စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စစ်ကောင်စီအရာရှိများ ဂေါက်ရိုက်သည်ကို ရုပ်သံရိုက်ကူးနေစဥ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။
မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီအကြီးအကဲများ လာရောက်ဂေါက်ရိုက်လေ့ရှိသည့် Monywa Golf Club ကွင်း၌ ယနေ့(စက်တင်ဘာလ ၁၃ ရက်) ဂေါက်လာရိုက်သည့် စစ်ကောင်စီအကြီးအကဲများအား ရုပ်သံလာရောက်ရိုက်ကူးခဲ့ကြောင်း၊ ထိုသို့ဂေါက်ရိုက်သည့်အဖွဲ့နှင့်ရိုက်ကူးသည့်အဖွဲ့ကြား လက်ပစ်ဗုံးဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA)က သတင်းထုတ်ပြန်သည်။

“MRTVလား MWDလားမသိ။ ကင်မရာကြီးတစ်ထောင်ထောင် လုပ်နေသောအဖွဲ့နှင့် ဂေါက်လာရိုက်သော ွေးအကြီးများ အဖွဲ့နှစ်ဖွဲ့ကြား ရှယ်နာနတ်သီးတစ်လုံးဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ …ကင်မရာတစ်လုံးတောင် ပစ်ပြီးပြေးတာ။ ပြန်တောင်မကောက်ရဲရှာဘူးတဲ့ဗျာ။”ဟု MRDA၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ MRDA တာဝန်ရှိသူက “ခု Mission(စစ်ဆင်ရေး)က ချိန်နေခဲ့တာကြာပါပြီခင်ဗျာ။ ခုလို တစ်ဖက်မှာဖိတော့ တစ်ဖက်မှာ ကြွရမယ့်အချိန်နဲ့ ကိုက်ညီပြီး ွေးတွေဘက်ကလည်းသူတို့ Show တစ်ခု ပြသဖို့ ကွက်တိကြတာနဲ့ အကောင်ထည်ဖော်ဖြစ်ခဲ့တာပါ”ဟု ပြောသည်။

Public Service Announcement
ထိခိုက်မှုအခြေအနေ မသိရသေးဘဲ ထိုတိုက်ခိုက်မှုကို Monywa Fright Group၊ Monywa Ninja Team၊ Nation People Defence Force အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု သိရသည်။


















































