Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်သားတစ်ဦး လက်နက်တွေနဲ့အတူKNLA ထံ အလင်းဝင်

စစ်ကောင်စီတပ်သားရဲ့ ရှေ့ဆက်ရည်မှန်းချက်နဲ့ပတ်သက်ပြီး ကေအဲန်ယူ-မူတြော်ခရိုင်တာဝန်ရှိသူတွေအနေနဲ့ သေသေချာချာစီမံဆောင်ရွက်ပေးနေတယ်လို့လည်း ခရိုင်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီးတပ်သားတစ်ဦး လက်နက်တွေနဲ့အတူ KNLA ထံ အလင်းဝင်
စစ်ကောင်စီးတပ်သားတစ်ဦး လက်နက်တွေနဲ့အတူ KNLA ထံ အလင်းဝင်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အမှတ်(၅)တပ်မဟာထံ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်ရောက်လာတယ်လို့ တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ စကခ(၈)လက်အောက်ခံတပ်ရင်းဖြစ်တဲ့ ခရမ(၅၉၃)က အသက်(၂၅)နှစ်ရှိ တပ်သားမောင်သန့်ဇင်အောင်ဟာ (MA-3) သေနတ်တစ်လက်၊ ကျည်(၁၇၀)တောင့်နဲ့ လက်ပစ်ဗုံးတစ်လုံးယူဆောင်လာခဲ့ပြီး ကော်သူးလေ၊ မူတြော်(ဖာပွန်)ခရိုင် KNLA တပ်မဟာ(၅)ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ တပ်မဟာ(၅)တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား မောင်သန့်ဇင်အောင်ကို KNLA တပ်မဟာ(၅)တာဝန်ရှိသူတွေက ကောင်းမွန်စွာလက်ခံကြိုဆိုစောင့်ရှောက်တဲ့အပြင် ဆုငွေ ကျပ်(၂၀၀၀၀၀၀)တိတိ ဆုချခဲ့တယ်လို့ တပ်မဟာ(၅)တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါစစ်ကောင်စီတပ်သာ မောင်သန့်ဇင်အောင်ဟာ တပ်ကနေထွက်ပြေးလာရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး တပ်တွင်းမှာအမှုထမ်းဆောင်နေတဲ့အချိန်မှာ အထက်အရာရှိတွေက လက်အောက်ငယ်သားတွေအပေါ် မတရားဖိနှိပ်ချုပ်ချယ် ခွဲခြားဆက်ဆံပြီး ရှေ့တန်းထွက်တဲ့အချိန်မှာလည်း အစားအစာ ၀၀လင်လင်မစားရဘဲ အထက်အရာရှိတွေကသာ စားချင်တာစားလို့ရတဲ့အပေါ် မခံနိုင်လို့ ထွက်ပြေးဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကျနော်တို့ကတော့ တစ်ရက်ထမင်းစားတယ်။ နောက်တစ်ရက်မှာ ဆန်ပြုတ်စားရတယ်။ ကျနော်မခံနိုင်တော့လို့ ထွက်ပြေးဖို့ဆုံးဖြတ်ခဲ့တယ်။ ကျနော် တပ်မဟာ(၅)ရောက်တော့ အရာရှိရော ရဲဘော်တွေရော ကျနော့်ကို ညီအစ်ကိုမောင်နှမလိုပဲ ဆက်ဆံတယ်၊ မခွဲခြားဘူး၊ အဝတ်အစားတွေဝယ်ပေးတယ်၊ ထမင်းလည်းအ၀စားရတယ်၊ ကျနော်ဝမ်းလည်းသာတယ်၊ ကျေနပ်တယ်ပျော်တယ်”လို့ သူက ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ ရှေ့ဆက်ပြီး တပ်မဟာ(၅)ကနေတစ်ဆင့် ထိုင်းနိုင်ငံဘက်ကို အလုပ်သွားလုပ်ပြီး အလုပ်ကနေတစ်ဆင့် ငွေတွေစုကာ အမေဖြစ်သူကို ပြန်လည်ထောက်ပံ့ပေးသွားမယ်လို့ ပြောတဲ့ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်သားရဲ့ ရှေ့ဆက်ရည်မှန်းချက်နဲ့ပတ်သက်ပြီး ကေအဲန်ယူ-မူတြော်ခရိုင်တာဝန်ရှိသူတွေအနေနဲ့ သေသေချာချာစီမံဆောင်ရွက်ပေးနေတယ်လို့လည်း ခရိုင်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook