Connect with us

Hi, what are you looking for?

သတင်း

မြဝတီ-ဝေါ်လေလမ်း သရက်တစ်ပင်ဂိတ်အနီး ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီတပ် တိုက်ပွဲထပ်ဖြစ်

အဆိုပါတိုက်ပွဲတွင် ကော်ဘရာစစ်ကြောင်းနှင့်အတူ Federal Wings Drone တပ်ဖွဲ့ကလည်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း
ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ မြ၀တီ -ဝေါ်လေလမ်း သရက်တစ်ပင်ဂိတ်အနီးတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ယနေ့ (ဩဂုတ် ၃၀ရက်) မွန်းလွဲပိုင်း၌ နယ်မြေကျူးကျော်လာသည့် စစ်ကောင်စီတပ်ဖွဲ့များကို ကော်ဘရာစစ်သည်များက တိုက်ခိုက်ခဲ့ရာ ၁နာရီခွဲကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲတွင် ကော်ဘရာစစ်ကြောင်းနှင့်အတူ Federal Wings Drone တပ်ဖွဲ့ကလည်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုကို စိစစ်ဆဲဖြစ်ပြီး ကော်ဘရာ စစ်သည်များ ထိခိုက်မှုမရှိဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ (ဩဂုတ် ၂၈ရက်) ညပိုင်းကလည်း မြ၀တီ – ဝေါ်လေလမ်း ကျော်ဝါးဘိုး ဘုရားအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကော်ဘရာစစ်ကြောင်းနှင့် Federal Wings Droneတို့ ပူးပေါင်းပြီး ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။