Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေပြည်သာရှိ စစ်သားစုဆောင်းရေးတပ်ဂိတ်ကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

အထက်ပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ် ဘက်မှ ထိခိုက်မှုအခြေအနေအား မသိရသေးသော်လည်း GHF မှရဲဘော်များ အထိအခိုက်မရှိ ​အောင်မြင်စွာပြန်ဆုတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ရွှေပြည်သာရှိ စစ်သားစုဆောင်းရေးတပ်ဂိတ်ကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်
ရွှေပြည်သာရှိ စစ်သားစုဆောင်းရေးတပ်ဂိတ်ကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

▪️နောက်တစ်ဆင့်ဖောက်ခွဲရန် ပြင်ဆင်ခဲ့သော် လည်း နည်းပညာအခက်အခဲကြောင့် မအောင်မြင်ခဲ့

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ စစ်သားစုဆောင်းရေးတပ် အနောက်ဘက်ဂိတ်အား အဝေးထိန်းဗုံးတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း God’s Hands Force(GHF)က ထုတ်ပြန်သည်။

ယမန်နေ့ (စက်တင်ဘာ ၁၂ ရက်) ည ၇ နာရီ ၁၀ မိနစ်ခန့်က ဒညင်းကုန်းရထားသံလမ်းအကျော်ရှိ စစ်သားစု ဆောင်းရေးတပ် အနောက်ဘက်ဂိတ်ပေါက်အား အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ထိုသို့ ဂိတ်ပေါက်အား ဖောက်ခွဲတိုက်ခိုက်ပြီးချိန် တပ်ဝန်းအတွင်းမှ စစ်ကောင်စီတပ်များထွက်လာရာ နောက်တစ်ဆင့် ထပ်မံဖောက်ခွဲရန် ပြင်ဆင် ထားခဲ့သော်လည်း နည်းပညာချို့ယွင်းမှုဖြစ်ပြီး အဝေးထိန်းဗုံးမှာ ပေါက်ကွဲခြင်းမရှိခဲ့ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“ထင်သလောက် မထိရောက်ပေမယ့် ငါတို့က ဘယ်တော့မှ လက်မလျော့ဘူး။ ဘုရားရဲ့တရားသောလက်တွေ မြို့ ပြမှာ အာဏာရှင်စနစ် မပျက်သုန်းသ၍ ငါတို့ ရှိနေမယ်။ ငါတို့မြို့ပြကွ လုံးဝ အုပ်ချုပ်ခွင့်မရစေရ”ဟု GHF မြေအောက်တော်လှန်ရေးအဖွဲ့က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ် ဘက်မှ ထိခိုက်မှုအခြေအနေအား မသိရသေးသော်လည်း GHF မှရဲဘော်များ အထိအခိုက်မရှိ ​အောင်မြင်စွာပြန်ဆုတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သော God’s Hands Force(GHF)မြေအောက်တော်လှန်ရေးအဖွဲ့သည် Yangon UG Assosiation(YUA)အဖွဲ့ဝင်လည်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိ လူထုကြား ​သောကများ​နေကြသည့် စစ်မှုထမ်းကိစ္စကို အထူးအ​လေး​ပေးပြုလုပ်​နေကြသည့် စစ်ကောင်စီအလိုတော်ရိ ဝန်ထမ်းများ၊ ​ထွေအုပ်၊ ရပ်ကွက်အုပ်ကြီးများနှင့် လက်​​ဝေခံ ထောက်တိုင်များလည်း သတိထား​နေကြရန် ရန်ကုန်ပကဖက ပြင်းထန်စွာ သတိ​ပေးသည်။

သတင်း

AA က ရခိုင်ပြည်နယ် တွင် ​မြောက်ဦး ၊မင်းပြား၊​ကျောက်တော် ၊ ​ပေါက်​တော ၊ ​မြေပုံ စ​သောမြို့များကို သိမ်းပိုက်ထားပြီး ရ​သေ့​တောင် ၊​မောင်​တော ၊ မအိ ၊ ​ကျောက်ဖြူ ၊ရမ်းဗြဲ စ​သောမြို့များကို ထိုးစစ်ဆင်တိုက်ခိုက်​နေသည်။

သတင်း

အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်များဖြစ်ခဲ့သည်မှာ မှန်ကန်ပြီး လူထိခိုက်မှုမရှိကြောင်း လှိုင်သာယာကင်းထောက်ချန်နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ကျောက်မဲမြို့နယ်ရှိ အထက်ပါစခန်းသိမ်းတိုက်ပွဲအပြင် မန်တုံမြို့နယ်မှ စစ်ကောင်စီ၏ ခိုမုန်း (မန်နား)တပ်စခန်းကို ယမန်နေ့ ညနေ ၄နာရီခွဲတွင် ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်