Connect with us

Hi, what are you looking for?

သတင်း

မြိုင်(ပကဖ)သို့ ခုနစ်နှစ်သမီးက စုထားသော မုန့်ဖိုးငွေများလာလှူ

မြိုင်မြို့နယ်တွင် ယခင်ကလည်း ဒေသခံများက ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲဲ့များအား လက်ဝတ်ရတနာများ လာရောက်လှူဒါန်းခဲ့ဖူးသည်။

(မြိုင်(ပကဖ)သို့ မုန့်ဖိုးစုထားသော ငွေများအား လာလှူနေသော သမီးငယ်အား တွေ့ရစဥ်၊ ဓာတ်ပုံ -မြိုင်(ပကဖ))
(မြိုင်(ပကဖ)သို့ မုန့်ဖိုးစုထားသော ငွေများအား လာလှူနေသော သမီးငယ်အား တွေ့ရစဥ်၊ ဓာတ်ပုံ -မြိုင်(ပကဖ))

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်သို့ ပေါက်မြို့နယ်မှ အသက်(၇)နှစ်အရွယ် သမီးငယ်တစ်ဦးက စုထားသောမုန့်ဖိုးငွေများအား လာရောက်လှူဒါန်းသွားကြောင်း မြိုင်(ပကဖ)အဖွဲ့က ယနေ့ (စက်တင်ဘာ၂ ရက်) တွင် သတင်းထုတ်ပြန်သည်။

“ဦးလေး သမီးကျည်ဆံဖိုး လှူချင်လို့ပါရှင့်။ သမီးရယ် ကျည်ဆံဖိုးမလှူပါနဲ့လား။ မုန့်ဖိုးပဲ သုံးပါလား။ သမီးက မုန့်မစားချင်ဘူးရှင့် ။ ရတဲ့မုန့်ဖိုးတွေကိုစုထားပြီးကျည်ဆံဖိုးလှူတာပါရှင့်။ ဒီငွေနဲ့ ကျည်ဝယ်ပြီး ပစ်လို့ ​ွေးတွေသေမှ သမီးတို့တွေ ကျောင်းပြန်တက်နိုင်မှာ သမီးလှူတဲ့ငွေလေးကို လက်ခံပေးပါရှင့်။”ဟု လာလှူသည့်သမီးလေးနှင့် ပြောကြားခဲ့သည်များအား မြိုင်(ပကဖ) အဖွဲ့က ဝေမျှသည်။

(မြိုင်(ပကဖ)သို့ မုန့်ဖိုးစုထားသော ငွေများအား လာလှူနေသော သမီးငယ်အား တွေ့ရစဥ်၊ ဓာတ်ပုံ -မြိုင်(ပကဖ))
(မြိုင်(ပကဖ)သို့ မုန့်ဖိုးစုထားသော ငွေများအား လာလှူနေသော သမီးငယ်အား တွေ့ရစဥ်၊ ဓာတ်ပုံ -မြိုင်(ပကဖ))

“အရမ်းသိတတ်တဲ့ပြည်သူတွေအတော်များများပါဝင်နေမှတော့ ဒီပွဲမနိုင်စရာမရှိတော့ပါဘူးဗျာ” ဟု မြိုင် (ပကဖ)က ပြောသည်။

မြိုင်မြို့နယ်တွင် ယခင်ကလည်း ဒေသခံများက ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲဲ့များအား လက်ဝတ်ရတနာများ လာရောက်လှူဒါန်းခဲ့ဖူးသည်။

Public Service Announcement

Public Service Announcement

မကွေးတိုင်း မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်၊ ပျူနှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ် ၏ အကြမ်းဖက်ဖျက်ဆီးသတ်ဖြတ်မှုများကြောင့် ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်း ထပ်မံတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။