Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လှိုင်မြို့နယ် (၁၃)ရပ်ကွက် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ

ယနေ့(စက်တင်ဘာ ၁၇ ရက်) နံနက် ၈နာရီခန့်တွင် လှိုင်မြို့နယ် (၁၃)ရပ်ကွက် ရတနာလမ်း ပေါ်တွင် ရာအိမ်မှူးအောင်စိုးမှာ သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခံရခြင်းဟု ဆိုသည်။

(ယမန်နှစ်က လှိုင်မြို့နယ် (၁၃)ရပ်ကွက်မှ စစ်ကောင်စီသတင်းပေးဆိုသူ ကျော်အေး သတ်ခံရပြီးနောက် လူနာတင်ယာဥ်ဖြင့် လာရောက်သယ်ဆောင်နေစဥ်၊ ဓာတ်ပုံ - CJ၊ ပုံအဟောင်းကို အသုံးပြုထားပါသည်)
(ယမန်နှစ်က လှိုင်မြို့နယ် (၁၃)ရပ်ကွက်မှ စစ်ကောင်စီသတင်းပေးဆိုသူ ကျော်အေး သတ်ခံရပြီးနောက် လူနာတင်ယာဥ်ဖြင့် လာရောက်သယ်ဆောင်နေစဥ်၊ ဓာတ်ပုံ - CJ၊ ပုံအဟောင်းကို အသုံးပြုထားပါသည်)

ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ယနေ့(စက်တင်ဘာ ၁၇ ရက်) နံနက် ၈နာရီခန့်တွင် လှိုင်မြို့နယ် (၁၃)ရပ်ကွက် ရတနာလမ်း ပေါ်တွင် ရာအိမ်မှူးအောင်စိုးမှာ သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခံရခြင်းဟု ဆိုသည်။

“ရတနာလမ်းပေါ်မှာပဲ သူ့အိမ်က။လမ်းလျှောက်နေရင်း ပစ်ခံရတာ။ပစ်ခံရတဲ့နေရာမှာတင် သေ သွားတယ်”ဟု လှိုင်မြို့နယ်(၁၃)ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

၎င်း(ရာအိမ်မှူး အောင်စိုး)သည် စစ်ကောင်စီ သတင်းပေးဒလန်အဖြစ်နာမည်ကြီးသူဖြစ်ပြီး ရပ်ကွက်အတွင်း နေထိုင်သူများကိုလည်း အာဏာပြလေ့ရှိသူဟု ၎င်းက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်၏ အာဏာသိမ်းပြီး နောက်ပိုင်း ရန်ကုန်မြို့အပါအဝင် နိုင်ငံအနှံ့ စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သော ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ မကြာခဏရှင်းလင်းခံနေရသည်။

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေများ၊သတင်းပေးများနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်ထားသူများအနေဖြင့် အမြန်ဆုံးနှုတ်ထွက်ရန် တော်လှန်ရေးအင်အားစုများနှင့် မြို့ပြ ပြောက်ကျားတပ်ဖွဲ့များက အကြိမ်ကြိမ်သတိ ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

သက်ဆိုင်ရာဒေသအလိုက် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအတွက် ကူညီသူများကို အရေးယူမည်ဟု ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

သတင်း

မနိုဘယ်လ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့‌သောကြောင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည်။

သတင်း

ရာအိမ်မှူးအပြင် အခြားနောက်တစ်ဦးမှာလည်း ကျည် ၂ ချက် ထိမှန်ဒဏ်ရာရပြီးထွက်ပြေးသွားကာ ကျန်တစ်ဦးမှာအမျိုးသမီး စာ​ရေး ဖြစ်နေ၍ သတိပေးကာ အသက်ချမ်းသာပေးခဲ့ကြောင်းကိုချာလီ ကဆက်ပြောသည်။

သတင်း

ဘုရားသုံးဆူမြို့ရှိ အလှပြင်ဆိုင်တစ်ခုအတွင်း ရောက်ရှိနေသော စစ်ကောင်စီလက်အောက်ခံ ခလရ(၉၇)တပ် ဒုတပ်ရင်းမှူး အေးချမ်းအား နဂါးနီးစစ်ကြောင်းကပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်းသိရသည်။