Connect with us

Hi, what are you looking for?

News

ရွာမီးရှို့ဖျက်ဆီးနေသည့်စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်ပြီး ပြန်ဆုတ်ခွာခဲ့ သည့် Zeroပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်နှစ်ဦး မူးမြစ်အတွင်းအသက်ပေးလှူ

အသက် ၂၄ နှစ်အရွယ် ရဲဘော်နန်းမြင့်အောင်၏ ရုပ်အလောင်းအား အနီးဆုံး သုဿန်တစ်ခုတွင် မီးသင်္ဂြိုလ်ခဲ့ပြီး ကြွင်းကျန်အရိုးစုအားအမှတ်တရ အုတ်ဂူတည်ထားခဲ့ရင်း တာ၀န် ကျေခဲ့သော ရဲဘော်နန်းမြင့်အောင်အား တပ်ဖွဲ့၀င်အားလုံးမှနှုတ်ဆက်ဂုဏ်ပြု အလေးပြုခဲ့ ကြကြောင်း Zero ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ညောင်ပင်ရှည်ကျေးရွာအား မီးရှို့ဖျက်ဆီးနေ သည့် အကြမ်းဖက်စစ်ကောင်စီတပ်အား သွားရောက်ခုခံတိုက်ခိုက်ပေးပြီး ပြန်ဆုတ်ခွာခဲ့သည့် မြင်းခြံနယ် Zero ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်နှစ်ဦး မူးမြစ်အတွင်း မျောပါ၍ အသက်ပေးလှူ သွားခဲ့သည်။

ဧပြီ ၂၂ ရက်က စစ်ကိုင်းမြို့နယ် ညောင်ပင်ရှည်ရွာတိုက်ပွဲတွင် လေကြောင်း ပစ်ကူများ ရောက်လာချိန် စစ်ကြောင်းပြန်လည်ဆုတ်ခွာခဲ့ရာ မူးမြစ်ဖြတ်ကူးချိန် Zero ပြောက်ကျား တပ်ဖွဲ့မှ ရဲဘော်နှစ်ဦး မူးမြစ်အတွင်း ရေစီးနှင့်အတူမျောပါ ခဲ့ပြီး နှစ်ဦးအနက် ကျန်တစ်ဦး၏ ရုပ်အလောင်းအား ယနေ့ (ဧပြီ ၂၅ ရက်)တွင် ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

အသက် ၂၄ နှစ်အရွယ် ရဲဘော်နန်းမြင့်အောင်၏ ရုပ်အလောင်းအား အနီးဆုံး သုဿန်တစ်ခုတွင် မီးသင်္ဂြိုလ်ခဲ့ပြီး ကြွင်းကျန်အရိုးစုအားအမှတ်တရ အုတ်ဂူတည်ထားခဲ့ရင်း တာ၀န် ကျေခဲ့သော ရဲဘော်နန်းမြင့်အောင်အား တပ်ဖွဲ့၀င်အားလုံးမှနှုတ်ဆက်ဂုဏ်ပြု အလေးပြုခဲ့ ကြကြောင်း Zero ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

အလားတူ မူးမြစ်ဖြတ်ကူးချိန် Zero ပြောက်ကျားတပ်ဖွဲ့မှ ​နောက်ဆုံးနှစ် စိုက်ပျိုးရေး၊ရေဆင်း တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သူ ရဲဘော်အီးမန်း လည်း ရေထဲမျောပါခဲ့ပြီး ထိုနေ့တွင်ပင် ပြန်လည်ဆည်ယူနိုင်ခဲ့သော်လည်း အသက်ဆုံးရှုံးခဲ့ရသည်။

Public Service Announcement

Public Service Announcement

ထိုနေ့က စစ်ကိုင်းမြို့နယ် ညောင်ပင်ရှည်ကျေးရွာအား မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီ တပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ကို ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုက စီးနင်းတိုက်ခိုက်ရာ ၃၀ထက်မနည်း သေဆုံးနိုင်ကြောင်း Zeroပြောက်ကျားတပ်ဖွဲ့( မြင်းခြံ)က ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။