Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ကော်ဘရာစစ်ကြောင်းစစ်သည်နှစ်ဦး ဒဏ်ရာရ

စစ်ကောင်စီရဲ့ တပ်မ(၄၄)လက်အောက်ခံ ခမရ(၁၀၂)နဲ့ အမြှောက်တပ်ဖွဲ့တွေဟာ စက်တင်ဘာ(၅)ရက် ည(၈)နာရီခွဲက တစ်ကြိမ်၊ စက်တင်ဘာ(၆)ရက်နေ့ မနက်(၁၁)ခွဲကနေ (၁၂) နာရီအထိ လက်နက်ကြီးပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ကော်ဘရာစစ်ကြောင်းစစ်သည်နှစ်ဦး ဒဏ်ရာရ
စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ကော်ဘရာစစ်ကြောင်းစစ်သည်နှစ်ဦး ဒဏ်ရာရ

မြဝတီ-ဝေါ်လေ ကားလမ်းပေါ်က သုံးထပ်ကွေ့အနီး ကျော်ဝါးဘိုးဘုရားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ လုံခြုံရေးတာဝန်ယူထားတဲ့ ကော်ဘရာစစ်ကြောင်း စစ်သည်နှစ်ဦး ဒဏ်ရာရှိသွားခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ တပ်မ(၄၄)လက်အောက်ခံ ခမရ(၁၀၂)နဲ့ အမြှောက်တပ်ဖွဲ့တွေဟာ စက်တင်ဘာ(၅)ရက် ည(၈)နာရီခွဲက တစ်ကြိမ်၊ စက်တင်ဘာ(၆)ရက်နေ့ မနက်(၁၁)ခွဲကနေ (၁၂) နာရီအထိ လက်နက်ကြီးပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Public Service Announcement
Public Service Announcement

ဒီလိုပစ်ခတ်တာတွေကြောင့် ကော်ဘရာစစ်ကြောင်း လုံခြုံရေးတာဝန်ယူတဲ့ သဲဖြူချောင်းလမ်းဆုံနဲ့ နေရာတစ်ချို့ကို လက်နက်ကြီး ကျည်ကျရောက်ခဲ့ပြီး စစ်ကောင်စီရဲ့(၁၂၀)မမ လက်နက်ကြီး(၁၂) လုံး ပစ်ခတ်မှုကြောင့် ကော်ဘရာစစ်သည်တော် (၂) ဦး ခဲစထိမှန်ကာ (မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

"ရှေ့ဆောင် နွား ဖြောင့်ဖြောင့်သွားက နောက်နွား တစ်သိုက် ဖြောင့်ဖြောင့် လိုက်၏" တဲ့။

သတင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်က စစ်တပ် တပ်စွဲရာ နေရာ ၃ခုကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း ရာမညမွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းအနောက်ခြမ်းက အာဏာသိမ်းစစ်တပ်ရဲ့ ပွိုင့်ကုန်းစခန်းတွေကို တော်လှန်ရေးတပ်တွေက တန်ပြန်ထိုးစစ်ဆင်နေတယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းတွေ အပါအ၀င်လက်နက်ကြီးနဲ့ နေ့စဉ် တိုက်ခိုက်နေတာကြောင့် ဒေသခံထောင်နဲ့ချီ ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ပေါက်မြို့နယ်လူသားစာနာဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။