်သစ်ကို ပြန်လည်ထုတ်ပြန်ပေးမည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် Justice For Arakan (Telegram Account) သို့ တိုင်စာများ ပေးပို့ခြင်း၊ အမှုနှင့်ပတ်သက်သော အကြောင်းအရာများကို ဆွေးနွေးတိုင်ပင်ခြင်း၊ ယခင်တိုင်တန်းဖူးသည့် အချက်အလက် အသံဖိုင်ပြောဆိုထားမှုများအားလုံးကို ယခု ထုတ်ပြန်ချက်အား ဖျတ်ပြီးပါက ဖျက်ထားကြစေလိုကြောင်း ULAက ထုတ်ပြန်သည်။

လက်ရှိတွင် တရားဥပဒေရေးရာဌာအနေဖြင့် အီးလ်မေး “arakan.jus@protonmail.com” နှင့် VK အကောင့်”https://vk.com/justiceforarakanland“နှစ်ခုတည်းကိုသာ အသုံးပြုလျက်ရှိသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရိုဟင်ဂျာတွေကိုတန်းတူပညာသင်ခွင့်နဲ့ ဌာနဆိုင်ရာတွေမှာအလုပ်လုပ်ခွင့်ပေးထားတယ်လို့ဆို

သတင်း

အမြောက်ခုနစ်ချက်ပစ်ဖောက် ဂုဏ်ပြု

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ကရောင်းချနေတဲ့ ထီလက်မှတ်တွေဟာဝယ်သူများပြားတဲ့အတွက်မြို့နယ်အချို့မှာ လမကုန်ခင်တပတ်လောက်အလိုကတည်းက ထီလက်မှတ်ဝယ်​တွေကုန်သွားပြီး ဝယ်မရတော့ဘူးလို့ ဒေသခံ တွေက ပြောပါတယ်။