Connect with us

Hi, what are you looking for?

သတင်း

မိုးတားဒေသ ငါးရက်အတွင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်၂၀ ထက်မနည်းသေဟု ကသာ (ပကဖ) ထုတ်ပြန်

တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်ကျဆုံးရှိ၊မရှိ အခြေအနေကို ဖော်ပြမထားပေ။

စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော ခဲယမ်းများကို ပြသထားစဉ်၊ ဓာတ်ပုံ - ကသာ(ပကဖ)
စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော ခဲယမ်းများကို ပြသထားစဉ်၊ ဓာတ်ပုံ - ကသာ(ပကဖ)

▪️ရေနစ်သေဆုံးသည့် စစ်ကောင်စီတပ်သား တစ်ဦး၏ အလောင်းကိုလည်းတွေ့ရှိခဲ့ဟု ဖော်ပြ

စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားတိုက်နယ်အတွင်း၌ တိုက်ပွဲများဖြစ်ခဲ့ရာ ငါးရက်အတွင်း စစ်ကောင်စီတပ်မှ ၂၀ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁၂ရက်မှ ၁၆ရက်အတွင်း ကသာမြို့အထက်ဘက် မိုးတားတိုက်နယ်အတွင်း ဒေသကာကွယ်ရေးတပ်ပေါင်းစုများနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ငါးကြိမ်ထက်မနည်း ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် မိုးတားလေးမှ ကသာမြို့ သို့ ဦးတည် အပြန်စစ်ကြောင်း ထိုးလာခဲ့ရာ ကာကွယ်ရေးအဖွဲ့များ၏ မိုင်းကွင်းများကို ကွင်းသည့်အနေဖြင့် ကမ်းပါးယံအတိုင်း လာခဲ့ကြောင်း၊ ထိုသို့ စစ်ကြောင်းထိုးလာစဉ် ကမ်းပါးပြိုကျ၍ ရေနစ်သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး၏ ရုပ်အလောင်းကိုရရှိခဲ့ကြောင်း ပုပ်ပွနေသည့် စစ်ကောင်စီတပ်သား၏ ရုပ်အလောင်းဓာတ်ပုံနှင့်တကွ ဖော်ပြသည်။

တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်ကျဆုံးရှိ၊မရှိ အခြေအနေကို ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။