Connect with us

Hi, what are you looking for?

သတင်း

PPST ဦးဆောင်နာယကအဖြစ် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးတာဝန်ယူမည့်ကိစ္စ KNUအဖွဲ့ ဆုံးဖြတ်ချက်ကြောင့် ပြန်ရုပ်သိမ်း

ယင်းစာနှင့်ပတ်သက်၍ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးအား ဆက်သွယ်မေးမြန်းရာ “ အတည်ပြု လို့ရပါတယ်။ သူ့(KNU ဥက္ကဋ္ဌ)စာ ရှင်းလင်းချက် နံပါတ် ၂နဲ့ ၃ကို သေချာ ဖတ်ရင်ရှင်းပါတယ်” ဟု ဖြေကြားသည်။

PPST ဦးဆောင်နာယကအဖြစ် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးတာဝန်ယူမည့်ကိစ္စ KNUအဖွဲ့ ဆုံးဖြတ်ချက်ကြောင့် ပြန်ရုပ်သိမ်း
PPST ဦးဆောင်နာယကအဖြစ် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးတာဝန်ယူမည့်ကိစ္စ KNUအဖွဲ့ ဆုံးဖြတ်ချက်ကြောင့် ပြန်ရုပ်သိမ်း

▪️ဒီမိုကရေစီကို လက်ခံယုံကြည်၍၊ ပုဂ္ဂိုလ်ရေးအမြင်ထက် အဖွဲ့၏ မူ၊ လမ်းစဉ် ဦးစားပေးရန်အတွက်ဟု အကြောင်းပြန်

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များဖြင့်ဖွဲ့စည်းခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)၏ ဦးဆောင်နာယကအဖြစ် တာဝန်ယူရန် ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ၎င်း၏ ပုဂ္ဂိုလ် ရေးဆန္ဒအရ လက်ခံခဲ့သော်လည်း KNU အဖွဲ့က သဘောမတူ၍ ဦးဆောင်နာယက အဖြစ် တာဝန်ယူရန် လက်ခံခြင်းအား ပြန်လည်ရုတ်သိမ်းခဲ့သည်။

PPST က ဦးဆောင်နာယကအဖြစ်တာဝန်ယူပေးရန် နှင့် အဖွဲ့အစည်းကိုယ်စားမပြုဘဲ ပုဂ္ဂိုလ်ရေးအရ လွတ်လပ်စွာ ပါဝင်ရန် ကမ်းလှမ်းလာသည့်အပေါ် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ကမ်းလှမ်းချက်ကို လက်ခံကြောင်း ဩဂုတ် ၄ရက်တွင် စာပြန်ခဲ့သည်။

သို့ရာတွင် ဩဂုတ် ၃၁ရက်က ပြုလုပ်ခဲ့သည့် KNU ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးက KNU ဥက္ကဋ္ဌ အနေဖြင့် PPST ဦးဆောင်နာယက အဖြစ် တာဝန်မယူသင့်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ဦးဆောင်နာယက အဖြစ် တာဝန်ယူရန် လက်လံခြင်းအား ပြန်လည်ရုတ်သိမ်းကြောင်း ပေးပို့သည့် စာ၌ ဖော်ပြထားသည်။

“KNU၏ ဥက္ကဋ္ဌတစ်ဦးဖြစ်သော ကျွန်တော်သည် ဒီမိုကရေစီ စနစ်ကို လက်ခံယုံကြည်သူ ဖြစ်ပြီး KNU ကချမှတ်ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နည်းဥပဒေများကို တာဝန်ခံ ထိန်းသိမ်းရန် တာဝန်ရှိသည့်အလျောက် ပုဂ္ဂိုလ်ရေးအမြင်ထက် အဖွဲ့အစည်း၏ မူ ၊ လမ်းစဉ်အား ဦးစားပေး ရှေ့ဆောင်မှုပြုရန် ရည်ရွယ်၍ PPST၏ ဦးဆောင်နာယက အဖြစ် တာဝန်ယူရန် သဘောတူသည့် ပေးစာအား ပြန်လည်ရုတ်သိမ်းပါကြောင်း လေးစားစွာ အကြောင်းပြန်အပ်ပါသည်” ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက PPST အဖွဲ့ ခေါင်းဆောင် နိုင်အောင်မင်းထံ စာပြန်ပို့ခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းစာနှင့်ပတ်သက်၍ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးအား ဆက်သွယ်မေးမြန်းရာ “ အတည်ပြု လို့ရပါတယ်။ သူ့(KNU ဥက္ကဋ္ဌ)စာ ရှင်းလင်းချက် နံပါတ် ၂နဲ့ ၃ကို သေချာ ဖတ်ရင်ရှင်းပါတယ်” ဟု ဖြေကြားသည်။

PPST သည် မူလက NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်ဆယ်ဖွဲ့ ခေါင်းဆောင်များဖြင့် စုဖွဲ့ထားခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် KNU ဥက္ကဋ္ဌသည် အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်အရ PPST အဖွဲ့ခေါင်းဆောင် တာဝန်မှ အနားယူကာ PPSTမှ နှုတ်ထွက်ခဲ့သည်။ ထို့နောက် ရှမ်းလက်နက်ကိုင်အဖွဲ့(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ယာယီအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီးနောက်ပိုင်းတွင် ၎င်းလည်း အနားယူသွားသည်။ ထို့နောက် PPST ကို စုပေါင်းခေါင်းဆောင်မှု ပုံစံ ဟု အမည်တပ်ကာ မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်အောင်မင်းက ဦးဆောင်ပြီး စုဖွဲ့ထားသည်။

PPST အနေဖြင့် စစ်တပ်အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်းထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ထိတွေ့ဆက်ဆံသည့် သဘောထားများပြသကာ ယင်းအဖွဲ့တွင် ဆက်လက်ပါဝင် လုပ်ငန်းဆောင်ရွက်နေသည့် အဖွဲ့များသည် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုခဲ့သည်။

KNU အနေဖြင့် စစ်တပ်အာဏာသိမ်းမှု စတင်ကတည်းက ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ကာ စစ်အာဏာရှင် အပါအဝင် အာဏာရှင်စနစ်အားလုံး ချုပ်ငြိမ်းရေး နိုင်ငံရေးရည်မှန်းချက်တူညီသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေပြီး ပြည်သူလူထုများကို ကူညီကာကွယ်ပေးလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။