Connect with us

Hi, what are you looking for?

သတင်း

PDFအား ထောင်ဖမ်းမည်ဟု ကြွေးကြော်ခဲ့သည့် ပျူတစ်ဦး ပစ်ခတ်ခံရပြီး​သေဆုံး

မြို့နယ်တွင်းရှိ အခြား အကြမ်းဖက်စစ်ကောင်စီ ထောက်တိုင်များ အကြမ်းဖက် စစ်ကောင်စီ ဘက်တော်သားများ အချိန်မီပြုပြင်ရန် WTRF အဖွဲ့က သတိပေးသည်။

(သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းခံရသည့် ပျူစောထီး​ဇော်လွင်​ဌေး ။ ။ဓါတ်ပုံ-Voice Of Wundwin)
(သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းခံရသည့် ပျူစောထီး​ဇော်လွင်​ဌေး ။ ။ဓါတ်ပုံ-Voice Of Wundwin)

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် PDF အား ထောင်ဖမ်းမည်ဟု ကြွေးကြော်ခဲ့သည့် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးဟု နာမည်ကြီးနေသူအမျိုးသားတစ်ဦး ​သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲပိုင်းက ဝမ်းတွင်းမြို့နယ် ခင်ကြီးကျေးရွာတွင်နေထိုင်ပြီး ပျူစောထီးဟုလူသိများနေသည့် ဇော်လွင်ဌေး(ခ)နဂါး ဆိုသူသည် ခင်ဘန်းကျေးရွာအနီး ပစ်ခတ်ခံရ၍ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း Voice Of Wundwin က အသိပေးသည်။

၎င်းသည် ရပ်ရွာနေပြည်သူများကို အမျိုးမျိုးဒုက္ခပေးကာ ဆပ်ကြေးများကောက်၍ စစ်ကောင်စီအလိုကျ အရပ်ဝိုင်းများ၊ ဖဲဝိုင်းများလုပ်ပေးခြင်း၊ အပြစ်မဲ့ပြည်သူများကို အမှုအမျိုးမျိုးဆင်ခြင်း၊ မူးသည့်အခါတိုင်းရပ်ရွာကိုစိန်ခေါ်ခြင်း စသည့်အပြုအမူများ ပြုလုပ်ခဲ့ကြောင်း၊ ၎င်းကိုလာရှင်းမည့် ဝမ်းတွင်းPDFကို စစ်ကောင်စီနှင့်ပေါင်း၍ ထောင်ဖမ်းမည်ဟုကြွေးကြော်ထားသူဖြစ်ကြောင်း ​ဒေသခံများက ပြောသည်။

ဇော်လွင်ဌေး(ခ)နဂါး ပျူစောထီးအဖွဲ့ဝင်သင်တန်းဆင်းအား အကြိမ်ကြိမ် စောင့်ကြည့်လေ့လာနေသော်လည်း ပြုပြင်လာခြင်းမရှိဘဲ အကြမ်းဖက် စစ်ကောင်စီအား လမ်းပြကူညီဆောင်ရွက်ခြင်း၊ကျေးရွာတွင်းပြည်သူများအား ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက် စစ်ကောင်စီအားကိုးအဖြစ် ဆက်လက်မိုက်မြဲမိုက်နေ၍ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု WTRFက အသိပေးသည်။

Public Service Announcement

Public Service Announcement

မြို့နယ်တွင်းရှိ အခြား အကြမ်းဖက်စစ်ကောင်စီ ထောက်တိုင်များ အကြမ်းဖက် စစ်ကောင်စီ ဘက်တော်သားများ အချိန်မီပြုပြင်ရန် WTRF အဖွဲ့က သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook