Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်နယ် ကျွန်းလယ်မှထွက်လာသည့် စစ်အုပ်စုကို တိုက်မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ၁၅ဦးခန့်သေဆုံးပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိပြန်ဆုတ်နိုင်ခဲ့သည်ဟု ဆိုသည်။

တန့်ဆည်နယ် ကျွန်းလယ်မှထွက်လာသည့် စစ်အုပ်စုကို တိုက်မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်
တန့်ဆည်နယ် ကျွန်းလယ်မှထွက်လာသည့် စစ်အုပ်စုကို တိုက်မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကျွန်းလယ်ကျေးရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်အား တိုက်မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Guerrilla Warfare – K.P.K က ယနေ့(စက်တင်ဘာ ၁၉) ထုတ်ပြန်သည်။

ယနေ့နံနက်အစောပိုင်း ၂ နာရီခန့်က ကျွန်လယ်ရွာမှာ ထန်းပင်ဆိပ်ရွာဘက်သို့ စစ်ကြောင်းထိုးလာသော အင်အား ၁၅၀ခန့်ရှိ စစ်ကောင်စီတပ်အား Guerrilla Warfare – K.P.K တပ်ဖွဲ့မှ တိုက်မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ၁၅ဦးခန့်သေဆုံးပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိပြန်ဆုတ်နိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

အထက်ပါစစ်ကြောင်းသည် စက်တင်ဘာ ၁၇ရက်က အင်ကုက္ကားရွာမှ ထွက်လာသည့်စစ်ကြောင်းဖြစ်ပြီး ယင်းစစ်ကြောင်းကို Guerrilla Warfare – K.P.K နှင့်မဟာမိတ်တပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ခန့်သေဆုံးခဲ့ပြီး ယင်းနေ့ညနေပိုင်းတွင် ကျွန်းလယ်ရွာဘက်သို့ စစ်ကြောင်းထိုးသွားခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

အလားတူ ယနေ့ညနေ ၃ နာရီ ၅၀ ခန့်ကလည်း တန့်ဆည်မြို့ပေါ် ရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသော ရွှေဒေါင်းမင်းဆီဆိုင်အား ရွှေဘိုခရိုင် တပ်ရင်း (၆) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့မှ ပူးပေါင်း၍ လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေဥတင်းရင်းမြစ် Taze News က ဖော်ပြသည်။

ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်များ သေဆုံး ၊ ထိခိုက်ဒဏ်ရာရရှိမှု များပြားနိုင်ပြီး ကာကွယ်ရေး ပူးပေါင်းအဖွဲ့မှ ရဲဘော်များ အန္တရာယ်ကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်ပြီဆိုတဲ့ သတင်းဟာ သတင်းအမှားသာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူအချို့၊ မိတ်ဆွေအချို့ကပြောပါတယ်။