Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းများ စက်တင်ဘာ ၁၆ရက်နောက်ဆုံးထား အလင်းဝင်ရန် ကသာ(ပကဖ) ကြေညာ

ထုတ်ပြန်ချက်အား လိုက်နာဆောင်ရွက်သွားရန်နှင့် မလိုက်နာပါက အမျိုးသားညီညွတ်ရေးအစိုးရ မှ ချမှတ်သော တရားဥပဒေနှင့် အညီ ပြင်းထန်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကသာ(ပကဖ)က သတိပေးခဲ့သည်။

စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းများ စက်တင်ဘာ ၁၆ရက်နောက်ဆုံးထား အလင်းဝင်ရန် ကသာ(ပကဖ) ကြေညာ
စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းများ စက်တင်ဘာ ၁၆ရက်နောက်ဆုံးထား အလင်းဝင်ရန် ကသာ(ပကဖ) ကြေညာ

အာဏာသိမ်းစစ်ကောင်စီ လက်အောက်၌ တာဝန်ထမ်းဆောင်နေသည့် Non-CDM ဝန်ထမ်းများ စက်တင်ဘာ ၁၆ရက် နောက်ဆုံးထား၍ အလင်းဝင်ကြရန် ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ အမိန့်‌ကြေညာချက်ထုတ်ပြန်သည်။

စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းများ စက်တင်ဘာ ၁၆ရက်နောက်ဆုံးထား အလင်းဝင်ရန် ကသာ(ပကဖ) ကြေညာ
စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းများ စက်တင်ဘာ ၁၆ရက်နောက်ဆုံးထား အလင်းဝင်ရန် ကသာ(ပကဖ) ကြေညာ

စစ်ကိုင်းတိုင်း ကသာမြို့နယ်အတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် နေအိမ်များ မီးရှို့ခံရခြင်း၊ ဖျက်ဆီးခံရခြင်း၊ ပြည်သူများ အကြောင်းမဲ့ ဖမ်းဆီးခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ ပြည်သူအများအပြား စစ်ဘေးရှောင်နေရခြင်းစသည့် အကြမ်းဖက်မှုများ ခံစားနေကြရသော်လည်း စစ်ကောင်စီလက်ပါးစေ Non-CDM များသည် ပြည်သူလူထုကို မျက်ကွယ်ပြု၍ စစ်ကောင်စီ ထောက်တိုင်များအဖြစ် ရပ်တည်လျက်ရှိသည်ကို တွေ့ရ၍ ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

ပြည်သူလူထုနှင့် CDM ဝန်ထမ်းများအား အနှောက်အယှက်ပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးစေရန် သတင်းပေးခြင်း၊ စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ရန် ရည်ရွယ်သော စာရင်းဇယားများပြုစုပေးပို့ ခြင်းများ လုံး၀ မလုပ်ရန်လည်း တားမြစ်ထားသည်။

ထုတ်ပြန်ချက်အား လိုက်နာဆောင်ရွက်သွားရန်နှင့် မလိုက်နာပါက အမျိုးသားညီညွတ်ရေးအစိုးရ မှ ချမှတ်သော တရားဥပဒေနှင့် အညီ ပြင်းထန်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကသာ(ပကဖ)က သတိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။