Connect with us

Hi, what are you looking for?

သတင်း

အင်းတော်နယ် မဲဇာရွာမှ ပျူစောထီးသင်တန်းမှူးဆိုသူ ရှင်းလင်းခံရ

“ပျူခေါင်းဆောင်ရှင်းလင်းခံလိုက်ရလို့ စစ်​—တွေ ပြာနေတာပဲ။ ဒေသခံတွေကတော့ သတိနဲ့ နေနေကြပါတယ်” ဟု အင်းတော်မြို့ဒေသခံတစ်ဦးကလည်းပြောသည်။

အင်းတော်မြို့နယ်
အင်းတော်မြို့နယ်

အင်းတော်မြို့နယ် မဲဇာကျေးရွာမှ ပျူစောထီးအဖွဲ့မှ စစ်သင်တန်းမှူး ဦးမောင်နိုင်ဆိုသူကို ဒေသကာကွယ်ရေးတပ်ဖွဲ့ နယ်မြေရှင်းလင်းရေးအဖွဲ့က သုတ်သင်ရှင်းလင်းလိုက်ကြောင်း အင်းတော် တော်လှန်ရေးအင်အားစု(IR)က ယနေ့(သြဂုတ် ၂၉)ရက်တွင် ထုတ်ပြန် သည်။

အဆိုပါ ပျူစောထီးသင်တန်းမှူးဆိုသူသည် ဗန်းမောက်ဘက်မှ အင်တော်ဘက်လာသော စစ်ကောင်စီတပ်စစ် ကြောင်းအား သွားကြိုပြီးအပြန်တွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြ သည်။

“သူက သြဂုတ် ၂၇ ရက်မှာ ဗန်းမောက်ဘက်ကနေ အင်တော်ဘက်လာတဲ့ စစ်ကြောင်းကိုသွားကြိုပြီးအပြန်မှာ လမ်းကနေစောင့်ပြီး နယ်မြေရှင်းလင်းရေးအဖွဲ့က ပစ် ခတ်ရှင်းလင်းလိုက်တာ”ဟု IR Team မှ ရဲဘော်တစ်ဦးက ပြောသည်။

ပစ်ခတ်ရှင်းလင်းခြင်းခံရသော ပျူစောထီးသင် တန်းမှူးဆိုသူ ဦးမောင်နိုင်သည် အသက် (၅၆) နှစ်ရှိပြီဖြစ်ပြီး ၎င်းသည် ဝန်းသိုအခြေစိုက် စစ်ကောင်စီတပ် (၁၁၁) တပ်တွင် တာဝန်ထမ်းဆောင်ဖူးသော စစ်ထွက်တစ်ဦးဖြစ်ကြောင်း အထက်ပါရဲဘော်ကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

“ပျူခေါင်းဆောင်ရှင်းလင်းခံလိုက်ရလို့ စစ်​—တွေ ပြာနေတာပဲ။ ဒေသခံတွေကတော့ သတိနဲ့ နေနေကြပါတယ်” ဟု အင်းတော်မြို့ဒေသခံတစ်ဦးကလည်းပြောသည်။

အင်းတော်မြို့နယ် တော်လှန်ရေးအင်အားစုများအနေဖြင့် ကျန်ရှိနေသေးသော စစ်ကောင်စီလက် အောက်ခံ ဒလန်နှင့် ပျူစောထီးများကိုလည်း ဆက်လက်သုတ်သင်ရှင်းလင်းသွားမည်ဖြစ် ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။

Facebook