Connect with us

Hi, what are you looking for?

သတင်း

ဒေါ်​အောင်ဆန်းစုကြည်၏သားကိုထိန်းလင်းရေးဆွဲသည့် သစ်ထွင်းပန်းချီ ဆန်ရေပရော့ဂျက်မှ ဒေါ်လာ ၁ ဒဿမ ၇ သန်းကျော်ရှိ

ပရော့ဂျက်မှ ရရှိလာသော ရံပုံငွေများအား မြန်မာနိုင်ငံသူနိုင်ငံသားများအတွက် လိုအပ်မည့်နေရာများတွင် အသုံးပြုနိုင်ရန် အတိုင်ပင်ခံပုဂ္ဂိုလ်၏သား ကိုထိန်လင်းက လှူဒါန်းထားသည်။

▪︎ပေါက်မဲနံပါတ် (၀၈၆၈၄)ဖြင့် အမေရိကန်မှဝယ်ယူသူ မဲပေါက်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ သား ကိုထိန်လင်းရေးဆွဲသည့် သစ်ထွင်းပန်းချီ ဆန်ရေပရော့ဂျက်မှ ရံပုံငွေရရှိမှုမှာ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၇ သန်းကျော်ရရှိကြောင်း အစီအစဥ်တွင်ဦးဆောင်ပါဝင်သည့် မပန်ဆယ်လိုက ပြောသည်။

ဒေါ်​အောင်ဆန်းစုကြည်၏သားကိုထိန်းလင်းရေးဆွဲသည့် သစ်ထွင်းပန်းချီ ဆန်ရေပရော့ဂျက်မှ ဒေါ်လာ ၁ ဒဿမ ၇ သန်းကျော်ရှိ
ဒေါ်​အောင်ဆန်းစုကြည်၏သားကိုထိန်းလင်းရေးဆွဲသည့် သစ်ထွင်းပန်းချီ ဆန်ရေပရော့ဂျက်မှ ဒေါ်လာ ၁ ဒဿမ ၇ သန်းကျော်ရှိ

အဆိုပါဆန်ရေပရော့ဂျက်၏ ပေါက်မဲနံပတ်နှိုက်ခြင်းနှင့် ကံထူးရှင်ရွေးချယ်ပွဲကို ယမန်နေ့ စက်တင်ဘာ ၇ ရက်ည ၈ နာရီက အွန်လိုင်းမှတဆင့် ကိုထိန်လင်းကိုယ်တိုင် မဲနှိုက်ရွေးချယ်ပေးခဲ့ရာ မဲနံပါတ် (၀၈၆၈၄)ဖြင့် အမေရိကန်နိုင်ငံမှဝယ်ယူသူတစ်ဦး ကံထူးရှင်ဖြစ်သွားခဲ့သည်။

“မြန်မာပြည်အတွက် ရည်ရွယ်ဖန်တီးထားတဲ့ ကိုထိန်လင်းရဲ့ လက်ရာလေးအပေါ် ကိုထိန်လင်းက ဒေါ်လာနှစ်ထောင်၊ သုံးထောင်လောက်တော့ ဖြစ်နိုင်ပါတယ်နော်ဆိုတဲ့ မျှော်လင့်ချက်လေးကို ကိုယ်က နှစ်သိန်း၊ သုံးသိန်းထိ ဖြစ်စေရမယ်လို့ အာမခံခဲ့တယ်။ ပြည်သူက ချစ်ခြင်းမေတ္တာအားဖြင့် အမေရိကန်ဒေါ်လာ 1.7 Million အထိ မြှင့်တင်ပေးနိုင်ခဲ့တယ်”ဟု ပွဲစီစဥ်သူတစ်ဦးဖြစ်သည့် မပန်ဆယ်လိုက ပြောသည်။

ဒေါ်​အောင်ဆန်းစုကြည်၏သားကိုထိန်းလင်းရေးဆွဲသည့် သစ်ထွင်းပန်းချီ ဆန်ရေပရော့ဂျက်မှ ဒေါ်လာ ၁ ဒဿမ ၇ သန်းကျော်ရှိ
ဒေါ်​အောင်ဆန်းစုကြည်၏သားကိုထိန်းလင်းရေးဆွဲသည့် သစ်ထွင်းပန်းချီ ဆန်ရေပရော့ဂျက်မှ ဒေါ်လာ ၁ ဒဿမ ၇ သန်းကျော်ရှိ

ထို့အပြင် ဆန်ရေသည် ယခုတော်လှန်ရေးကာလတွင် မှတ်တိုင်လေးတစ်ခု စိုက်ထူနိုင်ခဲ့ပြီဖြစ်ပြီး နာကျင်မှုများ၊ပင်ပန်းမှုများနှင့် ဒေါသအမျက်များကြားက ရှားရှားပါးပါး ချစ်ခြင်းမေတ္တာကို အပြန်အလှန် ပြသကြသည့်ပွဲတစ်ခုဖြစ်သလို စည်းလုံးမှုနှင့် မြဲမြံမှုကို ပြသရာရောက်ပြီး တစ်ဦးကစေတနာ၊ အားလုံးက မေတ္တာကို အဓမ္မများ တုန်ဟီးစေသည်အထိ အလံလွှင့်ထူနိုင်ခဲ့သည့် ပွဲတစ်ပွဲဖြစ်သည်ဟု မပန်ဆယ်လိုက ဆိုသည်။

Public Service Announcement

Public Service Announcement

ဒေါ်​အောင်ဆန်းစုကြည်၏သားကိုထိန်းလင်းရေးဆွဲသည့် သစ်ထွင်းပန်းချီ ဆန်ရေပရော့ဂျက်မှ ဒေါ်လာ ၁ ဒဿမ ၇ သန်းကျော်ရှိ
ဒေါ်​အောင်ဆန်းစုကြည်၏သားကိုထိန်းလင်းရေးဆွဲသည့် သစ်ထွင်းပန်းချီ ဆန်ရေပရော့ဂျက်မှ ဒေါ်လာ ၁ ဒဿမ ၇ သန်းကျော်ရှိ

“ရည်မှန်းချက်ကို အပြတ်အသတ်ကျော်လွန်သည်အထိ မေတ္တာအားဖြင့် ပါဝင်ပေးကြသော ပြည်တွင်း၊ပြည်ပ မြန်မာပြည်ဖွား ညီအစ်ကိုမောင်နှမများ၊ လက်မှတ်များ အင်တိုက်အားတိုက် ရောင်းချပေးပါသော CRPH OFP Fundraiser များ၊ ပြည်တွင်းပြည်ပ Fundraiser များ၊ အဖက်ဖက်မှ ဝိုင်းဝန်းပံ့ပိုးပေးကြသော Organizer များ၊ Social Influencerများ အားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်”ဟု ၎င်းက ဆက်ပြောသည်။

ဒေါ်​အောင်ဆန်းစုကြည်၏သားကိုထိန်းလင်းရေးဆွဲသည့် သစ်ထွင်းပန်းချီ ဆန်ရေပရော့ဂျက်မှ ဒေါ်လာ ၁ ဒဿမ ၇ သန်းကျော်ရှိ
ဒေါ်​အောင်ဆန်းစုကြည်၏သားကိုထိန်းလင်းရေးဆွဲသည့် သစ်ထွင်းပန်းချီ ဆန်ရေပရော့ဂျက်မှ ဒေါ်လာ ၁ ဒဿမ ၇ သန်းကျော်ရှိ

အထက်ပါ ဂျိုးဖြူငှက်တို့ ပျံသန်းစေ အမေ့သားရဲ့ မေတ္တာဆန်ရေ ပရော့ဂျက်ကို သြဂုတ် ၂၅ ရက်တွင် စတင်ခဲ့ပြီး စက်တင်ဘာ ၅ ရက်တွင် မဲလက်မှတ်အရောင်းပိတ်၍ စက်တင်ဘာ ၇ ရက်တွင် ကံထူးရှင်ရွေးချယ်ပွဲပြုလုပ်ခဲ့သည်။

ပရော့ဂျက်မှ ရရှိလာသော ရံပုံငွေများအား မြန်မာနိုင်ငံသူနိုင်ငံသားများအတွက် လိုအပ်မည့်နေရာများတွင် အသုံးပြုနိုင်ရန် အတိုင်ပင်ခံပုဂ္ဂိုလ်၏သား ကိုထိန်လင်းက လှူဒါန်းထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ အတူ နိုင်ငံခြားငွေလဲနှုန်းတွေပါ တပြိုင်တည်း ဈေးတက်နေတယ်လို့ ငွေကြေးစျေးကွက်ကတဆင့် သိရပါတယ်။

သတင်း

ပြည်တွင်း စက်သုံးဆီတစ်လီတာကျပ်၁၀၀ကျော်စျေးခုန်တက်ပြီးရွှေစျေးလည်းတစ်ကျပ်သား သိန်း ၈၀ ကျော်နေဆဲဖြစ်သည်။

သတင်း

ပြည်တွင်း ရွှေ နှင့် ဒေါ်လာ စျေးဆက်တက်နေပြီး စက်သုံးဆီစျေးပါ လိုက်ပါမြင့်တက်လာကြောင်း သတင်းရရှိသည်။