Connect with us

Hi, what are you looking for?

သတင်း

လှိုင်မြို့နယ် (၁၃)ရပ်ကွက် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ

ယနေ့(စက်တင်ဘာ ၁၇ ရက်) နံနက် ၈နာရီခန့်တွင် လှိုင်မြို့နယ် (၁၃)ရပ်ကွက် ရတနာလမ်း ပေါ်တွင် ရာအိမ်မှူးအောင်စိုးမှာ သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခံရခြင်းဟု ဆိုသည်။

(ယမန်နှစ်က လှိုင်မြို့နယ် (၁၃)ရပ်ကွက်မှ စစ်ကောင်စီသတင်းပေးဆိုသူ ကျော်အေး သတ်ခံရပြီးနောက် လူနာတင်ယာဥ်ဖြင့် လာရောက်သယ်ဆောင်နေစဥ်၊ ဓာတ်ပုံ - CJ၊ ပုံအဟောင်းကို အသုံးပြုထားပါသည်)
(ယမန်နှစ်က လှိုင်မြို့နယ် (၁၃)ရပ်ကွက်မှ စစ်ကောင်စီသတင်းပေးဆိုသူ ကျော်အေး သတ်ခံရပြီးနောက် လူနာတင်ယာဥ်ဖြင့် လာရောက်သယ်ဆောင်နေစဥ်၊ ဓာတ်ပုံ - CJ၊ ပုံအဟောင်းကို အသုံးပြုထားပါသည်)

ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ယနေ့(စက်တင်ဘာ ၁၇ ရက်) နံနက် ၈နာရီခန့်တွင် လှိုင်မြို့နယ် (၁၃)ရပ်ကွက် ရတနာလမ်း ပေါ်တွင် ရာအိမ်မှူးအောင်စိုးမှာ သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခံရခြင်းဟု ဆိုသည်။

“ရတနာလမ်းပေါ်မှာပဲ သူ့အိမ်က။လမ်းလျှောက်နေရင်း ပစ်ခံရတာ။ပစ်ခံရတဲ့နေရာမှာတင် သေ သွားတယ်”ဟု လှိုင်မြို့နယ်(၁၃)ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

၎င်း(ရာအိမ်မှူး အောင်စိုး)သည် စစ်ကောင်စီ သတင်းပေးဒလန်အဖြစ်နာမည်ကြီးသူဖြစ်ပြီး ရပ်ကွက်အတွင်း နေထိုင်သူများကိုလည်း အာဏာပြလေ့ရှိသူဟု ၎င်းက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်၏ အာဏာသိမ်းပြီး နောက်ပိုင်း ရန်ကုန်မြို့အပါအဝင် နိုင်ငံအနှံ့ စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သော ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ မကြာခဏရှင်းလင်းခံနေရသည်။

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေများ၊သတင်းပေးများနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်ထားသူများအနေဖြင့် အမြန်ဆုံးနှုတ်ထွက်ရန် တော်လှန်ရေးအင်အားစုများနှင့် မြို့ပြ ပြောက်ကျားတပ်ဖွဲ့များက အကြိမ်ကြိမ်သတိ ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဒုရဲမှူးတစ်ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ ရေဦးမြို့အဝင်က စစ်ကောင်စီရဲ့ကြာပန်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူက ပြောပါတယ်။

သတင်း

ဖားကန့်၊လုံးခင်းကျေးရွာအုပ်စုထဲမှာတိုက်ပွဲဖြစ်ပွားနေချိန် ပိတ်မိနေတဲ့အရပ်သားတွေထဲက ၂ ဦးကို အာဏာသိမ်းစစ်တပ်ကပစ်သတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ထနောင်းတောကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံလူငယ် ၂ဦးကို ပစ်သတ်ကာ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ သံလမ်းမှတ်တိုင်မှာ စစ်သားတွေ မူးပြီး သေနတ်နဲ့ ရမ်းကားပစ်ခတ်ခဲ့တယ်လို့ ဖြစ်စဉ်အနီးနား ရှိနေသူတွေက ပြောပါတယ်။