Connect with us

Hi, what are you looking for?

သတင်း

ဘတ် ၁၄သန်းဖိုး ဟိုတယ်ကပစ္စည်းတွေ ခိုးယူမှုအတွက် မြန်မာလုပ်သား ၃ ဦးအပါအဝင် ၉ဦးကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး

ဖောက်ထွင်းသူတွေဟာ ဟိုတယ်ရဲ့ အိပ်ခန်းတွေ၊ ဧည့်ကြိုခန်းတွေ၊ ဓာတ်လှေကားနဲ့ ယုတ်စွအဆုံး အိမ်သာတွေထဲထိ မွှေနှောက်ပြီး ပစ္စည်း အမျိုးအစား ၃၈၁ ခုကို ယူငင်သွားတယ်လို့ဆိုပါတယ်။

ဘတ် ၁၄သန်းဖိုး ဟိုတယ်ကပစ္စည်းတွေ ခိုးယူမှုအတွက် မြန်မာလုပ်သား ၃ ဦးအပါအဝင် ၉ဦးကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး
ဘတ် ၁၄သန်းဖိုး ဟိုတယ်ကပစ္စည်းတွေ ခိုးယူမှုအတွက် မြန်မာလုပ်သား ၃ ဦးအပါအဝင် ၉ဦးကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး

အပန်းဖြေဟိုတယ်တစ်ခုထဲ ဖောက်ထွင်းဝင်ရောက်ပြီး ဘတ်ငွေ ၁၄သန်းဖိုးလောက် ပစ္စည်းတွေ ခိုးယူမှုအတွက် မြန်မာလုပ်သား ၃ ဦးအပါအဝင် လူ ၉ဦးကို ဖမ်းဆီးထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ခိုဆမွိုင် ကျွန်းပေါ်က ဟိုတယ်ဖောက်ထွင်းမှုမှာ ပစ္စည်းအမျိုးအစားပေါင်းစုံ ၄၀၀ နီးပါး ခိုးယူခံရပြီး ဟိုတယ်အတွက် ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ အခင်းဖြစ်ချိန်က အဲဒီဟိုတယ်ဟာ ကပ်ရောဂါ ဂယက်ကြောင့် ယာယီပိတ်ထားပြီး လူသူကင်းမဲ့နေခဲ့ပါတယ်။ ဖောက်ထွင်းသူတွေဟာ ဟိုတယ်ရဲ့ အိပ်ခန်းတွေ၊ ဧည့်ကြိုခန်းတွေ၊ ဓာတ်လှေကားနဲ့ ယုတ်စွအဆုံး အိမ်သာတွေထဲထိ မွှေနှောက်ပြီး ပစ္စည်း အမျိုးအစား ၃၈၁ ခုကို ယူငင်သွားတယ်လို့ဆိုပါတယ်။

ဘတ် ၁၄သန်းဖိုး ဟိုတယ်ကပစ္စည်းတွေ ခိုးယူမှုအတွက် မြန်မာလုပ်သား ၃ ဦးအပါအဝင် ၉ဦးကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး
ဘတ် ၁၄သန်းဖိုး ဟိုတယ်ကပစ္စည်းတွေ ခိုးယူမှုအတွက် မြန်မာလုပ်သား ၃ ဦးအပါအဝင် ၉ဦးကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး

အစောပိုင်းက ရဲတပ်ဖွဲ့ဟာ ဖောက်ထွင်းမှုနဲ့ ပတ်သက်လို့ မြန်မာတွေအပါအဝင် သံသယ တရားခံ ၆ ဦးကို ဖမ်းဆီးထားခဲ့ပါတယ်။ အခုထပ်ဖမ်းမိတဲ့ ၃ ယောက်မှာတော့ ဖောက်ထွင်းမှု တစ်ခုလုံးကို အကွက်ချ စီစဉ်သူလို့ ယုံကြည်ရတဲ့ ထိုင်းနိုင်ငံသား ၂ ဦးပါ ပါဝင်လာပါတယ်။ အဖမ်းခံထားရသူ ၉ ဦးအနက် ၈ ဦးဟာ ဖောက်ထွင်းမှုနဲ့ တိုက်ရိုက်ဆက်စပ်ပြီး တစ်ဦးကတော့ ခိုးရာပါ ပစ္စည်းတွေ လက်လွှဲဝယ်ယူသူ ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ရဲတွေဟာ နိုင်ငံတောင်ပိုင်းက အပန်းဖြေကျွန်းပေါ်မှာ တည်ရှိပြီး နတ်ချာ နိုဖော်ကူဆိုတဲ့ အမျိုးသမီး တစ်ဦးရဲ့ နာမည်နဲ့ မှတ်ပုံတင်ထားတဲ့ ဂိုဒေါင် တစ်ခုကို ရှာဖွေဝရမ်းနဲ့ ဝင်စစ်ဆေးခဲ့ပါတယ်။ အဲဒီအခါမှာ ချာဝမ် ရေကန်ပြာ ဟိုတယ်ထဲက ခိုးယူသွားတယ်လို့ ယူဆရတဲ့ ပစ္စည်းတွေကို စုဝေး သိုလှောင်ထားကြောင်း တွေ့ရှိခဲ့ကြောင့် ဘော်ဖွတ်မြို့နယ် ရဲတပ်ဖွဲ့ အကြီးအကဲ ယူသာနာ ဆီရီဆွမ်ဘတ်က ဆိုပါတယ်။ မှုခင်းနဲ့ ပတ်သက်လို့ လတ်တလော ဖမ်းဆီးထားသူတွေထဲမှာ မြန်မာလုပ်သား သုံးဦးလည်း ပါဝင်တယ်လို့ သူက အတည်ပြုပါတယ်။

Public Service Announcement

Public Service Announcement

နောက်ဆုံး ဖမ်းမိသူတွေထဲက ဂိုဒေါင်ပိုင်ရှင် အသက် (၃၀)အရွယ် နတ်ချာနဲ့ အသက် ၅၁ နှစ်အရွယ် ချိုင်ဆက် ချန်ချိမ်းတို့ကတော့ အမှုတစ်ခုလုံးကို ကြိုးကိုင် ညွှန်ကြားခဲ့သူတွေ ဖြစ်နိုင်ကြောင်း ရဲတွေက ယူဆထားပါတယ်။ အဖမ်းခံထားရသူ ၉ ဦးစလုံးဟာ ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံရဖွယ် ရှိနေပါတယ်။ ဥပဒေအရ ဒီလို ပြစ်မှုမျိုးအတွက် အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ဘတ်ငွေ ၁ သိန်း ၄ သောင်းထိ ဒဏ်ကြေးဖြစ်စေ၊ ၇ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ ချမှတ် ခံရနိုင်ပါတယ်။

ဘတ် ၁၄သန်းဖိုး ဟိုတယ်ကပစ္စည်းတွေ ခိုးယူမှုအတွက် မြန်မာလုပ်သား ၃ ဦးအပါအဝင် ၉ဦးကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး
ဘတ် ၁၄သန်းဖိုး ဟိုတယ်ကပစ္စည်းတွေ ခိုးယူမှုအတွက် မြန်မာလုပ်သား ၃ ဦးအပါအဝင် ၉ဦးကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး

နတ်ချာဟာ ဆွစ်ဇာလန် နိုင်ငံသား တစ်ဦးရဲ့ ဇနီးဖြစ်ပါတယ်။ အစောပိုင်းမှာ ရဲတွေက တရားခံတွေရဲ့ သဲလွန်စကို ခြေရာခံဖို့ ခက်နေရာက အွန်လိုင်းပေါ်မှာ ခိုးရာပါ ပစ္စည်းတွေကို နတ်ချာက ရောင်းချနေတာ တွေ့ရှိရာက ကွင်းဆက်တွေ ရှာတွေ့လာခဲ့တာလို့ ဆိုပါတယ်။ ဒီအတော အတွင်း ရဲတွေက နတ်ချာကို မကြာခဏ ခေါ်ယူ မေးမြန်းတာမျိုးတွေလည်း ရှိခဲ့ပါတယ်။ မူလက ဆုံးရှုံးမှု တန်ဖိုးကို ဘတ် သန်း ၇၀ လောက်ထိ များပြားမယ်လို့ ဟိုတယ်ဖက်က တိုင်ကြားပေမယ့် နောက်ပိုင်းပြန်လည် စိစစ်တွက်ချက်ပြီးတဲ့နောက် ဘတ် ၁၄ သန်းလို့ ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။

ဟိုတယ်ရဲ့ ပိုင်ရှင်ဟာ မူလက လုံခြုံရေး ကုမ္ပဏီတစ်ခုကို ငှားရမ်းပြီး ဟိုတယ်ကို စောင့်ရှောက်စေခဲ့ပေမယ့် စာချုပ်သက်တမ်း ကုန်သွားချိန်မှာ သီးသန့်အလုပ်သမား တချို့ကိုပဲ ထပ်ငှားပြီး ဟိုတယ်ကို အပ်နှံထားခဲ့ပါတယ်။ ဒါပေမဲ့ ဩဂုတ် ၂၂ ရက်မှာ သွားရောက်စစ်ဆေးကြည့်တဲ့အခါ ပစ္စည်းတွေ အမြောက်အမြား ပျောက်ရှနေတာကို တွေ့ရှိခဲ့တာပါ။ ရဲတွေကတော့ အခုကိစ္စမှာ တရားခံ ၉ ဦးထဲမကဘဲ နောက်ထပ် လွတ်မြောက်နေသူတွေ ရှိနိုင်သေးတယ်လို့ ယူဆထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

ကိုးကား – ဘန်ကောက်ပို့စ်

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

နိုင်ငံတကာ

ဆိုက်ဘာခြိမ်းခြောက်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက် လုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရိုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။