Connect with us

Hi, what are you looking for?

News

ရန်ကုန်မှ​ရွှေလုပ်ငန်းရှင်အချို့ဖမ်းဆီးခံရ

မည်သည့်အ​ကြောင်းဖြင့်ဖြစ်​စေ​ရွှေ​ဈေးတက်လျှင်စစ်​ကောင်စီက လုပ်ငန်းရှင်များကိုဖမ်းဆီးခြင်း၊​ခေါ်ယူစစ်​ဆေးခြင်း၊ခြိမ်း​ခြောက်ခြင်းစ​သောနည်းလမ်းများဖြင့်​ဈေးကျ​အောင်လုပ်​လေ့ရှိ​ကြောင်းလုပ်ငန်းရှင်အချို့က​ပြောသည်။

(ရန်ကုန်တိုင်း​ရွှေလုပ်ငန်းရှင်များအစည်းအ​ဝေး ​မေ ၁၆ ရက်ကပြုလုပ်​နေစဥ် ။ ဓါတ်ပုံ-YGEA)

စစ်ကောင်စီက ရွှေလုပ်ငန်းရှင် ကိုး ဦးခန့်ကို ယနေ့ ဖမ်းဆီးလိုက်ကြောင်းရွှေလုပ်ငန်းရှင်များထံမှသိရသည်။

မည့်သည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးသည်ကို မသိရှိရသေးကြောင်းလည်း ရွှေလုပ်ငန်းရှင်များကပြောသည်။

သို​သော်ဖမ်းဆီးခံရသူများထံမှရွှေလုပ်ငန်းရှင်တစ်ဦးကို အိန္ဒိယသို့ စစ်ကောင်စီ၏ ခွင့်ပြုချက်မရဘဲ ရွှေမှောင်ခိုတင်ပို့ခြင်းကြောင့်ဟုစွပ်စွဲကာဖမ်းဆီးခြင်းဖြစ်​ကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

အဖမ်းခံရသည့် ရွှေလုပ်ငန်းများသည် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဝင်များဖြစ်သည်ဟုလည်း သိရသည်။ အဆိုပါအသင်းသည်အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအလိုကျ ရွှေဈေးထိန်းချုပ်ခြင်း၊​ဈေးကွက်ထိန်းချုပ်ခြင်းကို တက်ကြွစွာဆောင်ရွက်ပေးနေသည့် အသင်းဖြစ်​ကြောင်းလည်း​ရွှေလုပ်ငန်းရှင်များက​ပြောသည်။

Public Service Announcement

Public Service Announcement

​ရွှေလုပ်ငန်းရှင်အချို့ အားဖမ်းဆီးသည့် သတင်းကိုအပြင်မပေါက်ကြားစေရန် စစ်ကောင်စီက ​ရွှေလုပ်ငန်းရှင်များနှင့် ဖမ်းဆီးခံရသူမိသားစုများကို ခြိမ်းခြောက်ထား​ကြောင်းလည်းစုံစမ်းသိရသည်။

ရန်ကုန်တိုင်း​ရွှေလုပ်ငန်းရှင်များအသင်းရုံးတွင် ​ရွှေ​ဈေးကွက်နှင့်​ဈေးနှုန်းတည်ငြိမ်​စေရန်ယ​နေ့​ဆွေး​နွေးခဲ့​ကြောင်းအသင်း၏ ​ဖေစ်ဘွခ်တွင် မွန်းလွှဲတစ်နာရီ​ကျော်တွင်သတင်းထုတ်ပြန်သည်။လုပ်ငန်းရှင်အချို့ဖမ်းဆီးခံရမှုမှာအဆိုပါအစည်းအ​ဝေးမတိုင်ခင်လား၊ အစည်းအ​ဝေးပြီးမှလားဆိုသည်ကိုမူ မသိ့ရ​သေး​ပေ။ ​မေလ ၁၆ ရက် ရန်ကုန်တိုင်း​ရွှေလုပ်ငန်းရှင်အသင်းကဖွင့်​သော​ရွှေ​ဈေးမှာအကယ်ဒမီမင်းလင်း​ရွှေတစ်ကျပ်သားလျှင် ၂၀၃၅၀၀၀ ကျပ်(နှစ်ဆယ်သိန်းသုံး​သောင်းငါး​ထောင်ကျပ်)ဖြစ်သည်။

ယခုရက်ပိုင်းတွင်​ ​ရွှေအသင်းကဖွင့်​သောရွှေ​ဈေးမှာ ပြင်ပအမှန်တစ်ကယ်​ပေါက်​ဈေးထက်နည်း​နေပြီး ဆိုင်များတွင် ထိုနှုန်းဖြင့်ဝယ်ယူရန်ခက်ခဲ​သည်။

မည်သည့်အ​ကြောင်းဖြင့်ဖြစ်​စေ​ရွှေ​ဈေးတက်လျှင်စစ်​ကောင်စီက လုပ်ငန်းရှင်များကိုဖမ်းဆီးခြင်း၊​ခေါ်ယူစစ်​ဆေးခြင်း၊ခြိမ်း​ခြောက်ခြင်းစ​သောနည်းလမ်းများဖြင့်​ဈေးကျ​အောင်လုပ်​လေ့ရှိ​ကြောင်းလုပ်ငန်းရှင်အချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

Facebook