Connect with us

Hi, what are you looking for?

သတင်း

ပေါက်ရဲစခန်းမှ ရဲတ​ပ်သားတစ်ဦး လက်နက်နှင့်ကျည် အပြည့်အစုံဖြင့် CDMဝင်

ကျန်ရှိရဲနှင့် စစ်သားများအနေဖြင့် အမြင်မှန်ရကာ ပြည်သူနှင့်ပူးပေါင်းပြီး CDM လုပ်စေလိုကြောင်း မြိုင်(ပကဖ)က သတိပေးတိုက်တွန်းသည်။

CDMဝင်လာသော ရဲတပ်သားက လက်နက်နှင့်ကျည်များအပ်နှံနေစဥ်၊ ဓာတ်ပုံ - မြိုင်(ပကဖ)
CDMဝင်လာသော ရဲတပ်သားက လက်နက်နှင့်ကျည်များအပ်နှံနေစဥ်၊ ဓာတ်ပုံ - မြိုင်(ပကဖ)

ကျပ်သိန်းတစ်ရာချီးမြှင့်ခံရပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်

မကွေးတိုင်း၊ ပေါက်မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်နှင့်ကျည် အပြည့်အစုံဖြင့် CDM ဝင်ရောက်လာပြီး ၎င်းအား ကျပ်သိန်းတစ်ရာချီးမြှင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ ပေါက်မြို့နယ်ရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် G3 တစ်လက်၊ကျည်ဘောက်၂ ခု၊ လက်ထိပ် ၁ စုံ၊ ကျည် ၁၃၂ တောင့်ဖြင့် CDM လုပ်ကာ ပြည်သူနှင့် ပူးပေါင်းလာပါသဖြင့် သိန်း ၁၀၀ဆုချီးမြင့်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ထားကြောင်း မြိုင်(ပကဖ)အဖွဲ့က ယနေ့ (စက်တင်ဘာ ၁၃ ရက်) အသိပေးသည်။

CDMဝင်လာသော ရဲတပ်သားက လက်နက်နှင့်ကျည်များအပ်နှံနေစဥ်၊ ဓာတ်ပုံ - မြိုင်(ပကဖ)
CDMဝင်လာသော ရဲတပ်သားက လက်နက်နှင့်ကျည်များအပ်နှံနေစဥ်၊ ဓာတ်ပုံ – မြိုင်(ပကဖ)

“သူက ပေါက်မြို့မရဲစခန်းကနေ CDMဝင်ဖို့ ချိတ်ဆက်ထားတာ တစ်လလောက်ရှိပြီ။ ကျွန်တော်တို့က အခြေအနေကြောင့် မိုးနဲ့လေနဲ့မို့ အခုမိုးခြောက်လေခြောက်မှ သွားခေါ်လာတာ။ စကစအောက်က ဝန်ထမ်းတွေ CDM ဝင်ကြပါ။ကျွန်တော်တို့ကတော့ အရင်တုန်းကလို သုတ်သင်ရှင်းလင်းတာတွေ မလုပ်ချင်တော့ဘူး။ သူတို့မှာလည်း မိသားစုဝင်တွေရှိမယ်။ ကျွန်တော်တို့မှာလည်း မိသားစုတွေရှိတယ်။ တခြားသူတွေလည်း စိတ်ဆင်းရဲမယ်။ အမြင်မှန်ရပြီး CDMဝင်ကြဖို့ တိုက်တွန်းပါတယ်။”ဟု ဗိုလ်လက်ယျာက ပြောသည်။

ကျန်ရှိရဲနှင့် စစ်သားများအနေဖြင့် အမြင်မှန်ရကာ ပြည်သူနှင့်ပူးပေါင်းပြီး CDM လုပ်စေလိုကြောင်း မြိုင်(ပကဖ)က သတိပေးတိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ၎င်းတို့နယ်တစ်ဝိုက်ရှိ စစ်သားတစ်ဦးအပါအဝင် ရဲ ၁၅ဦးခန့် CDM ဝင်ရောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ​လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

"အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် နေပြည်တော် ကားအငှားဝန်ဆောင်မှုနဲ့ ကားမောင်းသင်တန်းက ကိုဝင်းပါ။ အခုကတော့ ကျွန်တော် ဘယ်ရောက်နေလဲဆိုတော့ မန္တလေး တံတားဦးကို ရောက်နေတာဖြစ်ပါတယ်ခင်ဗျာ"

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။