Connect with us

Hi, what are you looking for?

သတင်း

မြိုင် – လက်ယက်မလမ်းတွင် စစ်ကောင်စီယာဉ် နှစ်စီး ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရ

ညနေ ၃ နာရီခန့်ကပင် မြိုင်မြို့အရှေ့ဘက်၊ ပုသိမ် – မုံရွာလမ်းဆုံမှတစ်ဆင့် ကန်နီကျေးရွာသို့ စစ်ကူသွားသော စစ်ကောင်စီတပ်နှင့် ရဲ ၂၅ဦးခန့်လိုက်ပါလာသည့် Hijet ယာဉ်အား မြိုင်(ပကဖ) အဖွဲ့ကလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားသည်။

စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် MVRF ရဲဘော်များ၊ ဓာတ်ပုံ-MVRF
စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် MVRF ရဲဘော်များ၊ ဓာတ်ပုံ-MVRF

မကွေးတိုင်း၊ မြိုင်မြို့နယ် မြိုင် – လက်ယက်မလမ်းပေါ်တွင် စစ်ကူသွားသည့် စစ်ကောင်စီယာဥ်နှစ် စီး ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရ၍ နောက်ကြောင်းပြန်လှည့်မောင်းသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (သြဂုတ် ၂ ရက်) ညနေ ၃ နာရီခန့်က မြိုင်နယ် ကန်နီ(ပျူ)ကျေးရွာတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်နေစဉ် မြိုင်ဘက်မှ ကန်နီ(ပျူ)ကျေးရွာသို့ မြိုင် – လက်ယက်မလမ်းမကြီးအတိုင်း စစ်ကူလာသောစစ်ကားနှစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Myaing Villages Revolution Front – ( MVRF)က သတင်းထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

Myaing Villages Revolution Front – (MVRF) နှင့် ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ခဲ့ရာ စစ်ကား နှစ်စီးလုံး မြိုင်မြို့တွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း MVRFက အသိပေးသည်။

ညနေ ၃ နာရီခန့်ကပင် မြိုင်မြို့အရှေ့ဘက်၊ ပုသိမ် – မုံရွာလမ်းဆုံမှတစ်ဆင့် ကန်နီကျေးရွာသို့ စစ်ကူသွားသော စစ်ကောင်စီတပ်နှင့် ရဲ ၂၅ဦးခန့်လိုက်ပါလာသည့် Hijet ယာဉ်အား မြိုင်(ပကဖ) အဖွဲ့ကလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

မကွေးတိုင်း မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်၊ ပျူနှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်၏ အကြမ်းဖက်ဖျက်ဆီးသတ်ဖြတ်မှုများကြောင့် ​ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ခြမ်းက ရေနံမြေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်