Connect with us

Hi, what are you looking for?

သတင်း

D-Day (၁)နှစ်ပြည့် စစ်ဆင်ရေးအဖြစ် ကျွန်းစုနယ်မှ ပျူစောထီးအဖွဲ့ကို တိုက်ခိုက်၊ ပျူခေါင်းဆောင်အပါအဝင် နှစ်ဦးသေ

အဆိုပါတိုက်ခိုက်မှုတွင် ပျူစောထီးခေါင်းဆောင် အိုနီဒီးဒူ အပါအဝင် ပျူနှစ်ဦးသေပြီး ပူပေါင်းအဖွဲ့မှ ရဲဘော်တစ်ဥိး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကာ နံနက် ၇ နာရီအချိန်တွင် တိုက်ပွဲရပ်နားခဲ့သည်ဟု ဆိုသည်။

D-Day (၁)နှစ်ပြည့် စစ်ဆင်ရေးအဖြစ် ကျွန်းစုနယ်မှ ပျူစောထီးအဖွဲ့ကို တိုက်ခိုက်၊ ပျူခေါင်းဆောင်အပါအဝင် နှစ်ဦးသေ
D-Day (၁)နှစ်ပြည့် စစ်ဆင်ရေးအဖြစ် ကျွန်းစုနယ်မှ ပျူစောထီးအဖွဲ့ကို တိုက်ခိုက်၊ ပျူခေါင်းဆောင်အပါအဝင် နှစ်ဦးသေ

ပြည်သူ့ခုခံတွန်းလှန်စစ်(D-Day) တစ်နှစ်ပြည့် စစ်ဆင်ရေးအဖြစ် ကျွန်းစုနယ်မှ ပျူစောထီးအဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူခေါင်းဆောင်အပါအဝင် နှစ်ဦးသေဆုံးသွားကြောင်း တနသ်ာရီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(စက်တင်ဘာ ၇) ထုတ်ပြန်သည်။

ကျွန်းစုမြို့နယ် ပဲ့တိုင်ကျေးရွာတွင် မြိတ်ခရိုင်တပ်ရင်း (၂) တပ်ခွဲ (၂)နှင့် တနင်္သာရီကာကွယ်‌ ရေးပြောက်ကျား ပူပေါင်းအဖွဲ့တို့မှ စစ်ကောင်စီ၏ ပျူစောထီး အဖွဲ့အား ယနေ့နံနက် ၅ နာရီခွဲခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုတွင် ပျူစောထီးခေါင်းဆောင် အိုနီဒီးဒူ အပါအဝင် ပျူနှစ်ဦးသေပြီး ပူပေါင်းအဖွဲ့မှ ရဲဘော်တစ်ဥိး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကာ နံနက် ၇ နာရီအချိန်တွင် တိုက်ပွဲရပ်နားခဲ့သည်ဟု ဆိုသည်။

အလားတူ စက်တင်ဘာ ၄ ရက် နံနက် ၁၁ နာရီခန့်ကလည်း တနင်္သာရီမြို့နယ် လယ်သစ်-ထိန်ချောင်းဝအနီး စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား မြိတ်ခရိုင်တပ်ရင်း(၂)တပ်ခွဲ(၂)၊တနင်္သာ ရီ(ပ.က.ဖ) တနင်္သာရီကာကွယ်ရေးပြောက်ကျား၊တနင်္သာရီရိုးမပြည့်သူကာကွယ်ရေးအဖွဲ့တို့မှ တိုက်ခိုက်ခဲ့သေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သုံးဦးနှင့် ပျူစောထီးနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်အားလုံး ဘေးကင်းကြောင်း အသိပေးထုတ်ပြန်ထားသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးနှင့်စပ်လျဥ်းပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ခုခံစစ်ဆင်နွှဲရန် ပြီးခဲ့သည့် ၂၀၂၁ စက်တင်ဘာ ၇ရက်တွင် D-Day ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။

Facebook