Connect with us

Hi, what are you looking for?

သတင်း

မြောင်တွင် စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးပစ်ခတ်၍ ဒေသခံအမျိုးသားနှစ်ဦးသေဆုံး

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၂ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြောင် CDSOM အဖွဲ့က ပြောသည်။

(အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ သေဆုံးခဲ့သူနှင့် ထွက်ပြေးတိမ်းရှောင်နေရသူများအား တွေ့ရစဥ်။ ဓာတ်ပုံ - မြောင် CDSOM)
(အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ သေဆုံးခဲ့သူနှင့် ထွက်ပြေးတိမ်းရှောင်နေရသူများအား တွေ့ရစဥ်။ ဓာတ်ပုံ - မြောင် CDSOM)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ အမျိုးသားနှစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့(သြဂုတ် ၃၁ ရက်) နံနက်ပိုင်းက မြောင်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သည် နံနက် ၁၁ နာရီခန့်တွင် ကျောက်ရစ်အနောက်ရွာအနောက်ဘက်မှ တိုက်ပွဲမရှိဘဲ ဇီးကျွန်းကျေးရွာဘက်သို့ (၆၀)မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်က လက်နက်ကြီး ၂ ချက်ပစ်ခတ်ခဲ့ရာ ဇီးကျွန်းကျေးရွာဘက်သို့ ကျရောက်ပြီး ဒေသခံအမျိုးသားနှစ်ဦးသေဆုံးကာ အမျိုးသမီး နှစ်ဦး ဒဏ်ရာရရှိသွားကြောင်း၊ သေဆုံးသူနှစ်ဦးမှာ အသက် (၃၂)နှစ်အရွယ် ကိုကျော်စွာသိန်းနှင့် အသက် (၄၂) နှစ်အရွယ် ကိုခင်မောင်ဦးတို့ဖြစ်ကြောင်း မြောင်ဗိုလ်တောက်ထွန်း အဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်သည် ရေစကြိုမြို့နယ်မှ ကူးလာခဲ့ခြင်းဖြစ်ပြီး အင်အား ၁၀၀ခန့်ပါသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၂ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြောင် CDSOM အဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။