Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် စစ်ကောင်စီအားထားရသည်ဆိုသည့် ပြည်သူ့စစ်ခေါင်းဆောင် အသတ်ခံရ

ဦးထွန်းထွန်းဦးသည် စစ်ကောင်စီတပ်ကို အားကိုးသူဖြစ်ပြီး ညအချိန်တွင် စစ်တပ်ကုန်း၌ သွားအိပ်ပြီး မနက်တွင် အိမ်ပြန်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။ ယနေ့နံနက်တွင် အိမ်ပြန် လာစဥ် အနီးကပ်ပစ်ခတ်ခံရပြီး နေရာတွင်ပင်သေဆုံးသွားသည်ဟု သိရသည်။

ဖားကန့်တွင် စစ်ကောင်စီအားထားရသည်ဆိုသည့် ပြည်သူ့စစ်ခေါင်းဆောင် အသတ်ခံရ
ဖားကန့်တွင် စစ်ကောင်စီအားထားရသည်ဆိုသည့် ပြည်သူ့စစ်ခေါင်းဆောင် အသတ်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့တွင် စစ်ကောင်စီအဖွဲ့အားထားရသည်ဆိုသည့် ပြည်သူ့စ်ခေါင်းဆောင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။

ဖားကန့်မြို့ နန့်ယားကျေးရွာမှ ပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းထွန်းဦးကို ယနေ့ (စက်တင်ဘာ ၂၀ရက်) နံနက် ၇နာရီခွဲခန့်တွင် ဆိုင်ကယ်စီး သေနတ်သမားနှစ်ဦးက ပစ်သတ်သွားခြင်းဖြစ်သည်။

“ပစ်သွားတာတော့ တော်တော် စနစ်ကျတယ်။ အဲ့ဒီလူ(ဦးထွန်းထွန်းဦး)က စစ်တပ်ထဲသွားအိပ်ပြီး မနက်ဘက် အိမ်ပြန်လာချိန် အိမ်ရှေ့မှာ ပစ်သတ်သွားတာ။ သေနတ်ကိုပါ သိမ်းသွားတာဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဦးထွန်းထွန်းဦးသည် စစ်ကောင်စီတပ်ကို အားကိုးသူဖြစ်ပြီး ညအချိန်တွင် စစ်တပ်ကုန်း၌ သွားအိပ်ပြီး မနက်တွင် အိမ်ပြန်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။ ယနေ့နံနက်တွင် အိမ်ပြန် လာစဥ် အနီးကပ်ပစ်ခတ်ခံရပြီး နေရာတွင်ပင်သေဆုံးသွားသည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

“သူက စစ်တပ်ဖက်တော်တော် ယိမ်းတယ်။ စစ်တပ်ကလည်း သူ့ကို အားကိုးတယ်။ အခု ပစ်သတ်ခံလိုက်ရသလို သူ့သေနတ်ကိုပါယူသွားတာ”ဟု ဖားကန့်ဒေသ စစ်အာဏာရှင်တော်လှန်ရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

ဦးထွန်းထွန်းဦးပစ်သတ်ခံရသည့်အပေါ် စစ်ကောင်စီက အလွန်ဒေါသထွက်နေပြီး ယနေ့ နံနက်ပိုင်းမှစတင်ကာ နမ့်ယားစစ်တပ်ကုန်းမှနေ၍ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။