Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေးမြို့ဘက်မှလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို တိုက်ခိုက်ရာ ၁၀ဦးထက်မနည်းသေဟု ဂန့်​ဂေါ PDF ထုတ်ပြန်

ဩဂုတ် ၂၇ရက်တွင် ခလရ (၅၅) စစ်ကြောင်းသည် ထယ်လှော်ရွာရှိ လူနေအိမ် (၁၄)လုံး၊ ကား(၁)စီး၊ဆိုင်ကယ်(၅)စီးတို့အားမီးရှို့ဖျက် ဆီးခဲ့ပြီး ထယ်လှော်ရွာအရှေ့တောင်ဘက် တင်းလဲကုန်းဘက် အတိုင်းထွက်လာစဉ် ဂန့်ဂေါခရိုင်အမှတ်(၁)တပ်ရင်းနှင့်ပကဖ ရဲဘော်တို့မှစောင့်ကြိုတိုက်ခိုက်ခဲ့သည်။

ကလေးမြို့ဘက်မှလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို တိုက်ခိုက်ရာ ၁၀ဦးထက်မနည်းသေဟု ဂန့်​ဂေါ PDF ထုတ်ပြန်
ကလေးမြို့ဘက်မှလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို တိုက်ခိုက်ရာ ၁၀ဦးထက်မနည်းသေဟု ဂန့်​ဂေါ PDF ထုတ်ပြန်

ကလေးမြို့ဘက်မှ လာသည့် အင်အား ၁၅၀ခန့်ပါစစ် ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးကြောင်း PDF-GanGaw က ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်များအရ သြဂုတ် ၁၉ရက်မှ ၂၉ ရက်အတွင်း စစ်ကောင်စီ​၏ ခလရ(၅၅) စစ်ကြောင်းကို ဂန့်ဂေါခရိုင်အမှတ်(၁)တပ်ရင်းနှင့်အတူ ပကဖ ရဲဘော်တို့မှ (၈)ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီ၏ ခလရ(၅၅) စစ်ကြောင်းသည် ဩဂုတ် ၁၈ရက်တွင် ဂန့်ဂေါမြို့နယ်ဟံသာဝတီရွာမှထွက်ခွာလာပြီး တောင်ခင်ရန်းရွာနယ်မြေ ရဲစခန်းတွင် ညအိပ်ခဲ့ကာ ဩဂုတ် ၁၉ ရက် နံနက်ပိုင်းတွင် တောင်ခင်ရန်းရွာမှ စတင်ထွက်ခွာလာပြီး ၉နာရီဝန်းကျင်တွင် လက်နက်ငယ်၊စက်လတ်တို့ဖြင့် ပစ်ခတ်ကာ နှမ်းခါးရွာဘက်သို့ စစ်ကြောင်းထိုးခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ထိုစစ်ကြောင်းသည် နှမ်းခါးရွာမြောက်ဘက် တော်ဝင်ချောင်းအနီးသို့ရောက်လာချိန်တွင် တောင်ခင်ရန်းနယ်မြေရဲစခန်းမှ (၁၂၀)မမ လက်နက် ကြီးဖြင့် (၆)ချက်ခန့် ပစ်ကူပေးနေချိန်တွင် ဒရုန်းတပ်ရင်းမှ တောင်ခင်ရန်းရဲစခန်းအတွင်းရှိ (၁၂၀)မမ ပေါ်သို့ Air Drop ချနိုင်ခဲ့သဖြင့် လက်နက်ကြီး ပစ်ကူရပ်သွားခဲ့ရကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ပစ်ကွင်းအတွင်းသို့ဝင်လာသော စစ်ကောင်စီ စစ်ကြောင်းကို အသင့်စောင့်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ ၊ ခရိုင်တပ်ရင်း(၁)၊ABSDF၊ ဒရုန်းတပ်ရင်းတို့မှ ပစ်ခတ်တိုက်ခိုက်ရင်း ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

ထိတွေ့မှုသည် (၃)နာရီဝန်းကျင်ခန့်ကြာမြင့်ခဲ့ပြီး (ပကဖ)ရဲဘော် နှစ်ဦးဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သည်။လက်နက်အင်အားကွာဟမှုကြောင့် ​ပြည်သူ့ ကာကွယ်ရေးရဲဘော်များပြန်လည်ဆုတ်ခွာခဲ့ရသည်။

အဆိုပါထိတွေ့မှုအတွင်း စစ်​ကောင်စီဘက်ကအထိအခိုက်နှင့် အကျအဆုံးများနိုင်သော်လည်း အရေအတွက်ကိုမူအတည်မပြုနိုင်သေးပေ။

ယင်းစစ်ကောင်စီစစ်ကြောင်းသည် ဩဂုတ်၂၁ ရက်တွင် နှမ်းခါးရွာအနောက်တောင်ဘက် တောတိုက်များအတွင်းသို့ စစ်ကြောင်းထိုးလာပြီး စစ်ရှောင်တဲ(၉)လုံး၊ကား(၃)စီး၊ စစ်ရှောင်ပြည်သူတို့၏ဆန် စပါးများ နှင့် တောတိုက်အတွင်းဖွင့်လှစ်ထားသော စာသင်ဆောင်(၁)ဆောင်တို့အားမီးရှို့ဖျက်ဆီးနေစဉ်ပကဖရဲဘော်များနှင့် အမှတ် (၁) တပ်ရင်းရဲဘော်များမှ လက်နက်ကြီး၊လက် နက်ငယ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ကလေးမြို့ဘက်မှလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို တိုက်ခိုက်ရာ ၁၀ဦးထက်မနည်းသေဟု ဂန့်​ဂေါ PDF ထုတ်ပြန်
ကလေးမြို့ဘက်မှလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို တိုက်ခိုက်ရာ ၁၀ဦးထက်မနည်းသေဟု ဂန့်​ဂေါ PDF ထုတ်ပြန်

သြဂုတ် ၂၂ ရက်တွင် ခလရ (၅၅) စစ်ကြောင်းသည် မွှေ့လယ်ရွာအနောက်ဘက် တောတိုက်များ အတွင်းရှိ စစ်ရှောင်တဲများအားမီးရှို့ဖျက်ဆီးနေစဉ် (ပကဖ)ရဲဘော်များနှင့် အမှတ်(၁)တပ်ရင်း ရဲဘော်တို့မှ လိုက်လံပစ်ခတ်ရင်းထိတွေ့မှုဖြစ်ပွားခဲ့သည်။

ထိတွေ့မှုသည် ၁နာရီခန့်ကြာမြင့်ခဲ့ပြီး (စကစ) ဘက် မှထိခိုက်ကျဆုံးမှုကို အတည်မပြုနိုင်ခဲ့ပေ။ရဲဘော်များမှာ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။

အဆိုပါစစ်ကောင်စီ စစ်ကြောင်းသည် ဩဂုတ် ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ကျောက်ဂူတောရ ကျောင်း၌ ညအိပ်ခဲ့သည်။

ဩဂုတ် ၂၄ရက်တွင် ကျောက်ဂူတောရကျောင်းမှ တောင်ဘက်သို့ ထွက်ခွာလာပြီး ကမ်းပဲ့ချောင်းအကျော်တွင် အသင့်နေရာယူထားသော ခရိုင်တပ်ရင်း တစ်ရဲဘော်များက စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်းဖော်ပြသည်။

ထိတွေ့မှု နာရီဝက်အတွင်းစစ်ကောင်စီဘက်က လေး ဦး သေဆုံးခဲ့ပြီး ရဲဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

ဩဂုတ် ၂၅ ရက်တွင် အဆိုပါ စစ်ကြောင်းသည် ထယ်လှော်ရွာ အနောက် မြောက်ဘက် ဝါးတောပြန့် တောတိုက်သို့ရောက်ရှိလာပြီး အသင့်စောင့်နေသောပွိုင့်အနီးရှိ စစ်ရှောင်တဲ အတွင်းသို့ဝင်ရောက်လာသော စစ်ကောင်စီတပ်သားများအား လက်နက်ကြီး၊လက်နက်ငယ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့သည်ဟု ဖော်ပြသည်။

ထိုတိုက်ပွဲသည် (၃)နာရီခန့်ကြာမြင့်ခဲ့ပြီး စကစဘက်မှ ငါးဦးထက်မနည်း သေဆုံးနိုင်ပြီး အများအပြားဒဏ်ရာရရှိစေခဲ့ကြောင်းPDF-GanGaw က ပြောသည်။

ထိတွေ့မှုအတွင်း ဂန့်ဂေါခရိုင် အမှတ်(၁) တပ်ရင်းမှ ရဲဘော်တစ်ဦးနှင့် ပကဖ ရဲဘော်တစ်ဦး (၆၀ ) မမ ဗုံးသီးထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သည်။

ဩဂုတ် ၂၇ရက်တွင် ခလရ (၅၅) စစ်ကြောင်းသည် ထယ်လှော်ရွာရှိ လူနေအိမ် (၁၄)လုံး၊ ကား(၁)စီး၊ဆိုင်ကယ်(၅)စီးတို့အားမီးရှို့ဖျက် ဆီးခဲ့ပြီး ထယ်လှော်ရွာအရှေ့တောင်ဘက် တင်းလဲကုန်းဘက် အတိုင်းထွက်လာစဉ် ဂန့်ဂေါခရိုင်အမှတ်(၁)တပ်ရင်းနှင့်ပကဖ ရဲဘော်တို့မှစောင့်ကြိုတိုက်ခိုက်ခဲ့သည်။

ထိတွေ့မှုတွင် စစ်​ကောင်စီဘက်မှထိခိုက်ကျ ဆုံးမှုကိုအတည်မပြုနိုင်ခဲ့ပေ။ထိုနေ့တွင်ပင် စစ်ကောင်စီတပ်က မောက်ရွာသို့ ဝင်ရောက်ခဲ့ပြီးလူနေအိမ်(၃၀)လုံး၊ကား (၄)စီး၊နှမ်း(၁၀၀)ကျော်နှင့် အခြားပစ္စည်းများအားမီးရှို့ဖျက်ဆီးခဲ့သည်။

ဩဂုတ် ၂၈ ရက်တွင် မောက်လင်းရွာသို့ရောက်ရှိလာပြီး လူနေအိမ် (၂၄)လုံးနှင့် စပါးကျည်နှင်နွားစာတိုက်(၂၄)လုံးတို့အား ထပ်မံမီးရှို့ဖျက်ဆီးခဲ့သည်။

ဩဂုတ် ၂၉ ရက် ကျော်ရွာရှိလူနေအိမ်(၈)လုံးနှင့် နွားစာတိုက်(၂)လုံးတို့အားမီးရှို့ဖျက်ဆီးခဲ့ပြီး မြစ်သာမြစ်အနောက်ဘက်အတိုင်း စိုင်ဒူးရွာဆီသို့ဦးတည် စစ်ကြောင်းထိုးခဲ့သည်။

ပကဖ ရဲဘော်များသည် ထိုစစ်ကြောင်းကို ကျွန်းဒတ်ရွာအရှေ့ တောင်ဘက်ရှိ ဝါးဖာချောက်အထိ လက်လုပ်လက်နက်ကြီးများဖြင့် လိုက်လံပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။

“၂၉ ရက်နေ့က ဂန့်ဂေါမြို့ အခြေစိုက် ခလရ ၅၀ တပ်ထဲပြန်ဝင်တယ်။ပြီးတော့ ဒီလ ၁ ရက်မှာ ထပ်ပြီး အင်အား ၁၀၀ ကျော်လောက်နဲ့ စစ်ကြောင်း ထပ်ထွက်လာတယ်။လောလော ဆယ် မြင်းဇာရွာဖက်ကို စစ်ကြောင်းထိုးနေတယ်”ဟု ဂန့်ဂေါ မြို့ခံစစ်ရေးသတင်းရင်းမြစ် က လူထုနွေဦးသို့ ပြောသည်။

တိုက်ပွဲများကို အချိန်နှင့်တပြေးညီမထုတ်ပြန်ရခြင်းမှာ ဒေသအတွင်းရှိပြည်သူများနှင့် တော် လှန်ရေးရဲဘော်များ ဘေးကင်းလုံခြုံမှုရှိသည့်နေရာရောက်မှ ထုတ်ပြန်ရခြင်းဟု PDF- GanGaw က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။