Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းများ စက်တင်ဘာ ၁၆ရက်နောက်ဆုံးထား အလင်းဝင်ရန် ကသာ(ပကဖ) ကြေညာ

ထုတ်ပြန်ချက်အား လိုက်နာဆောင်ရွက်သွားရန်နှင့် မလိုက်နာပါက အမျိုးသားညီညွတ်ရေးအစိုးရ မှ ချမှတ်သော တရားဥပဒေနှင့် အညီ ပြင်းထန်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကသာ(ပကဖ)က သတိပေးခဲ့သည်။

စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းများ စက်တင်ဘာ ၁၆ရက်နောက်ဆုံးထား အလင်းဝင်ရန် ကသာ(ပကဖ) ကြေညာ
စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းများ စက်တင်ဘာ ၁၆ရက်နောက်ဆုံးထား အလင်းဝင်ရန် ကသာ(ပကဖ) ကြေညာ

အာဏာသိမ်းစစ်ကောင်စီ လက်အောက်၌ တာဝန်ထမ်းဆောင်နေသည့် Non-CDM ဝန်ထမ်းများ စက်တင်ဘာ ၁၆ရက် နောက်ဆုံးထား၍ အလင်းဝင်ကြရန် ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ အမိန့်‌ကြေညာချက်ထုတ်ပြန်သည်။

စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းများ စက်တင်ဘာ ၁၆ရက်နောက်ဆုံးထား အလင်းဝင်ရန် ကသာ(ပကဖ) ကြေညာ
စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းများ စက်တင်ဘာ ၁၆ရက်နောက်ဆုံးထား အလင်းဝင်ရန် ကသာ(ပကဖ) ကြေညာ

စစ်ကိုင်းတိုင်း ကသာမြို့နယ်အတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် နေအိမ်များ မီးရှို့ခံရခြင်း၊ ဖျက်ဆီးခံရခြင်း၊ ပြည်သူများ အကြောင်းမဲ့ ဖမ်းဆီးခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ ပြည်သူအများအပြား စစ်ဘေးရှောင်နေရခြင်းစသည့် အကြမ်းဖက်မှုများ ခံစားနေကြရသော်လည်း စစ်ကောင်စီလက်ပါးစေ Non-CDM များသည် ပြည်သူလူထုကို မျက်ကွယ်ပြု၍ စစ်ကောင်စီ ထောက်တိုင်များအဖြစ် ရပ်တည်လျက်ရှိသည်ကို တွေ့ရ၍ ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

ပြည်သူလူထုနှင့် CDM ဝန်ထမ်းများအား အနှောက်အယှက်ပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးစေရန် သတင်းပေးခြင်း၊ စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ရန် ရည်ရွယ်သော စာရင်းဇယားများပြုစုပေးပို့ ခြင်းများ လုံး၀ မလုပ်ရန်လည်း တားမြစ်ထားသည်။

ထုတ်ပြန်ချက်အား လိုက်နာဆောင်ရွက်သွားရန်နှင့် မလိုက်နာပါက အမျိုးသားညီညွတ်ရေးအစိုးရ မှ ချမှတ်သော တရားဥပဒေနှင့် အညီ ပြင်းထန်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကသာ(ပကဖ)က သတိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။