Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်နယ် ကျွန်းလယ်မှထွက်လာသည့် စစ်အုပ်စုကို တိုက်မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ၁၅ဦးခန့်သေဆုံးပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိပြန်ဆုတ်နိုင်ခဲ့သည်ဟု ဆိုသည်။

တန့်ဆည်နယ် ကျွန်းလယ်မှထွက်လာသည့် စစ်အုပ်စုကို တိုက်မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်
တန့်ဆည်နယ် ကျွန်းလယ်မှထွက်လာသည့် စစ်အုပ်စုကို တိုက်မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကျွန်းလယ်ကျေးရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်အား တိုက်မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Guerrilla Warfare – K.P.K က ယနေ့(စက်တင်ဘာ ၁၉) ထုတ်ပြန်သည်။

ယနေ့နံနက်အစောပိုင်း ၂ နာရီခန့်က ကျွန်လယ်ရွာမှာ ထန်းပင်ဆိပ်ရွာဘက်သို့ စစ်ကြောင်းထိုးလာသော အင်အား ၁၅၀ခန့်ရှိ စစ်ကောင်စီတပ်အား Guerrilla Warfare – K.P.K တပ်ဖွဲ့မှ တိုက်မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ၁၅ဦးခန့်သေဆုံးပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိပြန်ဆုတ်နိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

အထက်ပါစစ်ကြောင်းသည် စက်တင်ဘာ ၁၇ရက်က အင်ကုက္ကားရွာမှ ထွက်လာသည့်စစ်ကြောင်းဖြစ်ပြီး ယင်းစစ်ကြောင်းကို Guerrilla Warfare – K.P.K နှင့်မဟာမိတ်တပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ခန့်သေဆုံးခဲ့ပြီး ယင်းနေ့ညနေပိုင်းတွင် ကျွန်းလယ်ရွာဘက်သို့ စစ်ကြောင်းထိုးသွားခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

အလားတူ ယနေ့ညနေ ၃ နာရီ ၅၀ ခန့်ကလည်း တန့်ဆည်မြို့ပေါ် ရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသော ရွှေဒေါင်းမင်းဆီဆိုင်အား ရွှေဘိုခရိုင် တပ်ရင်း (၆) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့မှ ပူးပေါင်း၍ လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေဥတင်းရင်းမြစ် Taze News က ဖော်ပြသည်။

ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်များ သေဆုံး ၊ ထိခိုက်ဒဏ်ရာရရှိမှု များပြားနိုင်ပြီး ကာကွယ်ရေး ပူးပေါင်းအဖွဲ့မှ ရဲဘော်များ အန္တရာယ်ကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ခင်ဦးနယ်အတွင်းရှိ ကျေးရွာ ၁၂ရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။

သတင်း

"ကန့်ဘလူကနေ တန့်ဆည်အထိ ရဟတ်ယာဉ်နဲ့လာတယ်။ တန့်ဆည်ကနေ ကံထူးမအထိ ၁၂ မိုင်ကို ခြေလျင်လာတာဒီကောင်တွေ တစ်ရက်ကျော်ကြာပြီ မရောက်သေးတာ" ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

သတင်း

တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းများအား ဖေဖော်ဝါရီ ၂၁ရက်မှ ၂၄ရက်ထိ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃၀ကျော် သေဆုံးခဲ့သည်ဟု ဆိုသည်။

သတင်း

ဇန်နဝါရီလ ၂၁ ရက်နေ့ညနေက တန်ဆည်မြို့အရှေ့ဘက်တစ်နေရာ၍ စစ်ကောင်စီစစ်ကြောင်းအားတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။