Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်က ကျောင်းသားကလေးငယ်များအား သတ်ဖြတ်မှု GSCB ပြင်းထန်စွာရှုတ်ချ

စက်တင်ဘာ ၁၆ရက်တွင် ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာတွင် ဒေသခံများဖွင့်လှစ်ထားသော စာသင်ကျောင်းအား အကြမ်းဖက်စစ်အုပ်စုက စစ်ဆင်ရေးအဖြစ် ပစ်မှတ်ပြုလုပ်၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

လက်ယက်ကုန်းကျေးရွာ တိုက်ခိုက်ခံရမှု မြန်မာစစ်တပ်ကို ကုလအတွင်းအတွင်းရေးမှူးချုပ် ပြင်းထန်စွာကန့်ကွက်
လက်ယက်ကုန်းကျေးရွာ တိုက်ခိုက်ခံရမှု မြန်မာစစ်တပ်ကို ကုလအတွင်းအတွင်းရေးမှူးချုပ် ပြင်းထန်စွာကန့်ကွက်

အသက်ဆုံးရှုံးခဲ့ရသော ကလေးငယ်များအတွက် လူထုတရားခွင်၌ တရားစီရင်ကြရန် တိုက်တွန်းတောင်းဆို

အကြမ်းဖက် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားနေသော ကလေးငယ် ၁၃ဦး သေဆုံးခဲ့သည့်အပေါ် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ယမန်နေ့တွင် ထုတ်ပြန်သည်။

စက်တင်ဘာ ၁၆ရက်တွင် ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာတွင် ဒေသခံများဖွင့်လှစ်ထားသော စာသင်ကျောင်းအား အကြမ်းဖက်စစ်အုပ်စုက စစ်ဆင်ရေးအဖြစ် ပစ်မှတ်ပြုလုပ်၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

စာသင်ကျောင်းအတွင်း ပညာသင်ယူနေသည့် ကလေးငယ်များကို လက်နက်ကြီး၊ငယ်တို့ဖြင့် လူမဆန်စွာသတ်ဖြတ်ခဲ့၍ ပညာသင်ကြားနေသော ကလေးငယ် ၁၁ဦး သေဆုံးခဲ့ပြီး ကလေးငယ်အများအပြား အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အသက်အန္တရာယ်အတွက် စိတ်မချရသေးသည့် အနေအထား ဖြစ်နေသေးကြောင်း GSCBက ဆိုသည်။

ထို့အပြင် စစ်အုပ်စုသည် ဒဏ်ရာပြင်းထန်စွာ ရရှိနေသော ကလေးငယ်များ အပါအဝင် စာသင်ကျောင်းတွင် ပိတ်မိနေသော ကျောင်းသားများနှင့် ဆရာ၊ဆရာမ ၂၀ဦးခန့်အား မတရားဖမ်းဆီး၍ ရေဦးမြို့နယ်သို့ ပို့ဆောင်ခဲ့သည့်အတွက် ဖမ်းဆီးခံ ကလေးသူငယ်များနှင့် ဆရာ၊ ဆရာမများ၏ အသက်ဘေးအန္တရာယ်အတွက် များစွာစိုးရိမ်နေရကြောင်း GSCB က ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများက ယင်းကဲ့သို့ စာသင်ကျောင်းများအား စာသင်နေချိန် ပစ်မှတ်ထား တိုက်ခိုက်နေခြင်းသည် ကလေးသူငယ်များ၏ ပညာရေးအခွင့်အရေးကို ရမ်းကားစွာ ချိုးဖောက်နေခြင်း၊ လူအစုအလိုက်အပြုံလိုက် သတ်ဖြတ်သည့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

ထို့ကြောင့် လေကြောင်းမှရော၊ မြေပြင်မှပါ စာသင်ကျောင်းများနှင့် စာသင်ကြားနေသည့် ကလေးသူငယ်များအား စစ်ရေးပစ်မှတ်အဖြစ် ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်နေသော အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများအား ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာပြည်သူများမှ ပြည်သူများနှင့်အတူ လက်တွဲ၍ ရွံရှာစက်ဆုပ်စွာ ရှုတ်ချကြရန် GSCBက တိုက်တွန်းသည်။

အသက်ဆုံးရှုံးခဲ့ရသော၊ ဖမ်းဆီးခံနေကြရသော ကလေးသူငယ်များ၊ ဆရာ၊ ဆရာမများ တရားမျှတမှုရရှိစေရေးအတွက် လူထုတရားခွင်၌ တရားစီရင်ကြရေးဆောင်ရွက်နိုင်ရန် တာဝန်ရှိစွာ ကြိုးပမ်းဆောင်ရွက်ကြစေရန်နှင့် ညီညွတ်စွာ လက်တွဲတိုက်ပွဲဝင်ကြစေရန် GSCBက လေးနက်စွာဖြင့် တိုက်တွန်းတောင်းဆိုလိုက်သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်မှာမနေ့( စက်တင်ဘာလ ၈ ရက်)ညပိုင်း ၇ နာရီဝန်းကျင်က ကျောင်းသားအချင်းချင်း ဓားထိုးမှု ဖြစ်တာကြောင့် တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။