Connect with us

Hi, what are you looking for?

သတင်း

တစ်နှစ်အတွင်း မြိတ်ခရိုင်၌တိုက်ပွဲ ၄၀ကျော်ဖြစ်ပွားပြီး စစ်ကောင်စီတပ် ၂၀၀ ကျော်သေဆုံးဟု PDF ထုတ်ပြန်

ထို့အပြင် မဟာမိတ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း (၁)မှတို့ ရဲဘော် ၈ ဦးကျဆုံးပြီး ၁၃ဦး ဒဏ်ရာရရှိခဲ့ဟု အဆိုပါတပ်ရင်းက ထုတ်ပြန်ထားသည်။

(ပုလော PDF မှရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)
(ပုလော PDF မှရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)

တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်း ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ပြီး တစ်နှစ်အတွင်းတိုက်ပွဲပေါင်း ၄၁ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ သေဆုံးသူ ၂၀၀ရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊မြိတ်ခရိုင်တပ်ရင်း(၁)က ယနေ့ထုတ်ပြန်သည်။

အဆိုပါတပ်ရင်းသည် NUG အစိုးရက ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ကြေညာခဲ့သည့် စက်တင်ဘာ ၇ရက်မှ သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင် EAO၊ ပကဖ ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LDF)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု​ ဖော်ပြသည်။

အဆိုပါကာလအတွင်း စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲ ၄၁ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီထောက်တိုင် လေးကြိမ်ဖြိုခဲ့ပြီး စုစုပေါင်း ၄၅ ကြိမ်ရှိခဲ့သည်ဟု ဆိုသည်။ အဆိုပါကာလအတွင်း စစ်ကောင်စီဘက်မှ ၂၀၆ဦးနှင့် ဒဏ်ရာရရှိသူ ၂၅၇ ဦးရှိသည်ဟုလည်း ထုတ်ပြန်ထားသည်။

“အဓိက မိုင်းကြောင့် ကျတာများတယ်။ ရင်ဆိုင်တိုက်ပွဲတွေဆို ကျွန်တော်တို့ဘက်က လက်နက်အင်အားမမျှတော့ ထိရောက်မှု သိပ်မရှိဘူးခဗျ၊မိုင်းက အတော်လေး ကျဆုံးစေတယ်”ဟု မြိတ်ခရိုင်၊တပ်ရင်း (၁)က တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မဟာမိတ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း (၁)မှတို့ ရဲဘော် ၈ ဦးကျဆုံးပြီး ၁၃ဦး ဒဏ်ရာရရှိခဲ့ဟု အဆိုပါတပ်ရင်းက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ