Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးတားဒေသ ငါးရက်အတွင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်၂၀ ထက်မနည်းသေဟု ကသာ (ပကဖ) ထုတ်ပြန်

တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်ကျဆုံးရှိ၊မရှိ အခြေအနေကို ဖော်ပြမထားပေ။

စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော ခဲယမ်းများကို ပြသထားစဉ်၊ ဓာတ်ပုံ - ကသာ(ပကဖ)
စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော ခဲယမ်းများကို ပြသထားစဉ်၊ ဓာတ်ပုံ - ကသာ(ပကဖ)

▪️ရေနစ်သေဆုံးသည့် စစ်ကောင်စီတပ်သား တစ်ဦး၏ အလောင်းကိုလည်းတွေ့ရှိခဲ့ဟု ဖော်ပြ

စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားတိုက်နယ်အတွင်း၌ တိုက်ပွဲများဖြစ်ခဲ့ရာ ငါးရက်အတွင်း စစ်ကောင်စီတပ်မှ ၂၀ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁၂ရက်မှ ၁၆ရက်အတွင်း ကသာမြို့အထက်ဘက် မိုးတားတိုက်နယ်အတွင်း ဒေသကာကွယ်ရေးတပ်ပေါင်းစုများနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ငါးကြိမ်ထက်မနည်း ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် မိုးတားလေးမှ ကသာမြို့ သို့ ဦးတည် အပြန်စစ်ကြောင်း ထိုးလာခဲ့ရာ ကာကွယ်ရေးအဖွဲ့များ၏ မိုင်းကွင်းများကို ကွင်းသည့်အနေဖြင့် ကမ်းပါးယံအတိုင်း လာခဲ့ကြောင်း၊ ထိုသို့ စစ်ကြောင်းထိုးလာစဉ် ကမ်းပါးပြိုကျ၍ ရေနစ်သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး၏ ရုပ်အလောင်းကိုရရှိခဲ့ကြောင်း ပုပ်ပွနေသည့် စစ်ကောင်စီတပ်သား၏ ရုပ်အလောင်းဓာတ်ပုံနှင့်တကွ ဖော်ပြသည်။

တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်ကျဆုံးရှိ၊မရှိ အခြေအနေကို ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။