Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ရွှေဒင်္ဂါးပြား ကျပ်၁၉ သိန်း​ဈေးဖြင့်​ရောင်းမည်​​ကြေညာပြီး လက်​တွေ့တွင်သိန်း ၃၀ခန့်ဖြင့်ရောင်း

အဆိုပါဈေးနှုန်းသည် စစ်ကောင်စီအလိုကျဆောင်ရွက်ပေးနေသည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက သတ်မှတ်ထားသည့် အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၂၀ စွန်းစွန်း (၂,၀၀၈,၀၀၀)ထက်ကျပ် ၁၀သိန်းခန့်ပိုများ​နေခြင်းဖြစ်သည်။

(စစ်​ကောင်စီ ​က​ရောင်းနေ​သော ​ရွှေဒင်္ဂါးပြား။ ဓါတ်ပုံ-စကစပြန်ကြား​ရေး)
(စစ်​ကောင်စီ ​က​ရောင်းနေ​သော ​ရွှေဒင်္ဂါးပြား။ ဓါတ်ပုံ-စကစပြန်ကြား​ရေး)

▪︎​ရွှေဒင်္ဂါးပြားဝယ်ယူသူတိုင်း သစ်သားဘူးအ​သေးတစ်ဘူးလျှင် ကျပ်ငါး​သောင်းဖြင့်မဝယ်မ​နေရဝယ်ယူရ

အာဏာသိမ်းစစ်ကောင်စီကရွှေတစ်ကျပ်သား ဒင်္ဂါးပြားတစ်ခုကိုကျပ် ၁၉သိန်းဖြင့်ရောင်းချမည်ဟုကြေညာထားသော်လည်းလက်​တွေ့​ရောင်းချရာတွင် ကျပ်သိန်း ၃၀ ခန့်ဖြင့် ယနေ့ရောင်းချနေကြောင်း ရွှေလုပ်ငန်းရှင်အချို့ကကပြောသည်။

စစ်ကောင်စီက ရွှေတစ်ကျပ်သားကို ၂,၉၅၀,၀၀၀ကျပ်ဖြင့်​ရောင်းသလို ၊ဝယ်ယူသူမှာပိတောက်သားဟုဆို​သောသစ်သားဘူး​သေးတစ်ဘူးကို ကျပ် ၄၀,၀၀၀ဖြင့် မယူမနေရစနစ်ဖြင့်ရောင်းသည်။ထို​ကြောင့် ​ရွှေပြားဝယ်ယူသူမှာ တစ်ကျပ်သားရှိသည်ဆို​သော​ရွှေဒင်္ဂါးတစ်ပြားလျှင် စုစုပေါင်း ကျပ် ၂,၉၉၀,၀၀၀ ဖြင့်ဝယ်ရခြင်းဖြစ်သည်။

အဆိုပါဈေးနှုန်းသည် စစ်ကောင်စီအလိုကျဆောင်ရွက်ပေးနေသည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက သတ်မှတ်ထားသည့် အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၂၀ စွန်းစွန်း (၂,၀၀၈,၀၀၀)ထက်ကျပ် ၁၀သိန်းခန့်ပိုများ​နေခြင်းဖြစ်သည်။

ထို့အပြင် စက်တင်ဘာ ၅ ရက် ​ရွှေ​ဈေးကွက်အတွင်းပြင်ပပေါက်ဈေးမှာ တစ်ကျပ်သားလျှင် ၂,၉၈၀,၀၀၀ ကျပ်ရှိ၍စစ်​ကောင်စီ၏ ​ရွှေပြား​ဈေးက ကျပ်သုံး​သောင်းသာ​လျော့သည်။သို့​သော် မဝယ်မ​နေရ သစ်သာဘူးဖိုးပါထည့်တွက်ပါက စစ်​ကောင်စီ ဒင်္ဂါးပြား​ဈေးက ပြင်ပ​ရွှေတစ်ကျပ်သား​ဈေးထက် ကျပ်တစ်​သောင်းပိုများ​နေသည်။

Public Service Announcement

Public Service Announcement

“ဒီလိုဘဲ ကြီးကြီးကျယ်ကျယ်တွေပြောပြီး တကယ်မလုပ်နိုင်ပါဘူး။ အခုတော့ သူတို့(စစ်​ကောင်စီ)လည်း ဈေးကွက်ပေါက်ဈေးကို လက်ခံလိုက်ပြီဆိုတဲ့သဘောပါပဲ”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်ကောင်စီက ပြည်သူများကို ​ရွှေကို ရန်ကုန်တိုင်း​ရွှေလုပ်ငန်းရှင်အသင်းသတ်မှတ်​သောရည်ညွှန်းဈေးဖြင့်အရောင်းအဝယ်ပြုလုပ်ခိုင်းသော်လည်း ၎င်းတို့ကိုယ်တိုင်ကမူ ပြည်ပပေါက်ဈေးဖြင့်ရောင်းဝယ်နေခြင်းဖြစ်၍ စစ်ကောင်စီက ၎င်းတို့ထုတ်သည့် စည်းကမ်းကို ကိုယ်တိုင်ချိုး​ဖောက်​နေခြင်းပင်ဖြစ်ကြောင်း အခြားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်ကောင်စီက အဆိုပါရွှေဒင်္ဂါးပြားများကို စက်တင်ဘာ ၅ ရက်တွင် နေပြည်တော် ကျောက်မျက်ရတနာပြတိုက်တွင်စတင်ရောင်းချနေခြင်းဖြစ်သည်။ စစ်ကောင်စီ၏သယံဇာတနှင့် သဘာဝပတ်ဝန်းကျပ်ထိန်းသိမ်းရေးဝန်ကြီးဌာနက တစ်ကျပ်သား၊ ငါးမူးသားနှင့်တမတ်သားအလေးချိန်ရှိသည့် ရွှေဒင်္ဂါးပြားများကို တစ်ကျပ်သားလျှင် ကျပ် ၁၉ သိန်းဖြင့်ရောင်းချပေးမည့်ဟု ဝါဒဖြန့်ချီထုတ်ပြန်ခဲ့သည်။

“ဝယ်သူက ​​ခြောက်က်တီး​​ခြောက်ချက်နဲ့ ဝယ်တဲ့သူသိပ်မရှိ​ပဘူး”ဟု ​ဒေသခံသူတစ်ဦးက​ပြောသည်။

ထိုအပြင်စစ်​ကောင်စီသည် ​ရွှေဒင်္ဂါးပြား​ပေါ်တွင် ဗိုလ်ချုပ်​အောင်ဆန်းရုပ်ပုံ ခပ်နှိပ်အသုံးပြုထားခြင်း​နှင့်ပတ်သပ်၍ပြည်သူတစ်ဦးက “သမီးကိုအမှုဆင်​ထောင်ချပြီး အ​ဖေရဲ့ပုံကိုကြ​ရွှေဒင်္ဂါးပြားမှာ သုံးတယ်။အ​တာ်ယုတ်မာ​ကောက်ကျစ်တဲ့ သူ​တွေ (စစ်​ကောင်စီ)”ဟု အိမ်ရှင်မတစ်ဦးကလည်း​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။