Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်နယ်တွင် ရွာအပြင်ထွက်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများဟုဆို

အထက်ပါတိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဘေးကင်းအောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

တန့်ဆည်မြို့နယ်အခြေစိုက် တော်လှန်ရေးရဲဘော်များအား တွေ့ရစဥ်(ပုံဟောင်း)
တန့်ဆည်မြို့နယ်အခြေစိုက် တော်လှန်ရေးရဲဘော်များအား တွေ့ရစဥ်(ပုံဟောင်း)

တန့်ဆည်မြို့နယ် အင်္ကုက္ကားမှ​ အောင်ချမ်းသာကျေးရွာဘက်ထွက်လာသည့် စစ်အုပ်စုအား မိုင်းသုံးလုံးဖြင့်ဖောက်ခွဲသည့်အပြင် ဒေသကာကွယ် ရေးပူးပေါင်းတပ်များမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း Guerrilla Warfare-K.P.K တပ်ဖွဲ့က ယနေ့(စက်တင်ဘာ ၁၇)တွင် ထုတ်ပြန်သည်။

ယနေ့နံနက် ၈ နာရီခွဲခန့်က အင်္ကုက္ကားရွာမှ​ အောင်ချမ်း သာရွာဘက်သို့ထွက်လာသော စစ်အုပ်စုအား Guerrilla Warfare-K.P.K ၊TSR ၊Taze Tiger၊ Nine Star၊ တပ်ရင်း (၈)၊ တပ်ရင်း(၆)၊ တပ်ရင်း (၁၀)၊ တပ်ရင်း(၁၆)၊ TCRLFPLA နှင့် PLA တပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော် ပြသည်။

တိုက်ခိုက်ရာတွက် ဆွဲမိုင်းတစ်လုံး၊ တိုက်မိုင်းနှစ် လုံးဖြင့် စတင်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကာ စစ်အုပ်စုဘက်မှ အထိအခိုက်အသေအဆုံးများနိုင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

အထက်ပါတိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဘေးကင်းအောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။