Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ် – မိုးကုတ်လမ်း မြေပြိုပြီး လမ်းပိတ်ဆို့မှုဖြစ်နေ၍ ခရီးသွားများသတိပြုကြရန် သတိပေး

“မနေ့က ညနေက လာတဲ့ကားတွေ၊ဆိုင်ကယ်တွေပြန်လှည့်သွားရတယ်။ မြေပြိုတာက သုံးလေး မိုင်လောက်အထိ ရှည်တယ်”ဟု အဆိုပါ ဒေသခံက ပြောသည်။

မြေပြိုနေမှု မြင်ကွင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ
မြေပြိုနေမှု မြင်ကွင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ

မိုးသည်းထန်းစွာရွာပြီးနောက် မိုးမိတ် – မိုးကုတ် လမ်းပိုင်းတွင် မြေပြိုနေပြီး နေရာအချို့တွင် လမ်းပိတ်ဆို့မှုဖြစ်နေ၍ ခရီးသွားများ သတိပြုကြရန် ဒေသခံများက သတိပေးသည်။

မိုးမိတ်နှင့် မိုးကုတ်မြို့ကြားရှိ လွယ်ဆာကျေးရွာအနီးတွင် ယမန်နေ့(စက်တင်ဘာ ၅ရက်)က မိုးသည်းထန်စွာရွာခဲ့ပြီး မြေပြိုနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“မနေ့က ညနေက လာတဲ့ကားတွေ၊ဆိုင်ကယ်တွေပြန်လှည့်သွားရတယ်။ မြေပြိုတာက သုံးလေး မိုင်လောက်အထိ ရှည်တယ်”ဟု အဆိုပါ ဒေသခံက ပြောသည်။

မြေပြိုနေမှု မြင်ကွင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ
မြေပြိုနေမှု မြင်ကွင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ – CJ

မိုးမိတ်နှင့် မိုးကုတ်မြို့တွင် ယမန်နေ့ နေ့လည်မှ ညနေအထိ မိုကောင်းခဲ့ခြင်းဖြစ်သည်။ လတ်တလောတွင် ဒေသအများစု မိုးကောင်းနေပြီး ရှမ်းပြည်နယ် တောင်ပိုင်း တာချီလိတ်မြို့နှင့် ကျိုင်းတုံမြို့နေရာအချို့တွင်လည်း ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

လတ်တလောရာသီဥတုအခြေအနေအရ ရေကြီးမှုနှင့်မြေပြိုမှုဘေးကို သတိပြုနေထိုင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးထားသည်။

စက်တင်ဘာလ ၈ ရက်မှစတင်ကာ ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းတစ်ခု အ ဖြစ်ပေါ် လာနိုင်ပြီး မုန်တိုင်းငယ်ဖြစ်လာနိုင်ကြောင်း၊ဒေသအများစုမိုးများနိုင်၍ ရေဘေးသတိပြုကြရန် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က ခရီးသွားတွေကို မိုင်းဆင်းရှာခိုင်းနေလို့ ပြည်သူတွေ အခက်တွေ့နေကြပါတယ်။

ဆောင်းပါး

Daham ဟာ ဆီးရီးယားနိုင်ငံ Homs ပြည်နယ်ကရှေးဟောင်းမြို့ Palmyra အနီးမှာ မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။သူ့မိသားစုဟာလည်းစစ်မဖြစ်ခင်ကခရီးသွားလုပ်ငန်းနဲ့ ဆက်နွယ်ခဲ့ကြပြီး Daham ကိုယ်တိုင် ခရီးသွားဧည့်လမ်းညွှန်အဖြစ် အလုပ်လုပ်ခဲ့ဖူးပါတယ်။၂၀၁၁ ခုနှစ်နောက်ပိုင်းဆီးရီးယားအရေးအခင်းကစစ်ပွဲအဖြစ်ပြောင်းလဲသွားချိန်မှာသူလည်းနိုင်ငံကနေထွက်ပြေးခဲ့ရပါတယ်။

ဆောင်းပါး

ဒီနေ့မှာ ဟိမဝန္တာက ပြောင်းလဲလာနေပြီဖြစ်ပါတယ်။ ရေခဲတောင်တွေ ဆုတ်ယုတ်လာခြင်း၊ တောင်စောင်းတွေ မတည်ငြိမ်လာခြင်းနဲ့ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ရေဘေးတွေက လူသား‌တွေ အတွက် သတိပေးချက်တွေ ဖြစ်လာနေပါပြီ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ ၊ချင်းမိုင်မြို့ ၊မဲရင်ခရိုင်ထဲက မယ်စ​ရေတံခွန်မှာ ဒီ​​နေ့ည​နေပိုင်းမှာ ရုတ်တရက်​တောင်ကျ​ရေကြီးတာ​ကြောင့် ခရီးသွားအချို့​ရေထဲ​မျောပါခဲ့​ပေမယ့် ရေတံခွန်က ဥယာဥ်ဝန်ထမ်း​​တွေကအချိန်မိ​ကယ်တင်နိုင်ခဲ့ပါတယ်။