Connect with us

Hi, what are you looking for?

သတင်း

ရွှေပြည်သာရှိ စစ်သားစုဆောင်းရေးတပ်ဂိတ်ကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

အထက်ပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ် ဘက်မှ ထိခိုက်မှုအခြေအနေအား မသိရသေးသော်လည်း GHF မှရဲဘော်များ အထိအခိုက်မရှိ ​အောင်မြင်စွာပြန်ဆုတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ရွှေပြည်သာရှိ စစ်သားစုဆောင်းရေးတပ်ဂိတ်ကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်
ရွှေပြည်သာရှိ စစ်သားစုဆောင်းရေးတပ်ဂိတ်ကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

▪️နောက်တစ်ဆင့်ဖောက်ခွဲရန် ပြင်ဆင်ခဲ့သော် လည်း နည်းပညာအခက်အခဲကြောင့် မအောင်မြင်ခဲ့

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ စစ်သားစုဆောင်းရေးတပ် အနောက်ဘက်ဂိတ်အား အဝေးထိန်းဗုံးတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း God’s Hands Force(GHF)က ထုတ်ပြန်သည်။

ယမန်နေ့ (စက်တင်ဘာ ၁၂ ရက်) ည ၇ နာရီ ၁၀ မိနစ်ခန့်က ဒညင်းကုန်းရထားသံလမ်းအကျော်ရှိ စစ်သားစု ဆောင်းရေးတပ် အနောက်ဘက်ဂိတ်ပေါက်အား အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ထိုသို့ ဂိတ်ပေါက်အား ဖောက်ခွဲတိုက်ခိုက်ပြီးချိန် တပ်ဝန်းအတွင်းမှ စစ်ကောင်စီတပ်များထွက်လာရာ နောက်တစ်ဆင့် ထပ်မံဖောက်ခွဲရန် ပြင်ဆင် ထားခဲ့သော်လည်း နည်းပညာချို့ယွင်းမှုဖြစ်ပြီး အဝေးထိန်းဗုံးမှာ ပေါက်ကွဲခြင်းမရှိခဲ့ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“ထင်သလောက် မထိရောက်ပေမယ့် ငါတို့က ဘယ်တော့မှ လက်မလျော့ဘူး။ ဘုရားရဲ့တရားသောလက်တွေ မြို့ ပြမှာ အာဏာရှင်စနစ် မပျက်သုန်းသ၍ ငါတို့ ရှိနေမယ်။ ငါတို့မြို့ပြကွ လုံးဝ အုပ်ချုပ်ခွင့်မရစေရ”ဟု GHF မြေအောက်တော်လှန်ရေးအဖွဲ့က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ် ဘက်မှ ထိခိုက်မှုအခြေအနေအား မသိရသေးသော်လည်း GHF မှရဲဘော်များ အထိအခိုက်မရှိ ​အောင်မြင်စွာပြန်ဆုတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သော God’s Hands Force(GHF)မြေအောက်တော်လှန်ရေးအဖွဲ့သည် Yangon UG Assosiation(YUA)အဖွဲ့ဝင်လည်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ကျူးလွန်သူက ဝင်းနိမ္မိတာရုံဆရာတော်ကို ပစ်သတ်ခဲ့ပြီးနောက်ပိုင်း စိတ်ကစဉ့်ကလျားဖြစ်နေသူဟု သတင်းထွက်

သတင်း

အာဏာသိမ်းစစ်တပ်က တပ်သား ၁ဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်နြပ်ပါတယ်။