Connect with us

Hi, what are you looking for?

သတင်း

စစ်တွေမြို့လယ်တွင် နယ်ထိန်းခေါင်းဆောင် ရှင်းလင်းခံရ

စစ်တွေမြို့အမှတ် (၁)ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်သိပ္ပံဆိုသူသည် စက်တင်ဘာ ၈ရက် ည ၆နာရီ၃၀မိနစ်ခန့်တွင် သေနတ်ဖြင့်ပစ်သတ်ခံရ​ခြင်းဟု ဒေသခံများကပြောသည်။

စစ်တွေမြို့လယ်တွင် နယ်ထိန်းခေါင်းဆောင် ရှင်းလင်းခံရ
စစ်တွေမြို့လယ်တွင် နယ်ထိန်းခေါင်းဆောင် ရှင်းလင်းခံရ

ရခိုင်ပြည်နယ် စစ်တွေမြို့လယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ နယ်ထိန်းခေါင်းဆောင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။

စစ်တွေမြို့အမှတ် (၁)ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်သိပ္ပံဆိုသူသည် စက်တင်ဘာ ၈ရက် ည ၆နာရီ၃၀မိနစ်ခန့်တွင် သေနတ်ဖြင့်ပစ်သတ်ခံရ​ခြင်းဟု ဒေသခံများကပြောသည်။

“မြို့လယ်က မီးပွိုင့်ကို ဆိုင်ကယ်နဲ့ ဖြတ်ဖို့ စောင့်နေချိန် အနီးကပ် ပစ်သွားတာ။ လူနှစ်ယောက်က ပစ်သွားတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရဲအုပ်သိပ္ပံ သေနတ်ဖြင့် ပစ်ခတ်ခံရချိန်တွင် ၎င်း၏ ဇနီးနှင့်သမီးဖြစ်သူ ရှိနေသည်။ ပစ်ခတ် သူနှစ်ဦးက ရဲ အုပ်သိပ္ပံ တစ်ဦးတည်းကိုသာ ပစ်မှတ်ထားသုတ်သင်သွားခြင်းဟု ဒေသခံအချို့ကပြောသည်။

Public Service Announcement

Public Service Announcement

ရဲအုပ်သိပ္ပံသည် ဦးခေါင်းကို အနီးကပ်ပစ်ခတ်ခံရပြီးနေရာတွင်ပင် သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့ဝင် အချို့က ဆိုသည်။အဆိုပါ ဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်း ၊စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေဆဲရဲများက လူမှုကွန်ရက် တွင် ရေးသားနေကြသည်။

နယ်ထိန်းရဲ့အရာရှိအား မည်သည့်အဖွဲ့က ပစ်ခတ် ရှင်းလင်းလိုက်သည်ကို မသိရသေးပေ။ စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ် တော် (AA)နှင့် စစ်ကောင်စီတပ် စစ်ရေးတင်းမာနေသည်။

ပြီးခဲ့သည့် သြဂုတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီအထိနာခဲ့ပြီး စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့က ဒေသခံအရပ်သားများကို ဖမ်းဆီးစစ် ဆေးမှုများ ပြုလုပ်နေည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။