Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်စခန်းကိုဝင်သိမ်းရာမှာ လက်နက်ခဲယမ်းတွေနဲ့အတူ နှစ်ဦးအရှင်ဖမ်းမိခဲ့တယ်လို့ ဆို

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၇)ဦးသေဆုံးခဲ့ပြီး (၂)ဦး ဒဏ်ရာနဲ့ဖမ်းဆီးရခဲ့ပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရခဲ့တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ပါတယ်။

စစ်တပ်စခန်းကိုဝင်သိမ်းရာမှာ လက်နက်ခဲယမ်းတွေနဲ့အတူ နှစ်ဦးအရှင်ဖမ်းမိခဲ့တယ်လို့ ဆို
စစ်တပ်စခန်းကိုဝင်သိမ်းရာမှာ လက်နက်ခဲယမ်းတွေနဲ့အတူ နှစ်ဦးအရှင်ဖမ်းမိခဲ့တယ်လို့ ဆို

KNU တပ်မဟာ(၆)နယ်မြေအတွင်းရှိ စစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်က (၇)ဦး သေဆုံးပြီး နှစ်ဦးကို ဒဏ်ရာနဲ့ဖမ်းဆီးရခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်စခန်းကိုဝင်သိမ်းရာမှာ လက်နက်ခဲယမ်းတွေနဲ့အတူ နှစ်ဦးအရှင်ဖမ်းမိခဲ့တယ်လို့ ဆို
စစ်တပ်စခန်းကိုဝင်သိမ်းရာမှာ လက်နက်ခဲယမ်းတွေနဲ့အတူ နှစ်ဦးအရှင်ဖမ်းမိခဲ့တယ်လို့ ဆို

မနေ့ စက်တင်ဘာလ(၂၀)ရက်က ကေအဲန်ယူ-ဒူးပလာ ယာခရိုင် ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ ခြေကုတ်စခန်းဖြစ်တဲ့ ခမရ(၅၅၇)ကြိတ်စခန်းကို KNLA တပ်ရင်း(၁၈)နဲ့ ဒေါနစစ်ကြောင်း SOG ပူးပေါင်းတပ်ဖွဲ့တို့က မွန်းလွဲ(၂)နာရီ (၂)မိနစ်မှာ စတင်တိုက်ခိုက်ခဲ့ပြီး (၂)နာရီ (၁၉)မိနစ်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၇)ဦးသေဆုံးခဲ့ပြီး (၂)ဦး ဒဏ်ရာနဲ့ဖမ်းဆီးရခဲ့ပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရခဲ့တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ကြိတ်စခန်းကို ပြီးခဲ့တဲ့ ဩဂုတ်လ(၈)ရက်နေ့ကစပြီး KNLA ပူးပေါင်းအဖွဲ့က ရိက္ခာဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ကာ မနေ့ကတော့ စခန်းတစ်ခုကိုလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကျားမသောက်တပ်ရင်းထဲ AA ရဲလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသေအပျောက်ရှိ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။