Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်နယ်တွင် ရွာအပြင်ထွက်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများဟုဆို

အထက်ပါတိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဘေးကင်းအောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

တန့်ဆည်မြို့နယ်အခြေစိုက် တော်လှန်ရေးရဲဘော်များအား တွေ့ရစဥ်(ပုံဟောင်း)
တန့်ဆည်မြို့နယ်အခြေစိုက် တော်လှန်ရေးရဲဘော်များအား တွေ့ရစဥ်(ပုံဟောင်း)

တန့်ဆည်မြို့နယ် အင်္ကုက္ကားမှ​ အောင်ချမ်းသာကျေးရွာဘက်ထွက်လာသည့် စစ်အုပ်စုအား မိုင်းသုံးလုံးဖြင့်ဖောက်ခွဲသည့်အပြင် ဒေသကာကွယ် ရေးပူးပေါင်းတပ်များမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း Guerrilla Warfare-K.P.K တပ်ဖွဲ့က ယနေ့(စက်တင်ဘာ ၁၇)တွင် ထုတ်ပြန်သည်။

ယနေ့နံနက် ၈ နာရီခွဲခန့်က အင်္ကုက္ကားရွာမှ​ အောင်ချမ်း သာရွာဘက်သို့ထွက်လာသော စစ်အုပ်စုအား Guerrilla Warfare-K.P.K ၊TSR ၊Taze Tiger၊ Nine Star၊ တပ်ရင်း (၈)၊ တပ်ရင်း(၆)၊ တပ်ရင်း (၁၀)၊ တပ်ရင်း(၁၆)၊ TCRLFPLA နှင့် PLA တပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော် ပြသည်။

တိုက်ခိုက်ရာတွက် ဆွဲမိုင်းတစ်လုံး၊ တိုက်မိုင်းနှစ် လုံးဖြင့် စတင်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကာ စစ်အုပ်စုဘက်မှ အထိအခိုက်အသေအဆုံးများနိုင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

အထက်ပါတိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဘေးကင်းအောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။