Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်(ပကဖ)သို့ ခုနစ်နှစ်သမီးက စုထားသော မုန့်ဖိုးငွေများလာလှူ

မြိုင်မြို့နယ်တွင် ယခင်ကလည်း ဒေသခံများက ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲဲ့များအား လက်ဝတ်ရတနာများ လာရောက်လှူဒါန်းခဲ့ဖူးသည်။

(မြိုင်(ပကဖ)သို့ မုန့်ဖိုးစုထားသော ငွေများအား လာလှူနေသော သမီးငယ်အား တွေ့ရစဥ်၊ ဓာတ်ပုံ -မြိုင်(ပကဖ))
(မြိုင်(ပကဖ)သို့ မုန့်ဖိုးစုထားသော ငွေများအား လာလှူနေသော သမီးငယ်အား တွေ့ရစဥ်၊ ဓာတ်ပုံ -မြိုင်(ပကဖ))

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်သို့ ပေါက်မြို့နယ်မှ အသက်(၇)နှစ်အရွယ် သမီးငယ်တစ်ဦးက စုထားသောမုန့်ဖိုးငွေများအား လာရောက်လှူဒါန်းသွားကြောင်း မြိုင်(ပကဖ)အဖွဲ့က ယနေ့ (စက်တင်ဘာ၂ ရက်) တွင် သတင်းထုတ်ပြန်သည်။

“ဦးလေး သမီးကျည်ဆံဖိုး လှူချင်လို့ပါရှင့်။ သမီးရယ် ကျည်ဆံဖိုးမလှူပါနဲ့လား။ မုန့်ဖိုးပဲ သုံးပါလား။ သမီးက မုန့်မစားချင်ဘူးရှင့် ။ ရတဲ့မုန့်ဖိုးတွေကိုစုထားပြီးကျည်ဆံဖိုးလှူတာပါရှင့်။ ဒီငွေနဲ့ ကျည်ဝယ်ပြီး ပစ်လို့ ​ွေးတွေသေမှ သမီးတို့တွေ ကျောင်းပြန်တက်နိုင်မှာ သမီးလှူတဲ့ငွေလေးကို လက်ခံပေးပါရှင့်။”ဟု လာလှူသည့်သမီးလေးနှင့် ပြောကြားခဲ့သည်များအား မြိုင်(ပကဖ) အဖွဲ့က ဝေမျှသည်။

(မြိုင်(ပကဖ)သို့ မုန့်ဖိုးစုထားသော ငွေများအား လာလှူနေသော သမီးငယ်အား တွေ့ရစဥ်၊ ဓာတ်ပုံ -မြိုင်(ပကဖ))
(မြိုင်(ပကဖ)သို့ မုန့်ဖိုးစုထားသော ငွေများအား လာလှူနေသော သမီးငယ်အား တွေ့ရစဥ်၊ ဓာတ်ပုံ -မြိုင်(ပကဖ))

“အရမ်းသိတတ်တဲ့ပြည်သူတွေအတော်များများပါဝင်နေမှတော့ ဒီပွဲမနိုင်စရာမရှိတော့ပါဘူးဗျာ” ဟု မြိုင် (ပကဖ)က ပြောသည်။

မြိုင်မြို့နယ်တွင် ယခင်ကလည်း ဒေသခံများက ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲဲ့များအား လက်ဝတ်ရတနာများ လာရောက်လှူဒါန်းခဲ့ဖူးသည်။

Public Service Announcement

Public Service Announcement

မကွေးတိုင်း မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်၊ ပျူနှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ် ၏ အကြမ်းဖက်ဖျက်ဆီးသတ်ဖြတ်မှုများကြောင့် ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

ယမန်နေ့ (ဖေဖော်ဝါရီ၁၃ ရက်) နံနက် ၇ နာရီခွဲခန့်က မြိုင်​မြို့နယ်၊ သရက်ကန်ပျုစောထီးကျေးရွာ၏တောင်ဘက် မီတာ ၁၀၀ခန့်သို့ ကင်းပတ်ထွက်လာသော အင်အား ၁၅ ဦးခန့်ပါ ပျုစောထီးများအား မဟာမိတ်အဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

သြဂုတ်လဆန်းတွင် မြိုင်မြို့နှင့်ရေစကြိုမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများ၊ ပျူရွာများအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဆက်တိုက် တိုက်ခိုက်နေသည်။

သတင်း

မြိုင်(ပကဖ)အဖွဲ့နှင့် တော်လှန်ရေးအင်အားစုများသည် ဇူလိုင်လကုန်ပိုင်းကလည်း မြိုင်မြို့နယ်ရှိ ယာကြီးပြင်နှင့် ပြင်ထောင်ပျူရွာများကို တိုက်ခိုက်ခဲ့သေးသည်။