Connect with us

Hi, what are you looking for?

သတင်း

ဟုမ္မလင်းမြို့နယ်ရှိ Non-CDM ဝန်ထမ်းများ အလင်းဝင်ကြရန် မြို့နယ်(ပအဖ) ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဌာန၏ စက်တင်ဘာ ၆ရက် ညွှန်ကြားချက်အရ ယခုကဲ့သို့ ကြေညာခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ဟုမ္မလင်းမြို့နယ်ရှိ Non-CDM ဝန်ထမ်းများ အလင်းဝင်ကြရန် မြို့နယ်(ပအဖ) ကြေညာ
ဟုမ္မလင်းမြို့နယ်ရှိ Non-CDM ဝန်ထမ်းများ အလင်းဝင်ကြရန် မြို့နယ်(ပအဖ) ကြေညာ

စစ်ကိုင်းတိုင်း ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ်အတွင်းရှိ Non-CDM ဝန်ထမ်းများအနေဖြင့် အလင်းဝင်ကြရန် ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ယနေ့ (စက်တင်ဘာ ၁၂ရက်) အမိန့်ထုတ်ပြန် ကြေညာသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဌာန၏ စက်တင်ဘာ ၆ရက် ညွှန်ကြားချက်အရ ယခုကဲ့သို့ ကြေညာခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

CDM ပြည်သူ့ဝန်ထမ်းများအား ခြိမ်းခြောက်ခြင်း၊ အနှောက်အယှက်ပေးခြင်း၊ အကြမ်းဖက် စစ်ကောင်စီ၏ အလိုကျ ကိုယ်တိုင်ပူးပေါင်း လုပ်ဆောင်နေသော Non CDM ဝန်ထမ်းများအား ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ကြေညာထားသည်။

ယခုထုတ်ပြန်သည့် အမိန့်သည် စက်တင်ဘာ ၁၂ရက်မှစ၍ အတည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ Non-CDM ဝန်ထမ်းများအနေဖြင့် CDM ပြုလုပ်အလင်းဝင်ရန် ရွှေဘိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ လက်အောက်ရှိ ရွှေဘိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့ ​(စက်တင်ဘာ ၁၁ ရက်)တွင် Non-CDM များနှင့်ပတ်သက်၍ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်တွင် Non-CDM များ CDM ပြုလုပ်ရန် အကြိမ်ကြိမ် သတိပေးနှိုးဆော်ခဲ့ပြီး ယခုထုတ်ပြန်ချက်ဖြင့် Non-CDM များ အလင်းဝင်ရန် ထပ်မံသတိပေး ဖိတ်ခေါ်ကြောင်း ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သား (၂)ဦး လက်နက်နဲ့ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇) ဘားအံ(ဖားအံ)ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ပေါ်တာဆွဲခံရပြီး ခလရ(၂၅၆)တပ်ရင်းရောက်နေတဲ့ စစ်မှုထမ်းတပ်သား ၁ဦး လက်နက်ယူ ထွက်ပြေးလာပြီး ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံ အလင်းဝင်လာပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပြီး အလင်း၀င်လာတဲ့ စစ်မှုထမ်းတပ်သားတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ် အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ PDF ဇိုလဲန်း တပ်ဖွဲ့ဝင်တွေ စစ်တပ်ထံ အလင်းဝင်ရောက်မှုမရှိဘူးလို့ PDF ဇိုလဲန်း စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။