Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် ငါးကားပေါ်လိုက်ပါလာသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်

မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်တန်းများ ဖြတ်သန်းသွားတိုင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးယူနေသော စစ်ကောင်စီ တပ်သားများ၊ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးယူနေသော စစ်ကောင်စီ တပ်သားများ၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် ငါးများသယ်ဆောင်လာသည့် ယာဥ်ပေါ် လိုက်ပါလာသည့် စစ်ကောင်စီတပ်အား ပဒေသာမိုင်းများဖြင့်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD)က ထုတ်ပြန်သည်။

ယမန်နေ့(စက်တင်ဘာ ၂၀ရက်) ညနေ ၃နာရီခန့်က မြင်းမူမြို့တွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသည် မုံရွာမြို့ဘက်သို့ လိုက်ပါရန်အတွက် မြင်းမူမြို့ အနောက်ဖက်အထွက် မြို့ရှောင်လမ်း လမ်းဆုံသို့ ကန်တာယာဥ်ဖြင့် ရောက်ရှိလာခဲ့ကြသည်။

စစ်ကောင်စီတပ်သားများရောက်ရှိပြီး မကြာမီ ငါးများကိုသေတ္တာဖြင့် သယ်ဆောင်လာသည့် Light Truck (၁၂)ပေကား တစ်စီးဖြတ်သန်းမောင်းနှင်လာရာ အဆိုပါယာဥ်ကို စစ်ကောင်စီတပ်က တားဆီးပြီး ကားပေါ်တက်ကာ ငါးပုံးများပေါ်တွင်နေရာယူလျက် မုံရွာမြို့ဘက်သို့ စီးနင်းလိုက်ပါသွားခဲ့ကြောင်း၊ ထို့နောက် ၅မိနစ်ခန့်အကြာ ဝမ်းပြည့်ရွာနှင့် အလ္လကပ္ပရွာအကြား အရောက်တွင် မဟာမိတ်ညီနောင်များက ငါးလုံးတွဲ ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း PAFD၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး အဆိုပါစစ်ဆင်ရေးကို People’s Army to Fight Dictatorship အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD)တပ်ခွဲDK PDF-MMUနှင့်အတူ People’s Knight Defence Force(PKDF-MMU) ၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F-MMU စသောမဟာမိတ်အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ PAFDအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေအနေအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်တန်းများ ဖြတ်သန်းသွားတိုင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။