Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ တပ်သားတစ်ဦး လက်နက်နှင့်အတူ KNU တပ်မဟာ(၅)ထံ အလင်းဝင်

၎င်းအနေဖြင့် ထိုင်းနိုင်ငံဘက်သို့ အလုပ်ရှာပြီး မိဘကို ပြန်လည်ထောက်ပံရန် စိတ်ကူးထားကြောင်းလည်း တပ်သား သန့်ဇင်အောင်က ပြောကြားခဲ့သည်ဟု ဖော်ပြသည်။

စစ်ကောင်စီးတပ်သားတစ်ဦး လက်နက်တွေနဲ့အတူ KNLA ထံ အလင်းဝင်
စစ်ကောင်စီးတပ်သားတစ်ဦး လက်နက်တွေနဲ့အတူ KNLA ထံ အလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅) ထံသို့ စစ်ကောင်စီတပ်မှ တပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်ရောက်လာကြောင်း တပ်မဟာ(၅)က ယနေ့ စက်တင်ဘာ ၂ရက်တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ခမရ (၅၉၃)မှ အသက် (၂၅)နှစ်ရှိ တပ်သား သန့်ဇင်အောင်သည် MA-3 တစ်လက် ကျည် ၁၇ တောင့်၊ လက်ပစ်ဗုံးတစ်လုံးနှင့်အတူ အလင်း ဝင်လာခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ထိုသို့ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားကို ကောင်းမွန်စွာ လက်ခံကြိုဆိုပြီး ကျပ်သိန်း ၂၀ ပေးအပ်ခဲ့ကြောင်း တပ်မဟာ(၅)တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ဖော်ပြထားသည်။

ထို့ပြင် တပ်သား သန့်ဇင်အောင်က စစ်ကောင်စီတပ်မှ ထွက်ပြေးလာရသည့် အကြောင်းအရင်း ပြောကြားချက်ကိုလည်း ဖော်ပြထားရာ အမှုထမ်းဆောင်နေချိန်၌ အထက်အရာရှိများက လက်အောက်ငယ်သားများအပေါ် မတရား ဖိနှိပ်ချုပ်ချယ်ခြင်း၊ ခွဲခြားဆက်ဆံခြင်းနှင့် ရှေ့တန်း တွင် အစား၀၀လင်လင် စားခွင့်မရခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

၎င်းအနေဖြင့် ထိုင်းနိုင်ငံဘက်သို့ အလုပ်ရှာပြီး မိဘကို ပြန်လည်ထောက်ပံရန် စိတ်ကူးထားကြောင်းလည်း တပ်သား သန့်ဇင်အောင်က ပြောကြားခဲ့သည်ဟု ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။