Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် ငါးကားပေါ်လိုက်ပါလာသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်

မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်တန်းများ ဖြတ်သန်းသွားတိုင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးယူနေသော စစ်ကောင်စီ တပ်သားများ၊ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးယူနေသော စစ်ကောင်စီ တပ်သားများ၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် ငါးများသယ်ဆောင်လာသည့် ယာဥ်ပေါ် လိုက်ပါလာသည့် စစ်ကောင်စီတပ်အား ပဒေသာမိုင်းများဖြင့်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD)က ထုတ်ပြန်သည်။

ယမန်နေ့(စက်တင်ဘာ ၂၀ရက်) ညနေ ၃နာရီခန့်က မြင်းမူမြို့တွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသည် မုံရွာမြို့ဘက်သို့ လိုက်ပါရန်အတွက် မြင်းမူမြို့ အနောက်ဖက်အထွက် မြို့ရှောင်လမ်း လမ်းဆုံသို့ ကန်တာယာဥ်ဖြင့် ရောက်ရှိလာခဲ့ကြသည်။

စစ်ကောင်စီတပ်သားများရောက်ရှိပြီး မကြာမီ ငါးများကိုသေတ္တာဖြင့် သယ်ဆောင်လာသည့် Light Truck (၁၂)ပေကား တစ်စီးဖြတ်သန်းမောင်းနှင်လာရာ အဆိုပါယာဥ်ကို စစ်ကောင်စီတပ်က တားဆီးပြီး ကားပေါ်တက်ကာ ငါးပုံးများပေါ်တွင်နေရာယူလျက် မုံရွာမြို့ဘက်သို့ စီးနင်းလိုက်ပါသွားခဲ့ကြောင်း၊ ထို့နောက် ၅မိနစ်ခန့်အကြာ ဝမ်းပြည့်ရွာနှင့် အလ္လကပ္ပရွာအကြား အရောက်တွင် မဟာမိတ်ညီနောင်များက ငါးလုံးတွဲ ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း PAFD၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး အဆိုပါစစ်ဆင်ရေးကို People’s Army to Fight Dictatorship အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD)တပ်ခွဲDK PDF-MMUနှင့်အတူ People’s Knight Defence Force(PKDF-MMU) ၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F-MMU စသောမဟာမိတ်အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ PAFDအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေအနေအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်တန်းများ ဖြတ်သန်းသွားတိုင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။