Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တွေမြို့လယ်တွင် နယ်ထိန်းခေါင်းဆောင် ရှင်းလင်းခံရ

စစ်တွေမြို့အမှတ် (၁)ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်သိပ္ပံဆိုသူသည် စက်တင်ဘာ ၈ရက် ည ၆နာရီ၃၀မိနစ်ခန့်တွင် သေနတ်ဖြင့်ပစ်သတ်ခံရ​ခြင်းဟု ဒေသခံများကပြောသည်။

စစ်တွေမြို့လယ်တွင် နယ်ထိန်းခေါင်းဆောင် ရှင်းလင်းခံရ
စစ်တွေမြို့လယ်တွင် နယ်ထိန်းခေါင်းဆောင် ရှင်းလင်းခံရ

ရခိုင်ပြည်နယ် စစ်တွေမြို့လယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ နယ်ထိန်းခေါင်းဆောင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။

စစ်တွေမြို့အမှတ် (၁)ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်သိပ္ပံဆိုသူသည် စက်တင်ဘာ ၈ရက် ည ၆နာရီ၃၀မိနစ်ခန့်တွင် သေနတ်ဖြင့်ပစ်သတ်ခံရ​ခြင်းဟု ဒေသခံများကပြောသည်။

“မြို့လယ်က မီးပွိုင့်ကို ဆိုင်ကယ်နဲ့ ဖြတ်ဖို့ စောင့်နေချိန် အနီးကပ် ပစ်သွားတာ။ လူနှစ်ယောက်က ပစ်သွားတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရဲအုပ်သိပ္ပံ သေနတ်ဖြင့် ပစ်ခတ်ခံရချိန်တွင် ၎င်း၏ ဇနီးနှင့်သမီးဖြစ်သူ ရှိနေသည်။ ပစ်ခတ် သူနှစ်ဦးက ရဲ အုပ်သိပ္ပံ တစ်ဦးတည်းကိုသာ ပစ်မှတ်ထားသုတ်သင်သွားခြင်းဟု ဒေသခံအချို့ကပြောသည်။

Public Service Announcement

Public Service Announcement

ရဲအုပ်သိပ္ပံသည် ဦးခေါင်းကို အနီးကပ်ပစ်ခတ်ခံရပြီးနေရာတွင်ပင် သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့ဝင် အချို့က ဆိုသည်။အဆိုပါ ဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်း ၊စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေဆဲရဲများက လူမှုကွန်ရက် တွင် ရေးသားနေကြသည်။

နယ်ထိန်းရဲ့အရာရှိအား မည်သည့်အဖွဲ့က ပစ်ခတ် ရှင်းလင်းလိုက်သည်ကို မသိရသေးပေ။ စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ် တော် (AA)နှင့် စစ်ကောင်စီတပ် စစ်ရေးတင်းမာနေသည်။

ပြီးခဲ့သည့် သြဂုတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီအထိနာခဲ့ပြီး စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့က ဒေသခံအရပ်သားများကို ဖမ်းဆီးစစ် ဆေးမှုများ ပြုလုပ်နေည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

သတင်း

စကခ(၁၆)လက်အောက်ခံ တပ်ရင်း(၆၉)မှ တပ်ရင်းမှူးကိုလည်း နိုဝင်ဘာလ ၂၇ ရက်နေ့က တိုက်ပွဲတွင် စစ်သုံ့ပန်အဖြင့် ဖမ်းမိထားကြောင်း MNDAA က ရှင်းပြထားသည်။

သတင်း

ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သော စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းရဲကိုကိုအောင်နှင့်စပ်လျဥ်း၍ မည်သို့ဆက်လက်ဆောင်ရွက်မည်ကို လတ်တလောတွင် ထုတ်ဖော်ပြောဆိုရန် မရှိသေးကြောင်း Royal Peacock Column မှ တာဝန်ရှိသူတစ်ဦးက People's Spring သို့ ပြန်လည်ဖြေကြားထားသည်။